
မြစ်ကြီးနား သြဂုတ် ၁၆
နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူ ရေးဆောင်ရွက်သော ကချင်ပြည်နယ်အဆင့် ကျေးရွာ စီမံကိန်း ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ဒုတိယနှစ်စက်ဝန်းဖြင့် လုပ်ငန်းစီမံကိန်းများ အမြန်ဆုံးစတင်နိုင်ရေး၊ ရန်ပုံငွေများ ခွဲဝေချထားရာတွင် စနစ်တကျ စီမံခန့်ခွဲ နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြစ်ကြီးနားမြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ၌ ဩဂုတ် ၁၅ ရက်က ပြုလုပ်သည်။
အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက် ထိန်နန်က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ပထမ နှစ်စက်ဝန်းကို အောင်မြင်စွာ မြန်ဆန်စွာဆောင်ရွက် နိုင်ခဲ့ပြီး ယခု ဒုတိယနှစ်စက်ဝန်းတွင် နယ်မြေအခြေ အနေအရ အချိန်ယူဆောင်ရွက်နေရခြင်းဖြစ်သည့်အတွက် မိမိတို့အနေဖြင့် ရန်ပုံငွေများကို လုပ်ငန်းစီမံ ကိန်းအလိုက် ပြည်သူများလက်ဝယ်သို့ အမြန်ဆုံး ခွဲဝေချထားပေးနိုင်ရေး စီမံဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ ရန်ပုံငွေများ ခွဲဝေချထားပေးရာတွင် လက်စွဲစာအုပ်ပါအတိုင်း စနစ်တကျဆောင်ရွက်ကြ ရေး၊ ငွေကြေးခွဲဝေချထားမှု၊ သုံးစွဲမှုနှင့် ငွေစာရင်း ရှင်းတမ်းများ စနစ်တကျ စီမံခန့်ခွဲနိုင်မှသာ၊ လုပ်ငန်း စီမံကိန်းများ အောင်မြင်အောင် ဆောင်ရွက်နိုင်မည် ဖြစ်ပြီး ပြည်သူများ အကျိုးဖြစ်ထွန်းမှသာ လုပ်ငန်း အောင်မြင်မည်ဟု သတ်မှတ်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။(အပေါ်ပုံ)
ယင်းနောက် ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှူး ဦးရဲမင်းကျော်က လုပ်ငန်းစီမံ ကိန်းများအလိုက် ဒုတိယနှစ်စက်ဝန်းရန်ပုံငွေဖြင့် ချေးငွေများ ခွဲဝေချထားပေးမှုအခြေအနေများ၊ ပထမ နှစ်စက်ဝန်း သုံးနှစ်စီမံကိန်းမှ ပြန်လည်ရရှိမည့် ရန်ပုံငွေအပါအဝင် ကော်မတီက စီမံခန့်ခွဲနိုင်သည့် လက်ကျန်ရန်ပုံငွေအခြေအနေများကို ရှင်းလင်း တင်ပြရာ ပြည်နယ်အဆင့်ကော်မတီအဖွဲ့ဝင်များက လုပ်ငန်းစီမံကိန်းများအလိုက် ရန်ပုံငွေခွဲဝေရရှိမှု အခြေအနေများ၊ ထပ်မံတောင်းခံလာသည့် လုပ်ငန်းစီမံကိန်းများအပေါ် ခရိုင်/ မြို့နယ်အဆင့် ကော်မတီများမှ တင်ပြလာသည့် အခြေ အနေများ၊ ပထမနှစ်စက်ဝန်းမှ လုပ်ငန်းယူနစ်အလိုက် အတိုး/အရင်းကောက်ခံရရှိမှု အခြေအနေများကို တင်ပြဆွေးနွေးပြီး ပြည်နယ်အဆင့် ကော်မတီဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များက အကြုံပြုဆွေးနွေးကြသည်။
ဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ဒုတိယနှစ်စက်ဝန်း အောင်မြင်စွာ အကောင်အထည် ဖော် ဆောင်ရွက်နိုင်ရေး၊ ငွေကြေးစီမံခန့်ခွဲမှုများ စနစ်တကျ ထိန်းသိမ်းဆောင်ရွက်ရေး၊ လုပ်ငန်းယူနစ် များအလိုက် ချေးငွေများ အမြန်ဆုံးခွဲဝေချထား လည်ပတ်နိုင်ရေးနှင့် လိုအပ်သည်များကို ဌာနဆိုင်ရာ တာဝန်ရှိသူများအကြား ပေါင်းစပ်ညှိနှိုင်း၍ ဖြေရှင်း ဆောင်ရွက်ပေးခဲ့သည်။
ပြည်နယ်(ပြန်/ဆက်)