
မြစ်ကြီးနား သြဂုတ် ၂၀
မြန်မာနိုင်ငံတစ်ဝန်းလုံး၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူ နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အထိ ကောက်ယူနိုင် ရေးအတွက် ပြည်နယ်သန်းခေါင်စာရင်း ကြီးကြပ်မှု ကော်မတီက ကြီးမှူး၍ ပြည်နယ်အဆင့်နည်းပြ သင်တန်းဖွင့်ပွဲကို သြဂုတ် ၁၉ ရက် နံနက်ပိုင်းက ပြည်နယ်ပြည်သူ့ အားကစားကွင်းအတွင်းရှိ မိုးလုံ လေလုံအားကစားခန်းမ၌ ကျင်းပသည်။
အမျိုးသားရေးတာဝန်တစ်ရပ်
ဦးစွာ ကချင်ပြည်နယ် သန်းခေါင်စာရင်းကြီးကြပ် မှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက် ထိန်နန်က ပြည်နယ်အဆင့် နည်းပြသင်တန်း ဖွင့်လှစ်ပြီး ခရိုင်/မြို့နယ်အဆင့် သင်တန်းများကို လည်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အားလုံးက ဝိုင်းဝန်းကြိုးစားဆောင်ရွက်သွားရမည့် လုပ်ငန်းဖြစ် ကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်နယ်ဦးစီးမှူးရုံးမှ ဗဟို အဆင့်နည်းပြသင်တန်းတက်ရောက်ခဲ့သည့် ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်တင်က သင်တန်းတွင် ပို့ချသင်ကြားသွားမည့် လူဦးရေနှင့် အိမ်အကြောင်း အရာ သန်းခေါင်စာရင်း ကောက်ယူခြင်းဆိုင်ရာ အစီအမံများ၊ လုပ်ငန်းစဉ်များ၊ စာရင်းကောက် ကွက်များ၊ သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ ဆက်စပ်ပစ္စည်းများ ဖြန့်ဝေပို့ဆောင်သွားမည့် အစီ အစဉ်များကို ရှင်းလင်းတင်ပြသည်။
လုပ်ငန်းစဉ်ဆောင်ရွက်မှု ကြည့်ရှုအားပေး
ယင်းနောက် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်း ဆိုင်ရာ Video Clip ကို ဖွင့်လှစ်ပြသမှုကို ကြည့်ရှု အားပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန် ရှိသူများနှင့် တက်ရောက်လာကြသူများက ခန်းမ အတွင်း ခင်းကျင်းပြသထားသည့် သန်းခေါင်စာရင်း ဆိုင်ရာပစ္စည်းများ၊ လုပ်ငန်းစဉ်ဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများကို လှည့်လည်ကြည့်ရှုအားပေး သည်။
ဆက်လက်ပို့ချသွားမည်
အဆိုပါ ပြည်နယ်အဆင့် နည်းပြသင်တန်းကို ခရိုင်ကိုယ်စားလှယ်များပါဝင်သည့် သင်တန်းသား ၃၀ ဖြင့် ၁၂ ရက်ကြာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပြီး ခရိုင်/ မြို့နယ်အဆင့် နည်းပြသင်တန်း၊ ဆင့်ပွား နည်းပြ သင်တန်းနှင့် စာရင်းစစ် / စာရင်းကောက် သင်တန်းများကိုလည်း ယခုလနှင့် စက်တင်ဘာလ များတွင် ဆက်လက် ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)