ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် ငွေကျပ်သိန်း ၇၄၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ ၂၉ ဒသမ ၇ ကီလို ဖမ်းဆီးရမိ

 

နေပြည်တော်   မေ   ၂၉


ကချင်ပြည်နယ်  ဖားကန့်မြို့နယ် တွင်  ငွေကျပ်သိန်း ၇၄၀၀ ကျော် တန်ဖိုးရှိ  ဘိန်းဖြူ ၂၉ ဒသမ ၇ ကီလို     ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 


မူးယစ်ဆေးဝါး    တားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ  တပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၂၃ ရက် မွန်းလွဲ ၃ နာရီခွဲတွင် ကချင်ပြည်နယ်  ဖားကန့်မြို့နယ် ယူမာကျေးရွာတွင် ဝင်းဦး မောင်း နှင်ပြီး   မမူဒါန်နှင့်  တေဇာလင်း တို့လိုက်ပါလာသည့်    ပါကျဲရိုး မော်တော်ယာဉ်ကို    သတင်းအရ ရှာဖွေရာ  ဘိန်းဖြူ ၁၉ ဒသမ ၈ ကီလို    သိမ်းဆည်းရမိခဲ့ပြီး ယူမာကျေးရွာရှိ  စားသောက်ဆိုင် တွင်  ဘိန်းဖြူများ  သယ်ဆောင် ရောင်းဝယ်သူ    ထွန်းထွန်းထိုက် နှင့်       မနန်းမိုးမိုးအေးတို့ကို ဆက်လက် ဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေးချက်အရ  ညနေ ၆ နာရီ တွင် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာ ရှိ မအေးပန့်၏နေအိမ်တွင် ကျန်ရှိ သည့်  ဘိန်းဖြူ ၉ ဒသမ ၉ ကီလို ထပ်မံသိမ်းဆည်း    ရမိခဲ့သဖြင့် စုစုပေါင်း   ဒေသကာလတန်ဖိုး ငွေကျပ်သိန်း ၇၄၀၀ ကျော် တန်ဖိုး ရှိ   ဘိန်းဖြူ ၂၉ ဒသမ  ၇ ကီလို သိမ်းဆည်းရမိခဲ့ပြီး    စစ်ဆေး ဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ ဘိန်းဖြူများကို    ရှမ်းပြည်နယ် (တောင်ပိုင်း)မှ ကချင်ပြည်နယ်သို့ သယ်ဆောင်ခြင်း     ဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့ကို ဥပဒေအရ အရေးယူထားရှိပြီး   ကွင်းဆက် ပြစ်မှု      ကျူးလွန်သူများအား ဆက်လက်စစ်ဆေး  ဖော်ထုတ် လျက်ရှိကြောင်း သိရသည်။ 

သတင်းစဉ်