ကိုဗစ်အလွန်ကာလ ခရီးသွားကဏ္ဍဖွံ့ဖြိုးရေး ဝိုင်းဝန်းလက်တွဲ ဖော်ဆောင်ပေး

Type
1

 

မြင့်မြတ်သစ္စာ

နိုင်ငံတစ်နိုင်ငံ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုကိုဖော်ဆောင်ရာတွင် တိုင်းပြည်ဝင်ငွေ(National Income)သည် အရေးပါလျက်ရှိသည်။ တိုင်းပြည်ဝင်ငွေသည် ပြည်တွင်းမှရရှိသော ဝင်ငွေနှင့် ပြည်ပမှဝင်ရောက်သောဝင်ငွေဟူ၍ရှိရာ ခရီးသွားလုပ်ငန်းသည် ပြည်တွင်း၊ ပြည်ပ နှစ်ရပ်လုံးမှ ရရှိသောကြောင့် ခရီးသွားလုပ်ငန်း ဖော်ဆောင်ခဲ့သော ကမ္ဘာ့နိုင်ငံများတွင် ထိုနိုင်ငံ၏ ရိုးရာယဉ်ကျေးမှု၊ ရှေးဟောင်းအမွေအနှစ်၊ သဘာဝပတ်ဝန်းကျင်အလှအပနှင့် တီထွင်ဆန်းသစ်မှုတို့ကို ထုတ်ဖော်ပြသခြင်းမှ နိုင်ငံခြားဝင်ငွေရရှိခဲ့မှုကို တွေ့မြင်ရမည်ဖြစ်သည်။
အထူးသဖြင့် အရင်းအနှီး စိုက်ထုတ်ရန်မလိုဘဲ မီးခိုးတိတ်ဝင်ငွေအဖြစ်  ခရီးသွားလုပ်ငန်းမှ  ဝင်ငွေ ရရှိမှုသည် နိုင်ငံအသီးသီး၏  National Income ကို   အထောက်အပံ့ဖြစ်စေပြီး   ယခုလို  ကမ္ဘာ့ ကပ်ရောဂါကာလတွင်    ခရီးသွားကဏ္ဍအတွက် အကန့်အသတ်များရှိရာ ဆန်းသစ်သောဆွဲဆောင်မှု တို့ကိုဖော်ဆောင်နိုင်သည့်  နိုင်ငံတို့မှာ   နိုင်ငံခြား ဝင်ငွေရရှိလျက် ဒေသခံပြည်သူတို့မှာလည်း  အလုပ် အကိုင်အခွင့်အလမ်းနှင့်အတူ   ဝင်ငွေလည်း   ရရှိ လျက်ရှိသည်။
အားရဂုဏ်ယူဖွယ်လင်းရောင်ခြည်
ကမ္ဘာ့နိုင်ငံအသီးသီးတွင် ၂၀၂၀  နှစ်ဆန်းပိုင်း မှစ၍    ခရီးသွားလုပ်ငန်းများ   ကျဆင်းခဲ့ပြီး ကပ်ရောဂါအသွင်ကြုံတွေ့နေရသော ကိုဗစ်- ၁၉ ရောဂါ ကင်းစင်ပပျောက်ရန် ဝိုင်းဝန်းကြိုးပမ်းလျက် ရှိသည်။ ဥရောပနိုင်ငံအချို့နှင့် အာရှနိုင်ငံအချို့တွင် ကိုဗစ်- ၁၉ ရောဂါနှင့်ယှဉ်တွဲ၍ ခရီးသွားလုပ်ငန်းပြန်လည်ဦးမော့ရန် ကြိုးပမ်းနေကြသည့်နည်းတူ ခရီးသွားများ  နှစ်သက်ပျော်ရွှင်စေမည့်  ဆွဲဆောင်မှု မျိုးဖြင့်လည်း   ပြည်တွင်း၊ ပြည်ပ ခရီးသွားလုပ်ငန်း များ ပြန်လည်ရှင်သန်ရန် ကြိုးစားလျက်ရှိသည်။ ကိုဗစ်နှင့်ယှဉ်တွဲ၍ ခရီးသွားကဏ္ဍဖော်ဆောင်ခဲ့ သော နိုင်ငံများနှင့် ယခင်က ခရီးသွားများ  နှစ်ခြိုက် ခဲ့သော  အပန်းဖြေအနားယူရာ နေရာတို့၌ ကမ္ဘာ့ကပ်ရောဂါကြီးကင်းစင်ကြောင်း    ကြေညာပြီး မကြာမီကာလတွင်      ကမ္ဘာ့လှည့်ခရီးသွားတို့ဖြင့် ကြိတ်ကြိတ်တိုးစည်ကားလျက်  နိုင်ငံခြားဝင်ငွေနှင့် ဒေသတွင်းဝင်ငွေများ        တဖွဲဖွဲရရှိလာမည်မှာ အမှန်ပင်ဖြစ်သည်။ 
