ကိုလံဘီယာနိုင်ငံ၏ အလိုရှိဆုံး မူးယစ်ရာဇာအား ဖမ်းဆီးရမိ

ဘိုဂိုတာ အောက်တိုဘာ ၂၄


ကိုလံဘီယာနိုင်ငံ၏   အလိုရှိဆုံး  မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူနှင့်   နိုင်ငံ၏အကြီးဆုံး ရာဇဝတ်ဂိုဏ်းခေါင်းဆောင် ဒိုရိုအန်တိုနီယိုယူဆူဂါ အား ဖမ်းဆီးရမိပြီဖြစ်ကြောင်း ယနေ့သတင်းများအရ သိရသည်။


အိုတိုနီယယ်ဟု လူသိများသည့် ဒိုရိုအန်တိုနီယို ယူဆူဂါအား ကိုလံဘီယာကြည်းတပ်၊ လေတပ်နှင့် ရဲတပ်ဖွဲ့ဝင်များက  ယမန်နေ့တွင် ပူးပေါင်းစစ်ဆင်ရေး ပြုလုပ်ကာ ရှာဖွေခဲ့ပြီးနောက် ဖမ်းဆီးရမိခဲ့ခြင်းဖြစ် သည်။


ကိုလံဘီယာအစိုးရသည် ဒိုရိုအန်တိုနီယိုယူဆူဂါ နေထိုင်သည့်နေရာအား သတင်းပေးပါက ဆုကြေး ငွေအဖြစ် အမေရိကန်ဒေါ်လာ ၈၀၀၀၀၀ (ပေါင် ၅၈၂၀၀၀)ပေးမည်ဟု ကမ်းလှမ်းထားကြောင်းလည်း သိရသည်။ ဒိုရိုအန်တိုနီယိုယူဆူဂါအား ဖမ်းဆီးရမိခဲ့ သည့်အတွက် ချီးကျူးပါကြောင်းလည်း ကိုလံဘီယာ သမ္မတ အီဗန်ဒူကေးက ရုပ်မြင်သံကြားမှ ထုတ်လွှင့် သည့်  ဗီဒီယိုသတင်းစကားတစ်ခုတွင်  ပြောကြား သည်။


ဒိုရိုအန်တိုနီယိုယူဆူဂါအား ပနားမားနယ်စပ် အနီး   ကိုလံဘီယာနိုင်ငံ  အနောက်မြောက်ပိုင်းရှိ အန်တီယိုကွီယာပြည်နယ်၌    ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ဒိုရိုအန်တိုနီယိုယူဆူဂါအား ဖမ်းဆီးရန် ပူးပေါင်းစစ်ဆင်ရေးတွင် ရဟတ်ယာဉ် ၂၂ စင်း၊ တပ်ဖွဲ့ဝင် ၅၀၀ ပါဝင်ကြောင်းနှင့် ရဲအရာရှိ တစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။ 


ကိုးကား - ဘီဘီစီ၊ ဘာသာပြန် - အလင်းသစ်