
နေပြည်တော် ဇူလိုင် ၂၅
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ပျဉ်းကတိုးကုန်းကျေးရွာ အုပ်စု၊ ကျောက်တန်းကလေး ကျေးရွာ အနီးတွင် ဇူလိုင် ၂၃ ရက် နံနက် ပိုင်းက လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အကြမ်းဖက်သမားများ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကာ လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပျဉ်းကတိုးကုန်း ကျေးရွာမှ ပြည်သူ ခြောက်ဦး သေဆုံးခဲ့ပြီး ၁၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်းနှင့် ပိန္နဲကုန်းကျေးရွာ မှ ပြည်သူ ငါးဦးကိုလည်း လုံခြုံ ရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးထား သည်ဟု သတင်းတု၊ သတင်း အမှားများကို တရားမဝင်ပြည်ဖျက် မီဒီယာများက အထင်အမြင်လွဲ မှားဖွယ် လုပ်ကြံရေးသားထား သည်ကို တွေ့ရသည်။
ဖြစ်စဉ်အမှန်မှာ ကျိုက်ထို မြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိသည့် လုံခြုံ ရေးတပ်ဖွဲ့ဝင်များက ဇူလိုင် ၂၃ ရက် နံနက်ပိုင်းတွင် ကျောက်တန်း ကလေးကျေးရွာ၏ အရှေ့မြောက် ဘက် မီတာ ၈၀၀ ခန့် အကွာသို့ ရောက်ရှိစဉ် အကြမ်းဖက်သမား များက လက်နက်ကြီး၊ လက်နက် ငယ်များဖြင့် စတင်ပစ်ခတ်ခဲ့ ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ သည့်အတွက် အကြမ်းဖက်သမား များ ဆုတ်ခွာထွက်ပြေးသွားခဲ့ ကြောင်း၊ ထို့နောက် အကြမ်းဖက် သမားများ ပစ်ခတ်တိုက်ခိုက်ခဲ့ သည့်နေရာ အနီးတစ်ဝိုက်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေ ရှင်းလင်းခဲ့ရာ တရားမဝင်သယံ ဇာတများ တူးဖော်ရာတွင် အသုံး ပြုမည့် ဘက်ဟိုးယာဉ် တစ်စီး ကို သိမ်းဆည်းရမိခဲ့ကြောင်း၊ ထိုသို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ပြည်သူများ ထိခိုက်သေဆုံးမှု မရှိကြောင်းနှင့် ပြည်သူများကို ဖမ်းဆီးခြင်းများလည်း မရှိကြောင်း လုံခြုံရေးတာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။
အဆိုပါ အကြမ်းဖက်သမား များသည် ၎င်းတို့ ဆက်လက် ရပ်တည်နိုင်ရေးအတွက် ပြည်သူ များထံမှ အတင်းအဓမ္မ ငွေကြေး တောင်းခံခြင်း၊ မူးယစ်ဆေးဝါးများ ရောင်းချခြင်းနှင့် သဘာဝသယံ ဇာတများကို တရားမဝင်တူးဖော် ရောင်းချခြင်းများ ဆောင်ရွက် လျက်ရှိရာ ယခုဖြစ်စဉ်တွင်လည်း ၎င်းတို့၏ ဥပဒေမဲ့လုပ်ရပ်များကို ဖုံးကွယ်ရန်အတွက် သတင်းတု၊ သတင်းအမှားများဖြင့် အများ ပြည်သူကို ဝါဒဖြန့်ဝေနေခြင်းသာ ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်