ကိုဗစ်-၁၉ ရောဂါအတွက် ဆေးခါးကြီး (ငရုတ်ခါး) အစွမ်း

Type

ထိုင်းနိုင်ငံ၌   ကိုဗစ်-၁၉   ရောဂါကူးစက်မှု   ပြန်လည်ဖြစ်ပွားနေစဉ် ရှေ့ပြေးအစီအစဉ်အဖြစ် ရောဂါမပြင်းထန်သည့် ကိုဗစ်-၁၉ လူနာများ ကို ဆေးဖက်ဝင်အပင်ဖြစ်သော ဆေးခါးကြီး (ငရုတ်ခါး) ဖြင့် အသုံးပြု ကုသမှုကို   ၎င်းနိုင်ငံ၏ကျန်းမာရေးဝန်ကြီးဌာနက  ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ကတည်းက  စတင်၍  ခွင့်ပြုလိုက် ကြောင်း သိရသည်။ ထိုအပင်ဖြင့် ကုသမှုသည် ပြင်းထန်သောရောဂါ ကူးစက်ပျံ့နှံ့မှုကို လျော့ကျစေမည့်အပြင် ကုသမှုကုန်ကျစရိတ်လည်း လျှော့ချပေးနိုင်မည်ဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ ကျန်းမာရေးဝန်ကြီး ဌာနကပြောသည်။ သို့သော် ဆေးခါးကြီး   (ငရုတ်ခါး)   ဖြင့်ကုသမှုကို အစိုးရဆေးရုံငါးရုံတွင်သာ  ကနဦးရရှိဦးမည်ဖြစ်ကြောင်း ဝန်ကြီးဌာန ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


၎င်းဆေးဖက်ဝင်အပင်ဖြင့်  ကုသမှုခံယူမည့်သူသည်  အသက် ၁၈ - ၆၀ ကြားရှိသူဖြစ်ရမည့်အပြင် မိမိသဘောဆန္ဒအရ ကုသမှု ခံယူလိုသူလည်းဖြစ်ရမည်။  ထို့ပြင်   အခြားရောဂါအခံ   လက္ခဏာ မပြင်းထန်ဘဲ  ရောဂါကူးစက်ခံထားရကြောင်း အတည်ပြုပြီးနောက် ၇၂ နာရီအတွင်းကုသမှုကို ခံယူရမည်ဖြစ်ကြောင်း  သိရသည်။ အဆိုပါ အပင်မှ အဆီအနှစ်သည်  ကိုဗစ်-၁၉ ရောဂါကိုဖြစ်စေသည့် ဗိုင်းရပ်စ် ကိုထိန်းချုပ်နိုင်ကာ ပြင်းထန်သောရောင်ရမ်းမှုကို   လျော့ကျစေနိုင် ကြောင်း လေ့လာမှုများပေါ်မူတည်၍  ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ ရောဂါကူးစက်ခံရကြောင်း အတည်ပြုပြီးနောက် ၇၂ နာရီအကြာတွင် ထိုဆေးဖက်ဝင်အပင်ဖြင့်  ကုသမှုခံယူသူများသည် သုံးရက်အတွင်း  ကျန်းမာရေးအခြေအနေ  တိုးတက်လာကြောင်းနှင့် ဘေးထွက်ဆိုးကျိုးမရှိကြောင်း လက်တွေ့စမ်းသပ်မှုများတွင် တွေ့ရ သည်ဟု  ထိုင်းနိုင်ငံဆိုင်ရာကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။
ဆေးခါးကြီးပင်အကြောင်း သိကောင်းစရာ
ဆေးခါးကြီးပင် (ငရုတ်ခါး) သည် လယ်ပဒူမျိုးရင်း Acanthaceae ဖြစ်သည်။ ရုက္ခဗေဒအမည်မှာ Andrographis paniculata Nees ဖြစ်သည်။ အင်္ဂလိပ်လို The Creat, King of Bitters, Creyat root ဟု အမျိုးမျိုးခေါ်ကြသည်။  အရွက်ကိုစားကြည့်ပါက    အလွန်ခါးသည်။ ညအိပ်ရာဝင်ခါနီး ၎င်းအရွက်ကို စားကြည့်ပြီး နောက်တစ်နေ့နံနက် အိပ်ရာနိုးသည်အထိ  ပါးစပ်ထဲမှာ   ခါးနေသည်။    ထို့ကြောင့် ၎င်းကို အိန္ဒိယနိုင်ငံက “ဂျာဂရတ္တိ” ဟုခေါ်ကြပြီး   နိုးသည်အထိ  ခါးနေသည် ဟူသောအဓိပ္ပာယ်ဖြစ်ပါသည်။ မြန်မာပြည်တွင်မူ ငရုတ်ပင်နှင့် အလွန် ဆင်တူ၍ “ငရုတ်ခါး” ဟုခေါ်ကြသည်။ သို့သော် ငရုတ်ပင်မဟုတ်ပါ။ ရှမ်းဆေးခါးပင်လည်းမဟုတ်ပါ။


