ကိုရိုနာဗိုင်းရပ်စ်ကြောင့် အီရန် ဥပဒေပြုအမတ်တစ်ဦး သေဆုံး

Image not available
တီဟီရန်   မတ်   ၇
 
အီရန်   ဥပဒေပြုအမတ်တစ်ဦးသည်  ကိုရိုနာဗိုင်းရပ်စ်ကြောင့်      သေဆုံး ခဲ့ကြောင်း   နိုင်ငံပိုင်  အိုင်အာရ်အန်အေ သတင်းအေဂျင်စီက  ယနေ့ ထုတ်ပြန် သည်။  အသက် ၅၅ နှစ်အရွယ် ဖာတီ မက်ရာဟဘာသည်       ကွန်ဆာဗေးတစ် အမတ်တစ်ဦးဖြစ်ပြီး    ဖေဖော်ဝါရီလ က    ကျင်းပခဲ့သည့်    အထွေထွေ ရွေးကောက်ပွဲတွင်  မြို့တော်တီဟီရန် မှ  ပါလီမန်သို့  ရွေးချယ်တင်မြှောက်ခြင်း  ခံခဲ့ရသူဖြစ်ကြောင်း  ယင်းသတင်းဌာန က ပြောကြားသည်။
 
ယင်းအမျိုးသမီး    ဥပဒေပြုအမတ် သည်    အီရန်နိုင်ငံတွင်    ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကြောင့်  ဒုတိယမြောက် သေဆုံးသည့်  ဥပဒေပြုအမတ်လည်း ဖြစ်သည်။
အီရန်နိုင်ငံတွင်   ပထမဆုံး  ကိုရိုနာ ဗိုင်းရပ်စ်ဖြစ်ပွားမှုကို     ဖေဖော်ဝါရီ လလယ်က စတင်တွေ့ရှိခဲ့သည်။  
 
အီရန်နိုင်ငံသည်  ကိုရိုနာဗိုင်းရပ်စ် အလျင်အမြန်ပျံ့နှံ့မှုကို   ထိန်းချုပ်ရန် ရုန်းကန်နေရသည်။ ယခုအချိန်အထိ  လူပေါင်း  ၄၇၄၇  ဦး   ဗိုင်းရပ်စ်ပိုး ကူးစက်ခံရပြီး အနည်းဆုံး ၁၂၄ ဦး သေဆုံးခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ်      ကူးစက်မှု နှေးကွေးစေရန်အတွက်  အီရန်နိုင်ငံ သည်  စာသင်ကျောင်းများ၊ တက္ကသိုလ် များကို    ပိတ်ထားပြီး   ယဉ်ကျေးမှုနှင့် အားကစားပြိုင်ပွဲကြီးများကို   ဆိုင်းငံ့ ထားသည်။  နိုင်ငံတစ်ဝန်းတွင်  အလုပ် ချိန်ကိုလည်း    လျှော့ချထားသည်။  ကိုရိုနာဗိုင်းရပ်စ်သည် အီရန်နိုင်ငံ၏ ပြည်နယ် ၃၁ ခုစလုံးသို့  ကူးစက်ပျံ့နှံ့ လျက်ရှိသည်။     
      
ကိုးကား - အေအက်ဖ်ပီ 
ဘာသာပြန် - အောင်ဇော်လင်း