ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း ရောဂါပိုးစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းစဉ်အရ တွေ့ရှိရမှုများနှင့် စပ်လျဉ်း၍ သတင်းထုတ်ပြန်ခြင်း

 

ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဆေးသုတေသနဦးစီးဌာန၊ ကုသရေးဦးစီးဌာန၊ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနတို့အနေဖြင့် တပ်မတော်ဆေးသုတေသန တပ်နှင့် ပူးပေါင်း၍ “ကိုဗစ်-၁၉ ရောဂါမျိုးရိုးဗီဇပြောင်း ရောဂါပိုးစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်း” ကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက် ရှိပါသည်။  

 


အဆိုပါလုပ်ငန်းစဉ်အရ   နယ်စပ်ဒေသ  ဝင်/ထွက်ဂိတ်များမှ တစ်ဆင့်လည်းကောင်း၊ ကယ်ဆယ်ရေးလေယာဉ် (Relief Flight) ဖြင့်လည်းကောင်း ပြည်ပနိုင်ငံများဖြစ်သည့် ထိုင်းနိုင်ငံ၊   စင်ကာပူ နိုင်ငံ၊ ယူအေအီးနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် မလေးရှား နိုင်ငံတို့မှ ပြန်လည်ရောက်ရှိလာသူများအနက် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူများထံမှ ဓာတ်ခွဲနမူနာ ၃၆ ခုအား  ရယူ၍   ကျန်းမာရေး ဝန်ကြီးဌာန၊  ကုသရေးဦးစီးဌာန၊ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနတွင် SARS-CoV-2 Variant Omicron Real Time PCR Testing နည်းဖြင့်  ဓာတ်ခွဲစစ်ဆေးခဲ့ရာ  SARS-CoV-2  Variant Omicron (အိုမီခရွန်) မတွေ့ရှိရကြောင်း   သတင်းထုတ်ပြန်အပ်ပါ သည်။                   


ကျန်းမာရေးဝန်ကြီးဌာန