
နေပြည်တော် အောက်တိုဘာ ၁၃
နိုင်ငံတော်အတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသ ရေးလုပ်ငန်းများအတွက် လိုအပ် သည့် အောက်ဆီဂျင်အရည်၊ အောက်ဆီဂျင်အိုးခွံ၊ အိမ်သုံး အောက်ဆီဂျင်စက်နှင့် အခြား ဆက်စပ်ပစ္စည်းများကို လေ ကြောင်း၊ ရေကြောင်းနှင့် နယ်စပ် ကုန်သွယ်ရေး စခန်းများမှ အဆင်ပြေချောမွေ့စွာ တင်သွင်း နိုင်ရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာနအနေဖြင့် အခြားဆက်စပ်ဌာန များနှင့် လိုအပ်သည်များ ပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများနှင့် မြဝတီ၊ ကန်ပိုက်တီးနှင့် ချင်းရွှေဟော် ကုန်သွယ်ရေးစခန်း သုံးခုတို့မှ တင်သွင်းရာ၌ ကုမ္ပဏီ နှစ်ခုမှ ယာဉ် စီးရေ ငါးစီးဖြင့် အောက်ဆီဂျင် (အရည်) Bowser ယာဉ်တစ်စီး တန် ၂၀၊ အောက်ဆီဂျင်(အိုးခွံ) ၁၇၁၃ ခု၊ အောက်ဆီဂျင်ထုတ် သည့်စက် ၁၂ ခုနှင့် နှာခေါင်းစည်း ၂၈ တန် တင်သွင်းခဲ့သည်။ အောက်ဆီဂျင်(အရည်)Bowser ယာဉ်တစ်စီးမှာ မြဝတီမှ ရန်ကုန် သို့ဖြစ်ပြီး အောက်ဆီဂျင်ထုတ် သည့်စက် ၁၂ ခုမှာ ဆိပ်ကမ်းမှ ရန်ကုန်သို့ ၁၀ ခုနှင့် ကန်ပိုက်တီး မှ မြစ်ကြီးနားသို့ နှစ်ခုဖြစ်ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကို ပြည်ပမှတင်သွင်း ရာတွင် နှောင့်နှေးကြန့်ကြာမှုမရှိ စေရေးအတွက် သက်ဆိုင်ရာဌာနများနှင့်ညှိနှိုင်းထားသည့် SOP များ နှင့်အညီ ဦးစားပေးတင်သွင်း ခွင့်ပြု ပေးလျက်ရှိကြောင်းနှင့် ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းခြင်းနှင့် သက်ဆိုင်သည့် အသိပေး ကြေညာချက်များကို လည်း အများပြည်သူသိရှိစေရန် ဝန်ကြီးဌာန ဝက်ဘ်ဆိုက်ဖြစ် သည့် commerce.gov.mm တွင် ဝင်ရောက် ကြည့်ရှုနိုင်ရေး စီစဉ် ဆောင်ရွက်ပေးထားကြောင်း သိရ သည်။
သတင်းစဉ်