
မိုးမခ
မြန်မာနိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ လူမှုဖူလုံရေးအဖွဲ့အနေဖြင့် ၁၉၅၆ ခုနှစ်တွင် စတင်၍ လူမှုဖူလုံရေးစီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။ လူမှုဖူလုံရေးအာမခံစနစ်အရ အလုပ်ရှင်နှင့် အလုပ်သမားတို့၏ ထည့်ဝင်ကြေးမှ စုဆောင်းရရှိသည့် လူမှုဖူလုံရေးရန်ပုံငွေဖြင့် အကျုံးဝင်အာမခံအလုပ်သမားတို့အတွက် လူမှုဖူလုံရေးအစီအစဉ်များ ချမှတ်ဆောင်ရွက်လျက် ရှိပါသည်။
၂၀၂၁ ခုနှစ် လူမှုဖူလုံရေးဥပဒေပါ လူမှုဖူလုံရေး အာမခံစနစ် ခြောက်မျိုးအနက် မြန်မာနိုင်ငံ၏ လူမှု စီးပွား ဖွံ့ဖြိုးတိုးတက်မှုအခြေအနေအရ အာမခံစနစ် နှစ်မျိုးဖြစ်သည့် ကျန်းမာရေးနှင့် လူမှုရေးစောင့် ရှောက်မှုအာမခံစနစ်နှင့် အလုပ်တွင် ထိခိုက်မှု အကျိုးခံစားခွင့် အာမခံစနစ်တို့ကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါသည်။ ယင်းအာမခံစနစ် နှစ်မျိုးအရ အလုပ်သမားလုပ်ခ လစာ၏ သုံးရာခိုင် နှုန်းကို အလုပ်ရှင်မှလည်းကောင်း၊ နှစ်ရာခိုင်နှုန်းကို အလုပ်သမားမှလည်းကောင်း ရန်ပုံငွေသို့ ထည့်ဝင် ၍အာမခံအလုပ်သမားတို့၏ လူမှုစီးပွားအခက်အခဲ ဖြစ်ချိန်၌ ငွေကြေး ထောက်ပံ့မှုပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်ပေး လျက်ရှိပါသည်။
ကိုဗစ်-၁၉ ရောဂါကာလအတွင်း ဆောင်ရွက်ချက်များ
ကိုဗစ်-၁၉ ရောဂါကြောင့် လူမှုရေး၊ စီးပွားရေး အပါအဝင် ကဏ္ဍပေါင်းစုံ၌ သက်ရောက်မှုများ ကြုံ တွေ့ခဲ့ရာ လူမှုဖူလုံရေးအဖွဲ့အနေဖြင့် စီးပွားရေး သက်ရောက်မှုအပေါ်ကုစားနိုင်ရန် နိုင်ငံတော်၏ ကိုဗစ်-၁၉ Fund သို့ လူမှုဖူလုံရေးရန်ပုံငွေမှ ကျပ် ဘီလီယံ ၅၀ အား ၆-၄-၂၀၂၀ ရက်နေ့တွင် ထည့် ဝင်ခဲ့ပြီး ၂၂-၇-၂၀၂၀ ရက်နေ့တွင် လူမှုဖူလုံရေး ရန်ပုံငွေသို့ ပြန်လည်လွှဲပြောင်း ရရှိခဲ့ပါသည်။ ထို့ပြင် ကိုဗစ်-၁၉ ရောဂါကြောင့် စီးပွားရေးလုပ်ငန်းများ ယာယီပိတ်သိမ်းခြင်း၊ အမြဲတမ်းပိတ်သိမ်းခြင်းနှင့် အလုပ်သမားများ လျှော့ချခြင်းများစသည်တို့ ကြောင့် အလုပ်ရှင်နှင့် အလုပ်သမားများ ထိခိုက်မှု များ ဖြစ်ပေါ်လာခြင်းများ လျော့နည်းသက်သာစေရန် နှင့် စီးပွားရေးလုပ်ငန်းများ ဆက်လက်ရပ်တည်နိုင် စေရန် ဖြေလျှော့ဆောင်ရွက်မှုများနှင့် ငွေကြေး ထောက်ပံ့ပေးမှုများအတွက် ဝန်ကြီးဌာနနှင့် လူမှု ဖူလုံရေးအဖွဲ့တို့မှ အမိန့်ကြော်ငြာစာများ၊ ညွှန်ကြား ချက်များနှင့် ရုံးအမိန့်စာများ ထုတ်ပြန်ဆောင်ရွက် ပေးလျက်ရှိပါသည်။