တစ်နှစ်ခံ ပင်ပျော့ပင်ငယ်မျိုးဖြစ်၍   ၁ - ၃  ပေအထိ မြင့်သည်။ ပင်စည်ပြောင်ချော၍ လေးထောင့်ပုံရှိသည်။  ရွက်ဆိုင်များ ထွက်ရှိကာ လှံသွားပုံအရွက်များဖြစ်ကြသည်။   ရွက်ထိပ်ရွက်ရင်း    ချွန်းသည် (ရွက်ရင်းသွယ်သည်)။  ရွက်နားညီ၍ ရွက်ပြားချောပြီး ပြောင်လက်သည်။ ရွက်ကြောထင်ရှားသည်။   အပွင့်မှာ    ခေါင်းလောင်းပုံသဏ္ဌာန်ရှိပြီး သေးငယ်၍ အဖြူရောင်ပေါ်တွင်  ခရမ်းရောင်၊ ပန်းရောင်အပြောက်လေး များရှိသည်။ တပေါင်း၊ တန်ခူးတွင်  အပွင့်ပွင့်သည်။  အသီးမှာရှည်၍ သေးငယ်သည်။ အခန်းနှစ်ခန်းပါသည်။  နုစဉ်  အမွေးအနည်းငယ်ရှိပြီး ရင့်လျှင်    ပြောင်ချောသည်။   ဝါဆို၊  ဝါခေါင်လတွင်  အသီးသီးသည်။ မြန်မာနိုင်ငံအောက်ပိုင်းတွင်   အများအပြားတွေ့ရသည်။    သဘာဝ အလျောက် ပေါက်ရောက်သည်။  အချို့မှာ  ဆေးဝါးအလို့ငှာ  အိမ်များ၏ ခြံစည်းရိုးများတွင် စိုက်ပျိုးထားသည်။ 
ဆေးဖက်ဝင် ဆေးခါးကြီးပင်
အရွက်နှင့်  ပဉ္စငါးပါးလုံး အသုံးဝင်သည်။ မြန်မာဆေးကျမ်းများ၏ အလိုအရ  “အေး၍   ခါးသောအရသာရှိ၏။    သလိပ်နှင့်သည်းခြေကို နိုင်၏။ အဆီမရှိ  လေကို  ပျက်စေတတ်၏။ ဝမ်းမီးကို တောက်စေ၏။ အဖျားကို ပယ်ဖျောက်စေတတ်၏။ ကလေးများအတွက် အထူးကောင်း ၏”ဟု ဖော်ပြထားသည်။
c    အရွက်ကို  အဖျားဖြတ်ဆေး၊  အဆိပ်ဖြေဆေး၊  သည်းခြေဆေး၊ လျှာပွတ်ဆေးတို့တွင် ထည့်သွင်းအသုံးပြုသည်။
c    ပဉ္စငါးပါးကို  အဖျားကျဆေး၊   အားတိုးဆေး၊   လေကြေဆေး အဖြစ် ဖော်စပ်အသုံးပြုသည်။
c    အရည်ကျိုသောက်ခြင်းဖြင့် ခေါင်းကိုက်ခြင်း၊  အစာမကြေခြင်း၊ ဝမ်းသက်ခြင်း၊ ဝမ်းကိုက်ခြင်း၊ လေထိုးခြင်းနှင့် အဖျားရောဂါ ကို ပျောက်ကင်းစေသည်။
c    ဆေးခါးကြီးရည်တွင် ဆီးဖြူ၊  ဖန်ခါး၊ သစ်ဆိမ့်သုံးမျိုး အမှုန့်ပြု ထည့်သောက်ပါက သွေးဖျဉ်း၊ လေဖျဉ်း၊  နူနာ၊ ခေါင်းကိုက်နှင့်        ဇက်ထိုးမူးဝေသောရောဂါများကို ပျောက်စေသည်။


