
တိုကျို အောက်တိုဘာ ၇
အမေရိကန်ဆေးဝါးကုမ္ပဏီ Merck က ဂျပန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး သောက်ဆေးအမျိုး အစားကို ယခုနှစ်မကုန်မီ ထုတ်လုပ်ရန် ကြိုးပမ်း လျက်ရှိကြောင်း ဂျပန်နိုင်ငံရှိ အဆိုပါကုမ္ပဏီခွဲမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
သောက်ဆေးအမျိုးအစား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဂျပန်အစိုးရက သုံးစွဲရန် အတည် ပြုချက်ခွင့်ပြုပြီးနောက် ဂျပန်နိုင်ငံအတွင်း ထုတ်လုပ် ဖြန့်ချိသွားမည်ဖြစ်ကြောင်း Mersk ဆေးဝါးကုမ္ပဏီ အကြီးအကဲ ကီလီ တက်တေက ဆိုသည်။
ပထမအကြိမ် လက်တွေ့စမ်းသပ်ချက်များအရ molnupiravir သောက်ဆေးသည် ကိုဗစ်-၁၉ ရောဂါ ခုခံနိုင်စွမ်းရှိသည့်အပြင် ရောဂါလက္ခဏာပြင်းထန် စွာ ခံစားရမှုနှင့် သေဆုံးမှုနှုန်းကိုလည်း ထက်ဝက်ခန့် လျှော့ချပေးနိုင်ကြောင်း ၎င်းကပြောသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး သောက်ဆေးအမျိုးအစားကိုစောင့်ဆိုင်းနေသည့် ပြည်သူများ ရှိသည့်အတွက် အဆိုပါဆေးကို ထုတ်လုပ်ခြင်းဖြစ် ကြောင်းနှင့် ယခုနှစ်အတွင်း ပြည်သူ ၁၀ သန်း အတွက် အဆိုပါကာကွယ်ဆေးကို ထုတ်လုပ်သွားရန် စီစဉ်ထားကြောင်း Merck ဆေးဝါးကုမ္ပဏီအကြီးအကဲ ကီလီတက်တေက ဆိုသည်။ လာမည့်နှစ်အတွင်း ပြည်သူ သန်း ၂၀ အတွက် ကာကွယ်ဆေးများ ထပ်မံ ထုတ်လုပ်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောသည်။
ဂျပန်နိုင်ငံအတွင်း ရောဂါကူးစက်မှု ဆဋ္ဌမလှိုင်း မစတင်မီ အဆိုပါကာကွယ်ဆေးကို ဖြန့်ဖြူးနိုင်ရန် ရည်ရွယ်ထားသည်။
ကိုးကား- အင်န်အိတ်ချ်ကေ
ဘာသာပြန်- အောင်ကျော်ကျော်