ထို့ကြောင့်     နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူများ၏      လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုကို တွေ့မြင်လိုသော  နိုင်ငံတော်အစိုးရက   အမျိုးသားခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး  ဗဟိုကော်မတီကို ဖွဲ့စည်း၍  မူဝါဒများနှင့် လမ်းညွှန်ချက်များ  ချမှတ် ကာ ခရီးသွားလုပ်ငန်း ပြန်လည်ရှင်သန်ဖွံ့ဖြိုးရေးနှင့် ရေရှည်တည်တံ့   ဖွံ့ဖြိုးရေးအတွက်   အကောင် အထည်ဖော်ဆောင်ရွက်မှုသည် အနာဂတ်   မြန်မာ နိုင်ငံ ခရီးသွားလုပ်ငန်းအတွက် အားရဂုဏ်ယူဖွယ် လင်းရောင်ခြည်ပင်ဖြစ်သည်။
မြန်မာနိုင်ငံမှ ပြည်တွင်းခရီးသွားတို့အနေဖြင့် ပင်လယ်ကမ်းခြေအပန်းဖြေခြင်းကို     နှစ်သက်ကြ သည့်နည်းတူ     တောင်ပေါ်သဘာဝရှုခင်းအလှ၊ တိုင်းရင်းသားတို့၏   ရိုးရာယဉ်ကျေးမှုနှင့်    ရိုးရာ အစားအစာတို့ကို      အထူးနှစ်သက်လေ့ရှိသည်။ နိုင်ငံခြားခရီးသွားတို့အနေဖြင့် ရိုးသားပွင့်လင်းပြီး စေတနာဖြူစင်သော     မြန်မာနိုင်ငံသားတို့ကို လေးစားချစ်ခင်မှုကြောင့်   ပန်းသတင်းလေညင်း ဆောင်သည့်ပမာ   မြန်မာနိုင်ငံ၏   သဘာဝအလှ တရားနှင့် တိုင်းရင်းသားတို့၏ ဖော်ရွေလှိုက်လှဲမှုကို နိုင်ငံတကာတွင် လက်ဆင့်ကမ်းပေးခြင်းဖြင့် မြန်မာ နိုင်ငံသို့   နိုင်ငံခြားခရီးသွားများ   တဖွဲဖွဲဝင်ရောက် ခဲ့သည်ကို ကိုဗစ်- ၁၉ ရောဂါမဖြစ်ပွားမီ ကာလအထိ တွေ့မြင်ကြရမည်ဖြစ်သည်။ 
ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသ ရေးတွင်   နိုင်ငံတစ်ဝန်း   ဟန်ချက်ညီညီ လက်တွဲ ဆောင်ရွက်မှုဖြင့် ရောဂါဖြစ်ပွားမှု ကျဆင်းလာပါက ခရီးသွားလုပ်ငန်း ဖော်ဆောင်နိုင်ခြင်းဖြင့် ပြည်တွင်း ပြည်ပ ခရီးသွားကဏ္ဍတွင် ဒေသတွင်းနိုင်ငံတို့ထက် နိုင်ငံခြားခရီးသွား  လာရောက်လည်ပတ်မှု၏  အသီး အပွင့်များကို ခံစားရရှိနိုင်မည်ဖြစ်သည်။
ခရီးသွားကျေးရွာဖော်ဆောင်ရေးစီမံကိန်း
အာဆီယံခရီးသွားလုပ်ငန်းများ      ပြန်လည် ပွင့်လန်းလာစေရန် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ဖိုရမ် များကျင်းပ၍     ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံအနေဖြင့်လည်း     ပြည်တွင်းခရီးသွား ကဏ္ဍ ပြန်လည်ဦးမော့လာစေရန် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးကဏ္ဍကို ဖော်ဆောင်လျက်ရှိရာ ယခုအခါ တိုင်းဒေသကြီးများနှင့် ပြည်နယ်အချို့၌ ကျေးလက် ကိုအခြေခံသော “ခရီးသွားကျေးရွာဖော်ဆောင်ရေး စီမံကိန်း”ကို  ဆောင်ရွက်လျက်ရှိသည်။    အဆိုပါ စီမံကိန်းတွင်     ပြည်တွင်းခရီးသွားများသာမက နိုင်ငံခြားခရီးသွားများပါ     နှစ်သက်စေမည့် ကျေးလက်ကိုအခြေခံသော တောင်ပေါ်ဒေသ ခရီး သွားလုပ်ငန်းများလည်း ပါဝင်သည်။   ထိုစီမံကိန်း တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့ရှိ ခရီးသွား များကို ဆွဲဆောင်နိုင်မည့် ကျေးလက်ခရီးသွားကဏ္ဍ ကို ဖော်ဆောင်ခြင်းဖြစ်ရာ  တောင်ပေါ်ဒေသဖြစ် သော  ရှမ်းပြည်နယ်လည်း  တစ်ခုအပါအဝင်   ဖြစ် သည်။ 
ရှမ်းပြည်နယ်မှ ခရီးစဉ်များ
ရှမ်းပြည်နယ်သည် ခရီးသွားရန်နေရာ  ပေါများ ပြီး ကိုဗစ်- ၁၉ ရောဂါမတိုင်မီက နှစ်စဉ် ပြည်တွင်း ပြည်ပခရီးသွားများ     လာရောက်လည်ပတ်ရာ ပြည်နယ်တစ်ခုလည်းဖြစ်ခဲ့သည်။ ရှမ်းပြည်နယ်တွင် ကိုဗစ်- ၁၉ ရောဂါကြောင့်   ခရီးသွားလုပ်ငန်းများ ကျဆင်းခဲ့မှုကို    ပြန်လည်ကုစားသည့်အနေဖြင့် “ရှမ်းပြည်နယ်  ခရီးသွားကျေးရွာဖော်ဆောင်ရေးစီမံကိန်း”ကို ဖော်ဆောင်ခဲ့ခြင်းဖြစ်သည်။ 
ကနဦးအနေဖြင့် တောင်ပေါ်သဘာဝအလှများ စုဝေးရာ   တိုင်းရင်းသားကျေးရွာ  ၁၀ ရွာကို စတင် ဖော်ဆောင်လျက်ရှိသည်။   တောင်ကြီးမြို့    လူရိုး တောင်ကျေးရွာတွင်ရှိသော  နောင်ဘိုကြာကန်၊ ဟိုပုံးမြို့      ကျောက္ကချားကျေးရွာတွင်ရှိသည့် ရှေးဟောင်းဘုန်းတော်ကြီးကျောင်း၊      ဆီဆိုင်မြို့ ပန်လွန်ကျေးရွာတွင်ရှိသော ကက္ကူဘုရားမှ ရေလမ်း အတိုင်းသွားရသည့် ရှမ်းဆန်စိုက်ပျိုးမှုနှင့် ရှမ်းရိုးရာ မုန့်ထုတ်လုပ်ရာနေရာ၊  ပင်းတယမြို့   တောကျယ် ကျေးရွာတွင်ရှိသော    ရေပြာအိုင်နှင့်  ရေတံခွန်၊ နောင်ချိုမြို့ ကျောက်တောကျေးရွာတွင်ရှိသော တိမ်ပင်လယ်၊ ကျိုင်းတုံမြို့ ဟိုကျင်းရွာတွင်ရှိသော အာခါတိုင်းရင်းသားကျေးရွာ၊      တာချီလိတ်မြို့ ဟွေရုန်းကျေးရွာတွင်ရှိသော     အာခါတိုင်းရင်းသား ကျေးရွာ၊ နမ့်စန်မြို့ ကုန်းလမ်းကျေးရွာတွင်ရှိသော ယင်းတိုင်းရင်းသားကျေးရွာ၊   မိုးနဲမြို့   လွိုင်လင် ကျေးရွာတွင်ရှိသော    ရှေးဟောင်းဘုန်းတော်ကြီး ကျောင်းနှင့်  ကွန်ဟိန်းမြို့  ဆိုင်းမွန်းကျေးရွာတွင် ရှိသည့် ပလောင်တိုင်းရင်းသားကျေးရွာတို့၌ ရှမ်း ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ် ရန်ပုံငွေမှ ကျေးရွာတစ်ရွာလျှင် ငွေကျပ်သိန်း ၈၀၀ သုံးစွဲ၍  စီမံကိန်းကို ဖော်ဆောင်လျက်ရှိသည်။