c    အရွက်ကို  မီးအပူပေးအခြောက်ခံပြီးနောက်   အမှုန့်ပြုလုပ် သိမ်းထားပါ။ ၎င်းအရွက်မှုန့်ကို ငရုတ်ကောင်းစေ့ပမာဏ ခန့်  သောက်ပေးခြင်းဖြင့် သွေးတိုး၊ ဆီးချို၊ အကြောတက်၊ ခေါင်းကိုက်ဝေဒနာများကို သက်သာစေပါသည်။


မြွေဆိပ်ပြယ်စေရန်အတွက် ဆေးခါးကြီးအစွမ်း
မြေကိုက်ခံရလျှင် မြွေကိုက်ဒဏ်ရာ၏အထက်နားမှ  ကြိုးဖြင့် ကျပ်ကျပ်စည်းပေးခြင်းဖြင့်    မြွေဆိပ်များ    သွေးပြန်ကြောထဲသို့ မရောက်အောင် ကာကွယ်ပေးပါသည်။ ၎င်းနောက် ဓားသန့်သန့်ကို မီးကင်ပြီး အနာပေါက်ကို  ချဲ့ပေးပါ။  မြွေဆိပ်များ  ထွက်သွားစေရန် အတွက်  ပါးစပ်ဖြင့်စုပ်ကာ  ထွေးထုတ်ပါ (စုပ်ပေးသူ၏ ပါးစပ် တွင် အနာအဆာမရှိရပါ)။  ပြီးနောက်   လူနာကို    နီးစပ်ရာဆေးရုံ၊ ဆေးခန်းများသို့ ပို့ဆောင်ပေးရပါမည်။ ထိုသို့ ရှေးဦးသူနာပြုအချက် အလက်ပြုလုပ်ပြီးနောက် ဆေးခါးကြီးကိုသုံး၍  အောက်ပါနည်းဖြင့် မြွေဆိပ်ပြယ်စေရန် ကုသပေးနိုင်ပါသည်။

ဆေးခါးကြီးပင် (ခေါ်) ရှမ်းဆေးခါးကြီးပင် အခြောက်မှုန့် ထမင်း စားဇွန်းတစ်ဇွန်းကို ရေနွေးဆူဆူမတ်ခွက်ကြီးတစ်လုံးနှင့် ဖျော်ပါ။ မြွေကိုက်ခံရသူကို  လက်ဖက်ရေကြမ်းပန်းကန်နှင့် နှစ်လုံး၊ သုံးလုံး တိုက်ပေးပါ။ ဆေးခါးကြီးပင်အစိမ်းဖြစ်ပါက ဆေးပင်လက်တစ်ဆုပ် ကို ရေသန့်ဘူး သုံးဘူးထည့်၍ တစ်ဝက်ခန်းအောင်  ကျိုပြီးတိုက်ပါ။ မြွေကိုက်ခံရသူသည် ရေအလွန်ဆာသောကြောင့် ရေကျက်အေးအသင့် ထား၍  ဆေးရည်တစ်ဇွန်းခန့်သောက်ပြီး    ၎င်းရေကျက်အေးကို တိုက်ပါ။ ဆေးတန်ခိုးကြောင့်  မြွေဆိပ်ပြယ်ပြီး   စားသောက်ထား သောအစာများအားလုံး  အန်ထွက်သွားပါလိမ့်မည်။  အနာနေရာကို ဆေးမှုန့်အနည်းငယ်အား  နှမ်းဆီဖြင့်ဖျော်ကာ    ဒဏ်ရာပေါ်အုံ၍ စည်းထားပေးပါ။ သတိလစ်၍  သွေးအန်သောလူနာပင်    ပြန်လည် ကောင်းမွန်လာပါလိမ့်မည်။ ထို့နောက် နီးစပ်ရာဆေးရုံ၊ ဆေးခန်းသို့ ပို့ဆောင်ကုသရန် မမေ့ပါနှင့်။


