ကျိုတိုမြို့သို့ ခရီးသွားများ တဖြည်းဖြည်း ပြန်လည်ဝင်ရောက်လာ

 

ကျိုတို   အောက်တိုဘာ  ၂၄


ဂျပန်နိုင်ငံတွင်   နိုင်ငံတစ်လွှား ကိုဗစ်- ၁၉ ကန့်သတ်ချက်များကို ဖယ်ရှားပေးနေပြီဖြစ်သည်။
ဂျပန်နိုင်ငံ     အနောက်ပိုင်း ကျိုတိုခရိုင်တွင်  စားသောက်ဆိုင် များနှင့်      ယမကာဆိုင်များကို ကန့်သတ်ချက်မရှိ  ဖွင့်ခွင့်ပေးနေ ပြီဖြစ်သည်။  ခြောက်လတာကာလ အတွင်း ပထမဆုံးအကြိမ်အဖြစ် ဆိုင်ဖွင့်ခွင့်ပေးသည့်    အချိန်နှင့် အရက်ရောင်းချသည့် ပမာဏကို ကန့်သတ်ခြင်းမရှိဘဲ  ရောင်းချခွင့် ပေးခြင်းဖြစ်သည်။

 


ယခု    သီတင်းပတ်အတွင်း မိသားစုများနှင့်   လေ့လာရေးခရီး ထွက်လာသည့်     ကျောင်းသား အုပ်စုများသည် ကျိုတိုမြို့  ခရီး သွားများ    လည်ပတ်ရာ   အဓိက နေရာတစ်ခုဖြစ်သည့်       အာရာရှီ ရာမာဒေသတွင် သွားလာလှုပ်ရှား နေကြသည်။ ကိုဗစ်- ၁၉ ကူးစက် မှုများ  လျော့ကျလာကတည်းက ကျိုတိုသို့သွားရောက်    လည်ပတ် ရန် ဆုံးဖြတ်ထားသည်ဟု  တိုကျို မြို့မှလာသော    အမျိုးသမီးတစ်ဦး ကပြောသည်။

 


အစားအသောက်     ကောင်း များကိုလည်း     ကြိုက်နှစ်သက် သည်ဟု ၎င်းက  ဆက်ပြောသည်။ အမှတ်တရပစ္စည်းအရောင်းဆိုင်တွင်လည်း   ခရီးသွားများကို တွေ့မြင်လာရသည်။
သို့သော်လည်း ခရီးသွားများ မှာ    ယခင်ကလောက်   ပိုက်ဆံ မသုံးဟု ပြောသည်။  ခရီးသွားများ များလာသော်လည်း       ပစ္စည်း ရောင်းချရမှုမှာ   တိုးတက်လာခြင်း မရှိဟု         အဆိုပါလုပ်ငန်းနှင့် ပတ်သက်သည့် အရာရှိတစ်ဦးက ပြောသည်။          

အင်န်အိတ်ချ်ကေ