အခြေခံအဆောက်အအုံ တည်ဆောက်ခြင်း
အဆိုပါ ခရီးသွားကျေးရွာဖော်ဆောင်ရေးတွင် သက်ဆိုင်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများက အခြေခံအဆောက်အအုံ တည်ဆောက် ခြင်းလုပ်ငန်းနှင့် ရှမ်းပြည်နယ် ဟိုတယ်နှင့် ခရီး သွားညွှန်ကြားမှုဦးစီးဌာနက     ခရီးသွားလုပ်ငန်း ဈေးကွက်မြှင့်တင်ခြင်းနှင့်      ခရီးသွားလုပ်ငန်း သင်တန်းပို့ချခြင်းတို့ကို       ဆောင်ရွက်မည်ဖြစ်သည်။
အခြေခံအဆောက်အအုံ   တည်ဆောက်ခြင်း လုပ်ငန်းတွင် ကျေးရွာအလိုက်  ခရီးသွားအခြေခံ လိုအပ်ချက်များဖြစ်သော      ကျေးရွာရေရရှိရေး၊ ကျေးလက်လမ်းပြုပြင်ခြင်း၊     သန့်စင်ခန်းများ တည်ဆောက်ခြင်း၊ စက်လှေဆိပ်နှင့် ယာဉ်ရပ်နားရန်   နေရာများတည်ဆောက်ခြင်း၊   အမှတ်တရပစ္စည်း အရောင်းဆိုင်များ   တည်ဆောက်ခြင်း၊    သတင်း ပြန်ကြားရေးနေရာများ တည်ဆောက်ခြင်း၊  ရိုးရာ လက်မှုပညာများနှင့်     ဒေသအစားအစာများ   လက်တွေ့ပြသမည့်ပြခန်းများ ပြင်ဆင်ခြင်း၊  ရှုခင်း ကြည့်ရှုမည့် View point နေရာများ တည်ဆောက် ခြင်း၊   စွန့်ပစ်အမှိုက်နေရာများ   ဆောင်ရွက်ခြင်း၊ ခရီးသွားများကို      ဆွဲဆောင်နိုင်မည့်ကဏ္ဍများ ဖော်ဆောင်ခြင်းတို့ ပါဝင်သည်။
ခရီးသွားလုပ်ငန်း ဈေးကွက်မြှင့်တင်ခြင်း
ခရီးသွားလုပ်ငန်းသင်တန်းများ    ပို့ချမှုတွင် လည်း ကိုဗစ်- ၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးသင်တန်း၊ကျေးရွာလူထုအတွက် ခရီးသွားလူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး ရေးသင်တန်းများဖြစ်သည့် ခရီးသွားလုပ်ငန်းအခြေခံ သင်တန်းများ၊ ရှေးဦးသူနာပြုစုနည်းသင်တန်းများ၊ ကျေးရွာလူငယ်များအတွက်      အခြေခံဓာတ်ပုံ သင်တန်းများ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသင်တန်းများ၊     ရိုးရာအစားအစာထုတ်လုပ်ရေး သင်တန်းများနှင့် စနစ်တကျ  အမှိုက်စွန့်ပစ်နည်းသင်တန်းတို့ကိုလည်းကောင်း၊   ခရီးသွားလုပ်ငန်း ဈေးကွက်မြှင့်တင်ခြင်းများဖြစ်သော     ကြော်ငြာ ဓာတ်ပုံနှင့် ဗီဒီယိုရိုက်ကူးခြင်း၊ 3D photo များ ရိုက်ကူးခြင်း၊   မြေပုံနှင့်   လက်ကမ်းစာစောင်များ ထုတ်ဝေခြင်း၊ ခရီးသွားကုမ္ပဏီများကို ဖိတ်ခေါ်၍ FAM Trip   ဆောင်ရွက်ခြင်းတို့ကိုလည်းကောင်း အကောင်အထည်ဖော်ဆောင်ရွက်သွားမည်    ဖြစ် သည်။
အကျိုးကျေးဇူးများ 