အချုပ်အားဖြင့်ဆိုသော်  မာဓဝနိဒါန်းဆေးကျမ်းတွင်    ဝိသမ အဖျားအမျိုးမျိုးအတွက် ဆေးခါးကြီးပါဝင်သော  တိုင်းရင်းဆေးဖုံဖြင့် ဖော်စပ်အသုံးပြုထားသည်ကို  တွေ့ရသည်။ ယခုအချိန်အခါတွင် မြန်မာနိုင်ငံသာမက   ကမ္ဘာ့နိုင်ငံများ၌ အဖျားရောဂါကို  အခြေခံသည့် အသက်ရှူလမ်းကြောင်းဆိုင်ရာ   ကိုဗစ်-၁၉  ကပ်ရောဂါ  ကူးစက် ဖြစ်ပွားလျက်ရှိသည်။ ထိုရောဂါကို အနောက်တိုင်းဆေးဝါးများဖြင့် ကုသလျက်ရှိပြီး ကူးစက်မြန်ရောဂါဝေဒနာဖြစ်သောကြောင့် အလျှင်း ပျောက်ခြင်းငှာ မစွမ်းနိုင်သေးပေ။ ထိုင်းနိုင်ငံ၏ လက်တွေ့စမ်းသပ်မှု များအရ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရကြောင်း အတည်ပြုပြီးနောက် ၇၂ နာရီအကြာတွင် ဆေးခါးကြီးအပင်ဖြင့် ကုသမှုခံယူသူများသည်  သုံးရက်အတွင်း  ကျန်းမာရေးအခြေအနေ   တိုးတက်လာကြောင်းနှင့် ဘေးထွက်ဆိုးကျိုးမရှိကြောင်း ယင်းနိုင်ငံဆိုင်ရာ  ကျန်းမာရေးဝန်ကြီး ဌာနက ထုတ်ပြန်ထားသည်ကို  တွေ့ရသည်။ သို့ပါ၍  မိမိတို့နိုင်ငံတွင် လည်း  ဆေးခါးကြီးပင်ကို  တိုင်းရင်းဆေးပညာဖြင့် နည်းစနစ်ကျန သုတေသနပြုလုပ်အောင်မြင်ပါက တိုင်းပြည်အတွက်  လွန်စွာအကျိုး ရှိမည်ဖြစ်ပါသည်။    ယခုအခါ     ဆေးသုတေသနဦးစီးဌာနနှင့် တပ်မတော်ဆေးသုတေသနတပ်ဖွဲ့တို့    ပူးပေါင်းဆောင်ရွက်ကြိုးပမ်း လျက်ရှိကြောင်း သိရသဖြင့်  လွန်စွာအားရမိကြောင်းနှင့်  လက်ရှိ တိုင်းရင်းဆေးပညာဦးစီးဌာနရှိ ပရဆေးဥယျာဉ်ရှစ်ခု၌ ဆေးခါးကြီး အပင်များကို စိုက်ပျိုးထားသည်ကို တွေ့ရကြောင်း ရေးသားလိုက် ရပါသည်။      ။