
ကိုရီးယားအိုးပင်းအမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ ကွာတားဖိုင်နယ် တွင် နာမည်ကြီး ဗြိတိန်တင်းနစ်မယ် အမ်မာ ရာဒူကာနူသည် ကမ္ဘာ့အဆင့် ၅၁ ရှိ ပိုလန်တင်းနစ်မယ် မက်ဂ်ဒါ လီနက်တီနှင့် ယှဉ်ပြိုင်ကစားခဲ့ပြီး အနိုင်ရရှိခဲ့သောကြောင့် အဆိုပါ ပြိုင်ပွဲ ဆီမီး ဖိုင်နယ်သို့ တက်လှမ်းနိုင်ခဲ့သည်။
အဆိုပါပွဲစဉ်တွင် ရာဒူကာနူသည် ပြိုင်ဘက်ကို ၆-၂၊ ၆-၂ ဖြင့် အနိုင်ရရှိကာ နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။ ရာဒူကာနူ၏ ယခုအနိုင်ပွဲသည် ၂၀၂၁ ခုနှစ်က ယူအက်စ်အိုးပင်း ပြိုင်ပွဲပြီးနောက် ပထမဆုံးအကြိမ် သုံးပွဲဆက်နိုင်ပွဲဖြစ်သည်။
ထို့ကြောင့် ရာဒူကာနူသည် ကိုရီးယားအိုးပင်းပြိုင်ပွဲ ဆီမီး ဖိုင်နယ်တွင် အန်ဒိုရာတင်းနစ်မယ် ဂျီမီနက်ဇ် ကာဆင့်ဆီဗာကို ၆-၂၊ ၆-၁ ဖြင့် အနိုင်ရရှိခဲ့သည့် လတ်ဗီးယားနာမည်ကြီး တင်းနစ် မယ် အော့စတာပင်နာကိုနှင့် ယှဉ်ပြိုင်ကစားသွားရမည် ဖြစ်သည်။
ရာဒူကာနူနှင့်အတူ ပြိုင်ဘက်ကို အနိုင်ယူကာ ကိုရီးယား အိုးပင်းဆီမီးဖိုင်နယ်သို့ ဂျာမနီ တင်းနစ်မယ် မာရီယာနှင့် အဲလက်စ် ဇန်ဒရိုဗာတို့ တက်ရောက်နိုင်ခဲ့သည်။
မိုးဇက်