ပြည်တွင်းခရီးသွားကဏ္ဍ  ပြန်လည်ဦးမော့လာ စေရန်  ကျေးလက်ကိုအခြေခံသည့် ခရီးသွားကျေးရွာများဖော်ဆောင်မှုသည် ကိုဗစ်လွန်ကာလတွင် နိုင်ငံ၏ခရီးသွားလုပ်ငန်း အရှိန်အဟုန်မပြတ် လည် ပတ်မှုကို    အထောက်အပံ့ဖြစ်စေခြင်း၊ နိုင်ငံတော် နှင့် ဒေသခံပြည်သူတို့   ဝင်ငွေမပြတ်ရရှိစေခြင်း၊ ကျေးလက်နေပြည်သူတို့၏ အလုပ်အကိုင် အခွင့် အလမ်းနှင့် အသိပညာဗဟုသုတများ ရရှိလာခြင်း၊  လူမှုစီးပွားဘဝများ  တိုးတက်မြင့်မားလာခြင်း၊ မိမိတို့ရိုးရာဓလေ့နှင့် ယဉ်ကျေးမှုကို မြတ်နိုးထိန်းသိမ်းလိုသောစိတ်များ တိုးပွားလာခြင်းနှင့်  မြို့ပြမှ ကျေးလက်သို့    ခရီးသွားလုပ်ငန်းပျံ့နှံ့၍    ခရီးသွား အရင်းအမြစ်များကို  အသုံးချကာ   ကျေးလက်ခရီး သွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာခြင်း  စသောအကျိုး ကျေးဇူးများကို ရရှိစေမည်ဖြစ်သည်။
အတုယူစရာ ခရီးသွားအစီအစဉ်
ကိုဗစ်- ၁၉ ကမ္ဘာ့ကပ်ရောဂါကို ကြုံတွေ့နေရ ချိန်မှာပင်   ကမ္ဘာ့နိုင်ငံအချို့၌   ခရီးသွားကဏ္ဍကို ဖော်ဆောင်လျက်ရှိရာ   ရှေးဟောင်းအမွေအနှစ် များစွာရှိသော    အီတလီနိုင်ငံ၏   တောင်ပိုင်း    စံမော်လီဆယ်ဒေသ   စံကျော်ဗားနီးအင်ဂါဒိုမြို့၌ ကိုဗစ်ကာလ ထူးခြားသော    ခရီးသွား  အစီအစဉ် တစ်ရပ်ကို ဖော်ဆောင်လျက်ရှိသည်။ ယင်းခရီးစဉ် အရ အဆိုပါ  မြို့ခံတို့၏နေအိမ်များတွင်    အခမဲ့ တည်းခိုနေထိုင်နိုင်ပြီး    မြို့၏သမိုင်းကြောင်း၊   ရိုးရာယဉ်ကျေးမှု၊ စာပေတို့ကို မြို့ခံတို့က  ရှင်းပြကာ တောင်ပေါ်ဒေသနှင့်  ပင်လယ်ပြင်၏   သဘာဝရှုခင်း အလှကို    ကြည့်ရှုခံစားနိုင်မည်ဖြစ်သည်။
ယင်းခရီးစဉ်အတွက်  ပထမအကြိမ် ခရီးသွား များကို ဇူလိုင် ၄ ရက်မှ အောက်တိုဘာ ၃ ရက်အထိ လူဦးရေအကန့်အသတ်ဖြင့် အွန်လိုင်းမှ ဖိတ်ခေါ် ခဲ့ရာ အာရှအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးမှ ခရီး သွားအပန်းဖြေမှုကိုနှစ်သက်သော ခရီးသွား ၈၀၀၀ ကျော်   လျှောက်ထားခဲ့ပြီး   ပထမအကြိမ်အဖြစ် ပြည်ပနိုင်ငံများမှ ခရီးသွား ၂၅၀ ကို စတင်လက်ခံကာ အကောင်အထည်ဖော်ခဲ့သည်။ ယခုအခါ အောင်မြင် မှုများရရှိလျက်  ကျန်သောခရီးသွားများ လည်ပတ် နိုင်ရန်   ဆက်လက်အကောင်အထည်ဖော်လျက် ရှိသည်။
