
နေပြည်တော် ဇွန် ၃
စစ်ကိုင်းတိုင်းဒေသကြီး ကလေး မြို့ အင်ဒိုင်းကုန်းရပ်ကွက်ရှိ အမှတ် (၉)အခြေခံပညာအထက် တန်းကျောင်းအား PDF အမည်ခံ အကြမ်းဖက်သမားများက မီး ပုလင်းဖြင့် ဝင်ရောက်ပစ်ပေါက် မီးရှို့ခဲ့သဖြင့် ကျောင်းဝင်းအတွင်း ရှိ ဝန်ထမ်းလိုင်းခန်း မီးလောင် ကျွမ်းပျက်စီးခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ ကလေးမြို့ အင်ဒိုင်း ကုန်းရပ်ကွက်ရှိ အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်း သို့ ဇွန် ၂ ရက် ည ၁၀ နာရီခန့်တွင် PDF အမည်ခံ အကြမ်းဖက်သမား များက ဆိုင်ကယ်ဖြင့် ရောက်ရှိ လာပြီး ဒီဇယ်ဆီများ ထည့်ထား သည့် မီးပုလင်းဖြင့် ဝင်ရောက် ပစ်ပေါက်မီးရှို့ပြီး ထွက်ပြေးသွားခဲ့ ကြောင်း၊ ထိုသို့ မီးပုလင်းပစ်ပေါက် မှုကြောင့် ဆရာ ဆရာမများ နေထိုင်သည့် သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်းအဆောက်အအုံအား ထိမှန် မီးစွဲလောင်ခဲ့ရာ(ယာပုံ) ရပ်ကွက်နေ ပြည်သူများက ဝိုင်းဝန်းမီးငြှိမ်းသတ် ခဲ့ကြောင်း၊ မီးလောင်မှုကြောင့် အဆိုပါ အဆောက်အအုံထရံများ မီးလောင်ကျွမ်း ပျက်စီးခဲ့ကြောင်း သိရှိရသည်။
ယခုကဲ့သို့ အနာဂတ်လူငယ်၊ လူရွယ်များ ပညာသင်ကြားမှုများ မပြုလုပ်နိုင်စေရန် ရည်ရွယ်၍ ဆရာ ဆရာမများ နေထိုင်သည့် အဆောက်အအုံအား မီးပုလင်းဖြင့် ပစ်ပေါက် ထွက်ပြေးသွားခဲ့သည့် PDF အမည်ခံ အကြမ်းဖက်သမား များအား အမြန်ဆုံးဖမ်းဆီး ဖော် ထုတ်နိုင်ရေးအတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များက ပြည်သူများနှင့် ပူးပေါင်း၍ စုံစမ်းဖော်ထုတ်လျက် ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်