ကျိုင်းတုံမြို့၌ အမျိုးသမီးသုံးဦး အသတ်ခံရမှုဖြစ်ပွား

 

ကျိုင်းတုံ    ဒီဇင်ဘာ ၁၁


ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့ အမှတ်(၂)ရပ်ကွက် ကျိုင်းငင်း(၁)လမ်းရှိ  နေအိမ်တစ်အိမ်၌  ဒီဇင်ဘာ ၁၀ ရက်က  အမျိုးသမီး သုံးဦး အသတ်ခံရကြောင်း သိရသည်။

 


ဖြစ်စဉ်မှာ ကျိုင်းတုံမြို့ အမှတ်(၂)ရပ်ကွက် ကျိုင်းငင်း(၁)လမ်းရှိ နေအိမ်တစ်အိမ်၊    ငွေလဲလှယ်နှင့်    မြို့မဈေးအတွင်း  အထည်ရောင်း လုပ်ကိုင်သူ၏   နေအိမ်ရှေ့တံခါးအနီးတွင်   မသင်္ကာဖွယ်သွေးစများ တွေ့ရှိရကြောင်း တာဝန်သိပြည်သူတစ်ဦးက ဖုန်းဆက်အကြောင်းကြား သဖြင့် မြို့မရဲစခန်းက   သွားရောက်စစ်ဆေးရာ   အခင်းဖြစ်ပွားရာ နေအိမ်နှစ်ထပ်တိုက်     မြေညီထပ်၌    ဒေါ်ခင်ခင်ချို(ခ)မာရှောင်ရွှင် (၅၈ နှစ်)၊     ဒေါ်လှရွှေ (၆၁ နှစ်)နှင့်     ဒေါ်အေးစိန် (၅၉ နှစ်)တို့သည် ဓားဒဏ်ရာများရရှိပြီး သေဆုံးနေကြောင်းတွေ့ရှိခဲ့၍  ပြစ်မှုကျူးလွန်သူ အား အမြန်ဆုံးဖမ်းဆီးရမိရေး ရဲတပ်ဖွဲ့ဝင်များက ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။                    

အောင်ဇင်မြင့်(ပြန်/ဆက်)