ကချင်ယူနိုက်တက်ကို Junior Lions အသင်း ဂိုးပြတ်အနိုင်ယူ

 

ရန်ကုန်  ဩဂုတ်   ၁၆


၂၀၂၂ ရာသီ MNL-2 (ပထမတန်း) အမှတ်ပေးပြိုင်ပွဲ       ပွဲစဉ်(၂) လက်ကျန်ပွဲအဖြစ် ကချင်ယူနိုက် တက်နှင့် Junior Lions အသင်းတို့ သြဂုတ်   ၁၆   ရက်က  သုဝဏ္ဏ လေ့ကျင့်ရေးကွင်း-၁ ၌ ယှဉ်ပြိုင် ကစားရာ Junior Lions အသင်း က လေးဂိုးပြတ် အနိုင်ရခဲ့သည်။

 


၂၀၂၂   ရာသီ  MNL-2  ပြိုင်ပွဲ ယှဉ်ပြိုင်နေသည့်    အသင်းများ အနက်   အသင်းအချို့မှာ  နိုင်ငံ တကာပြိုင်ပွဲများ ယှဉ်ပြိုင်ခဲ့သဖြင့် ပွဲစဉ်  (၁)  နှင့်   (၂) မှ ပွဲအချို့ကို ရွှေ့ဆိုင်းခဲ့ရပြီး ယခုပွဲမှာ ပွဲစဉ် (၂) ရွှေ့ဆိုင်းထားသည့်  တစ်ပွဲလည်း ဖြစ်သည်။

 


Junior   Lions  အသင်းမှာ မြန်မာ   ယူ-၁၉  လက်ရွေးစင် အသင်းကို ပွဲအတွေ့အကြုံရစေရန် Junior Lions အမည်ဖြင့် ဝင်ရောက် ယှဉ်ပြိုင်နေခြင်းဖြစ်ပြီး ဗီယက်နမ် ယူ-၁၉ ဖိတ်ခေါ်ပြိုင်ပွဲ ယှဉ်ပြိုင် နေသဖြင့်   ယခုမှာ  ပထမဆုံးပွဲ ကစားရခြင်းဖြစ်သည်။   ကလပ် အသင်းရှိသည့်  ကစားသမားများ ကို သက်ဆိုင်ရာ ကလပ်အသင်း များထံ   ပြန်လည်စေလွှတ်ထား ရသဖြင့် ကျန်ရှိသည့်ကစားသမား များဖြင့် ယှဉ်ပြိုင်ရခြင်းဖြစ်သည်။ ကချင်ယူနိုက်တက်အသင်းမှာမူ ဒုတိယပွဲ      ကစားရခြင်းဖြစ်ပြီး ပထမပွဲတွင် နှစ်ဂိုးစီသရေကျခဲ့ပြီး ယခုပွဲတွင်      အရေးနိမ့်ခဲ့ခြင်း ဖြစ်သည်။  Junior Lions အသင်း သည်       ပထမပိုင်းပြီးခါနီးမှ ဂိုးစတင်ရရှိသော်လည်း ဒုတိယ ပိုင်းတွင်    သုံးဂိုးထပ်မံသွင်းယူ နိုင်သဖြင့်   ဂိုးပြတ်အနိုင်ရခဲ့ခြင်း ဖြစ်သည်။ Junior Lions အသင်း အတွက် အနိုင်ဂိုးများကို ၄၁ မိနစ် တွင်   စွမ်းထက်၊   ၅၁  မိနစ်တွင် သာယာဝင်းထက်၊ ၆၆ မိနစ်တွင် ဖြိုးသက်ကိုကို၊   ၇၈  မိနစ်တွင် အောင်သီဟတို့က သွင်းယူခဲ့သည်။
သြဂုတ်    ၁၈   ရက်တွင် တက္ကသိုလ်အသင်းနှင့်   Young Boys အသင်း ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။  


ရဲရင့်လွင်၊ ဓာတ်ပုံ-MNL