ကိုဗစ်-  ၁၉ ရောဂါ ကြုံတွေ့နေရသော်လည်း ကိုဗစ်နှင့်အတူ ခရီးသွားကဏ္ဍကို ပုံစံသစ်အသွင်ဖြင့် ဖော်ဆောင်နိုင်မှုကြောင့် ဒေသခံများလည်း ဝင်ငွေ ရရှိခဲ့ကြသည်။   ဒေသခံတို့၏   လှိုက်လှဲဖော်ရွေစွာ ကြိုဆိုမှု၊   သတ်မှတ်နေအိမ်များတွင် အခမဲ့ တည်းခို နေထိုင်နိုင်မှု၊    မြို့ခံတို့စုပေါင်း၍   ခရီးသွားများကို ထူးခြားသောရိုးရာဟင်းလျာဖြင့် တစ်ပတ်တစ်ကြိမ် ညစာတည်းခင်းဧည့်ခံမှုတို့ဖြင့်    ဆန်းသစ်သော ခရီးသွားကဏ္ဍအောင်မြင်မှုအဖြစ် တွေ့မြင်ရသည် မှာ ဝမ်းမြောက်အတုယူဖွယ်ပင်ဖြစ်သည်။ 
ဝိုင်းဝန်းဖော်ဆောင်ကြပါစို့
မြန်မာနိုင်ငံသည်   ပင်လယ်ကမ်းရိုးတန်း၊ မြေပြန့်ဒေသ၊ တောင်ပေါ်ဒေသတို့ဖြင့် သဘာဝအလှ တို့ဖုံးလွှမ်းနေသော  နိုင်ငံတစ်နိုင်ငံဖြစ်ပြီး သယံ ဇာတပေါကြွယ်ဝသည့်အပြင် ရှေးဟောင်းယဉ်ကျေး မှုအမွေအနှစ်တို့စုဝေးရာ နေရာဖြစ်သောကြောင့် ကမ္ဘာ့နိုင်ငံများနည်းတူ မြန်မာနိုင်ငံအနေဖြင့်လည်း ခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့လာစေရန် အခွင့် အလမ်းများစွာ စောင့်ကြိုလျက်ရှိသည်။  ထိုသို့ ခရီး သွားကဏ္ဍကို ဖော်ဆောင်ခြင်းသည် နိုင်ငံတော်နှင့် နယ်စပ်ဒေသများ   ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အပံ့ကောင်းများရရှိစေပြီး    တိုင်းပြည် ဝင်ငွေနှင့်အတူ   ခရီးသွားများ    ဝင်ရောက်ရာ ကျေးလက်၊  မြို့ပြများနှင့်  ခရီးလမ်းတစ်လျှောက် တွင်ရှိသော ဒေသခံပြည်သူတို့၏ လူမှုစီးပွားဘဝများ တိုးတက်မှုနှင့်    ဟိုတယ်နှင့်    ခရီးသွားကဏ္ဍ၏ နယ်ပယ်အသီးသီးတွင်ရှိသော ဆက်စပ်လုပ်ငန်းများ အရှိန်မပြတ်လည်ပတ်မှုကို တွန်းအားတစ်ရပ်ရရှိစေ မည်ဖြစ်သည်။
ယခုကာလတွင် ကျေးလက်ကို အခြေခံသော ခရီးသွားကဏ္ဍ ဖော်ဆောင်ထားမှုသည် ကိုဗစ် အလွန်ကာလတွင် မြန်မာနိုင်ငံ၏ အနာဂတ်ခရီးသွား လုပ်ငန်းကို အရှိန်ရရှိစေမည်ဖြစ်သည်။   ထို့ကြောင့် ကမ္ဘာ့နိုင်ငံများနည်းတူ ကိုဗစ်- ၁၉ ရောဂါ ရင်ဆိုင် နေရချိန်တွင် မြန်မာနိုင်ငံ၏ ခရီးသွားကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးကို နိုင်ငံတော်က “ခရီးသွားကျေးရွာဖော်ဆောင်ရေးစီမံကိန်း”   ဖြင့်  ဖော်ဆောင်ရာ၌ ပါဝင်သော   တိုင်းဒေသကြီးနှင့်    ပြည်နယ်များအနေ ဖြင့် မိမိတို့ဒေသတွင် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေပြီး ခရီးသွားလုပ်ငန်းမှ ဝင်ငွေရရှိစေမည့် အခွင့်အလမ်းတစ်ရပ်ကို လက်လွှတ်မခံဘဲ လက်တွဲ ညီညီ    ဟန်ချက်ညီညီဖြင့်    ဝိုင်းဝန်းဖော်ဆောင် ကြပါစို့ဟု တိုက်တွန်းရေးသားအပ်ပါသည်။      ။