
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အထောက်အကူပစ္စည်းများ
ရန်ကုန်နှင့် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်တို့သို့ ဆက်လက်ရောက်ရှိ
====================================================
ရန်ကုန် အောက်တိုဘာ ၃၁
နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်များ၊ မဲရုံတာဝန်ကျဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ဖြန့်ဝေပေးမည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဝယ်ယူထားသောပစ္စည်းများ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ် တို့သို့ ယနေ့တွင် အထူးလေယာဉ်များဖြင့် ဆက်လက်ရောက်ရှိကြသည်။
ယနေ့ ရောက်ရှိသော ပစ္စည်းများမှာ KN95 Mask များ၊ Protective Face Mask များ၊ Medical Cap များ၊ Boots များနှင့် PPE Medical Protective clothing များဖြစ်ကြောင်း သိရသည်။
သတင်းစဉ်