ကျိုင်းတုံ - မိုင်းခုတ် - မိုင်းဆတ် ကားလမ်းတွင် မော်တော်ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ ပေ ၁၀၀၀ ခန့်အနက်ရှိ ချောက်ထဲထိုးကျ၍ ငါးဦးသေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရ

 

ကျိုင်းတုံ    ဖေဖော်ဝါရီ ၁၁


ရှမ်းပြည်နယ်     (အရှေ့ပိုင်း) ကျိုင်းတုံမြို့၏ တောင်ဘက် ၁၂ မိုင်ခန့်အကွာ ကျိုင်းတုံ-မိုင်းခုတ်-မိုင်းဆတ်ကားလမ်း    မိုင်တိုင် အမှတ် (၁၄/၂)နှင့် (၁၃/၃)အကြား တွင် ဖေဖော်ဝါရီ  ၁၀  ရက်က  မော်တော်ယာဉ်တစ်စီး    အရှိန် မထိန်းနိုင်ဘဲ   ချောက်ထဲထိုးကျ ခဲ့ကြောင်း သိရသည်။

 


ဖြစ်စဉ်မှာ     မိုင်းဆတ်မြို့ ဘက်မှ     ကျိုင်းတုံမြို့ဘက်သို့ ယာဉ်မောင်း စံမြတ် (၄၅ နှစ်)၊ မိုင်းဆတ်မြို့နယ်    ဝမ်ဟုန်ရွာ နေသူ  မောင်းနှင်သည့်     SHN  8k/---- REGO  မော်တော်ယာဉ် သည် ကျိုင်းတုံမြို့နယ် မိုင်းခွန် ကျေးရွာအုပ်စု    ပန်လီကျေးရွာ အနီးတွင်    အရှိန်မထိန်းနိုင်ဘဲ ပေ ၁၀၀၀ ခန့်အနက်ရှိ ချောက်ထဲ ထိုးကျတိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ ယာဉ်ပေါ်ပါသူ ၁၁ အနက် ငါးဦး သေဆုံးပြီး ခုနစ်ဦး ထိခိုက်ဒဏ်ရာ (စိုးရိမ်ရ)ရရှိခဲ့ကြောင်းသိရသည်။

 


အဆိုပါဖြစ်စဉ်နှင့် ပတ်သက် ၍     ကျိုင်းတုံမြို့မရဲစခန်းက အမှုဖွင့်အရေးယူ    ဆောင်ရွက် ထားကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)