ဖြေလျှော့ဆောင်ရွက်ပေးလျက်ရှိ
ကိုဗစ်-၁၉ ရောဂါကြောင့် ပိတ်သိမ်းသွားသည့် အလုပ်ဌာနများမှ အလုပ်လက်မဲ့ဖြစ်သွားသော အာမခံအလုပ်သမားများအား ခြောက်လအထိ ဆေး ကုသမှုခံယူခွင့်နှင့် သတ်မှတ်ကာလများအတွက် ငွေကြေးအကျိုးခံစားခွင့်ပြုခြင်း၊ ထည့်ဝင်ကြေး ကာလကို သက်ဆိုင်ရာလကုန်ဆုံးပြီး လဆန်း ၁၅ ရက်အတွင်းပေးသွင်းရန် သတ်မှတ်ချက်အား သုံးလ အထိ နောက်ဆုတ်၍ ပေးသွင်းခွင့်ပြုခဲ့ပြီး ယခု အခါတွင် ခြောက်လအထိ နောက်ဆုတ်၍ ပေးသွင်း ခွင့်ပြုခြင်း၊ အလုပ်လက်မဲ့ကာလအတွင်း ဆေး ကုသမှုကို တစ်နှစ်အထိ တိုးမြှင့်ခံစားခွင့်ပြုခြင်း၊ အလုပ်လက်မဲ့ ဖြစ်သည့်နေ့မှစ၍ ဆေးဖိုးနှင့် ခရီး စရိတ်များကို တစ်နှစ်အထိ တိုးမြှင့်ခံစားခွင့်ပြုခြင်း တို့ကို ဖြေလျှော့ဆောင်ရွက်ပေးခဲ့ပါသည်။
ထိုမျှမက ပျက်ကွက်ကြေးများကိုလည်း ဖြေလျှော့ကင်းလွတ်ခွင့်ပြုခဲ့ရာ ၂၀၂၁ ခုနှစ် ဇန်နဝါရီ လမှ မေလအထိ စုစုပေါင်း ခန့်မှန်းငွေကျပ် ၇၇၅၁ ဒသမ ၅၀၆ သန်းကို ဖြေလျှော့ပေးနိုင်ခဲ့ပါ သည်။ အကြောင်းအမျိုးမျိုးကြောင့် အချိန်မီပေးသွင်း ရန် အခက်အခဲဖြစ်ပေါ်နေသည့် အလုပ်ဌာနများမှ ပျက်ကွက်ကြေးကင်းလွတ်ခွင့်ပြုရန် ထပ်မံတင်ပြ လာခြင်းအပေါ် လူမှုဖူလုံရေးအဖွဲ့မှ ပျက်ကွက်ကြေး အား ဘဏ္ဍာရေးနှစ် တစ်နှစ်လျှင်တစ်ကြိမ်၊ တစ်ကြိမ်လျှင် တစ်လစာကင်းလွတ်ခွင့်ပြုခဲ့ရာ ဌာနပေါင်း ၉၅၉ ဌာနတို့အတွက် ပျက်ကွက်ကြေး ငွေကျပ် ၁၆၅ ဒသမ ၄၉၈ သန်းကို ကင်းလွတ်ခွင့်ပြု ပေးခဲ့ပါသည်။
ကျန်းမာရေးစောင့်ရှောက်မှုပေးသည့် အခြေအနေ
လူမှုဖူလုံရေးအဖွဲ့အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် အလုပ်သမား ဆေးရုံကြီးများတွင် အထူးကုဆရာဝန်များ ပါဝင် သည့် Local Clinical Management Committee ဖွဲ့စည်းတာဝန်ပေးအပ်၍ လူမှုဖူလုံရေးအဖွဲ့ပိုင် ဆေးရုံ၊ ဆေးခန်းများ၏ ဆေးလိုအပ်ချက်များကို တွက်ချက်ပြီး ဆေးဝါးများ အသင့်ဖြစ်စေရေး စိစစ် ဆောင်ရွက်လျက်ရှိပါသည်။ လူမှုဖူလုံရေးအဖွဲ့ပိုင် ရန်ကုန်အလုပ်သမားဆေးရုံကြီးတွင် ယခုအချိန် အထိ ကိုဗစ်-၁၉ အတည်ပြုလူနာနှင့် သံသယလူနာ ၄၂၈ ဦး၊ မန္တလေးအလုပ်သမားဆေးရုံကြီးတွင် ကိုဗစ်-၁၉ အတည်ပြုလူနာနှင့် သံသယလူနာ ၉၇၃ ဦးနှင့် ရန်ကုန်မြို့ ထန်းတပင်အလုပ်သမားဆေးရုံ ကြီးတွင် ကိုဗစ်-၁၉ အတည်ပြုလူနာနှင့် သံသယ လူနာ ၇၅၄ ဦးကို ကုသပေးနိုင်ခဲ့ပါသည်။ ထန်းတပင် အလုပ်သမား ဆေးရုံကြီးတွင် ကိုဗစ်-၁၉ အတည်ပြု အာမခံအလုပ်သမားလူနာများကို လက်ခံထားရှိ ကုသနိုင်ရေး ထပ်မံတိုးချဲ့ ပြင်ဆင်ဆောင်ရွက်လျက် ရှိသည့်အပြင် ကိုဗစ်ကာလအတွင်း ရန်ကုန်တိုင်း ဒေသကြီးရှိ အလုပ်သမားဆေးရုံကြီးများ၌ အောက်ဆီဂျင်ပြတ်လပ်မှု မရှိစေရေးကိုလည်း ဆောင်ရွက်လျက်ရှိပါသည်။
လူမှုဖူလုံရေးအဖွဲ့ပိုင် ဆေးရုံ၊ ဆေးခန်းများနှင့် စာချုပ်ဆေးခန်းများတွင် အတွင်းလူနာ ၄၀၆၉ ဦး နှင့် ပြင်ပလူနာ ၁၀၂၀၁၀၂ ဦး စုစုပေါင်း ၁၁၂၄၁၇၁ ဦးတို့အား ကုသမှုပေးနိုင်ခဲ့ပါသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ စီစဉ်ဆောင်ရွက်ပေးမှုအရ ကိုဗစ်-၁၉ ကာကွယ်ဆေးများကိုလည်း ရန်ကုန် တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့ရှိ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများမှ အာမခံအလုပ်သမားများ အား ထိုးနှံပေးလျက်ရှိရာ ၆-၉-၂၀၂၁ ရက်နေ့အထိ အလုပ်ဌာန ၃၅၆၂ ဌာနမှ အာမခံအလုပ်သမား ၂၈၄၆၆၈ ဦးဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။
အသိပညာပေးခြင်းနှင့် ငွေကြေးအကျိုးခံစားခွင့်
များပေးအပ်
အသိပညာပေးလုပ်ငန်းများအနေဖြင့် လူမှု ဖူလုံရေးအဖွဲ့ပိုင် ဆေးခန်းများတွင် ကိုဗစ်-၁၉ ကာကွယ်ရေးနှင့် စပ်လျဉ်းသည့် လက်ကမ်းစာစောင် များ၊ ပိုစတာများ၊ ကာကွယ်ရေးသုံးပစ္စည်းများကို အချိန်နှင့် တစ်ပြေးညီ ဖြန့်ဖြူးဆောင်ရွက်နိုင်ခဲ့သလို ငွေကြေးထောက်ပံ့မှုနှင့် စပ်လျဉ်း၍လည်း ကိုဗစ်-၁၉ ကာလအတွင်း ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ ကိုဗစ်-၁၉ ရောဂါပြန့်ပွား မှုကို ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ယာယီပိတ် ထားသည့် စက်ရုံ၊ အလုပ်ရုံများရှိ အာမခံအလုပ် သမားများအား ၎င်းတို့ပေးသွင်းထားသည့် လုပ်ခ လစာ၏ ၄၀ ရာခိုင်နှုန်းကို လူမှုဖူလုံရေးထောက်ပံ့ ငွေအဖြစ်လည်းကောင်း၊ အရေးပေါ်ကာလအတွင်း စက်ရုံ၊ အလုပ်ရုံများအား မသမာသူများ၏ မီးရှို့မှု ကြောင့် ယာယီပိတ်သိမ်းထားသည့် လူမှုဖူလုံရေး အကျုံးဝင် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများမှ အလုပ်လက်မဲ့ဖြစ်သွားသော အာမခံအလုပ်သမား များအား ၎င်းတို့ပေးသွင်းထား သည့် လုပ်ခလစာ၏ ၄၀ ရာခိုင်နှုန်းကို လူမှုဖူလုံရေး ထောက်ပံ့ငွေအဖြစ် လည်းကောင်း ခွင့်ပြုထုတ်ပေး ခြင်း၊ လူမှုဖူလုံရေး အကျုံးဝင်အာမခံအလုပ်သမား ကိုယ်ဝန်ဆောင်မိခင်များအား လုပ်ငန်းခွင်သို့ မလာ ရောက်ရသည့် နေ့ရက်များအတွက် ဆေးခွင့် သတ်မှတ်၍ ရှစ်ပတ်မှ ၂၆ ပတ်အထိ ခွင့်ပြုပြီး မကျန်းမာမှုအကျိုးခံစားခွင့်အဖြစ် လုပ်ခလစာ၏ ၆၀ ရာခိုင်နှုန်းကို ခွင့်ပြုခြင်းအပြင် Quarantine ဝင်ရောက်ရသည့် အာမခံအလုပ်သမားများအား ဆေးခွင့်သတ်မှတ်၍ ငွေကြေးအကျိုးခံစားခွင့်အား လုပ်ခလစာ၏ ၆၀ ရာခိုင်နှုန်း ခွင့်ပြုခြင်းများကို ဆောင်ရွက်ပေးခဲ့ပါသည်။ ကိုဗစ်-၁၉ ကာလအတွင်း လူမှုဖူလုံရေးရန်ပုံငွေမှ လူမှုဖူလုံရေး ထောက်ပံ့ငွေ စုစုပေါင်း ငွေကျပ် ၇၀၈၈၃ ဒသမ ၄၄၄ သန်းကို ကူညီထောက်ပံ့ပေးနိုင်ခဲ့ပြီး မကျန်းမာမှုငွေကြေး အကျိုးခံစားခွင့် ၆၀ ရာခိုင်နှုန်းအဖြစ် ငွေကျပ် ၇၉၃ ဒသမ ၃၁၄ သန်းအား ခွင့်ပြုထုတ်ပေးနိုင်ခဲ့ပါသည်။
နိုင်ငံတော်၏ လုပ်ငန်းများကို အားဖြည့်ဆောင်ရွက်
လူမှုဖူလုံရေးအဖွဲ့အနေဖြင့် နိုင်ငံတော်အစိုးရနှင့် အလုပ်သမားဝန်ကြီးဌာနတို့၏ လမ်းညွှန်ချက်များ၊ သုံးပွင့်ဆိုင်ဖွဲ့စည်းထားသည့် အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့၏ ညှိနှိုင်းဆွေးနွေးချက်များ၊ နိုင်ငံ တကာစံနှုန်းများနှင့်အညီ လူမှုဖူလုံရေးစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ကိုဗစ်- ၁၉ ကာလအတွင်း အကျုံးဝင်အလုပ်သမားများ၏ လူမှုစီးပွားလိုအပ်ချက်များကို ဖြည့်ဆည်း ဆောင် ရွက်ပေးခြင်းဖြင့် နိုင်ငံတော်မှ ဆောင်ရွက်လျက်ရှိ သည့် လူမှုကာကွယ်စောင့်ရှောက်ပေးရေးလုပ်ငန်း များကို အားဖြည့်ဆောင်ရွက်လျက်ရှိပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။
- Log in to post comments