
နေပြည်တော် အောက်တိုဘာ ၂၄
ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာနည်းဥပဒေနှင့် ကလေးသူငယ် ကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ မူဝါဒများ ရေးဆွဲခြင်းလုပ်ငန်းများ အတွက် နည်းဥပဒေရေးဆွဲရေး လုပ်ငန်းအဖွဲ့ဝင်များနှင့် မူဝါဒရေးဆွဲ ရေးနည်းပညာဆိုင်ရာ လုပ်ငန်း ကော်မတီဝင်များ အမြင်ချင်းဖလှယ် ညှိနှိုင်းသည့်အစည်းအဝေးကို ယမန် နေ့က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၌ ဗီဒီယိုကွန်ဖရင့်စနစ် ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ကလေး သူငယ် အခွင့်အရေးများဆိုင်ရာ နည်းဥပဒေရေးဆွဲရေးလုပ်ငန်းအဖွဲ့ ဝင်များ၊ ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ မူဝါဒရေး ဆွဲရေးနည်းပညာဆိုင်ရာ လုပ်ငန်း ကော်မတီဝင်များ၊ National Consul-tant များနှင့် လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြ သည်။
ဥပဒေသစ်ပြဋ္ဌာန်း
အစည်းအဝေးတွင် ပြည်ထောင်စု ဝန်ကြီးက ကလေးသူငယ်အခွင့်အရေး များနှင့်ပတ်သက်၍ မြန်မာနိုင်ငံအနေ ဖြင့် ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း (The United Nations Convention on the Rights of the Child – UNCRC) ကို ၁၉၉၁ ခုနှစ် သြဂုတ် ၁၅ ရက်တွင် အဖွဲ့ဝင်အဖြစ် အတည်ပြုပါဝင်ခဲ့ပြီး ဖြစ်ကြောင်း၊ CRC နောက်ဆက်တွဲ စာချုပ်ဖြစ်သည့် (Convention on the Rights of the Child on the sale of children, child prostitution and child pornography) နှင့် ၂၀၁၉ ခုနှစ် စက်တင်ဘာ ၂၇ ရက်တွင် ကလေး သူငယ်အခွင့်အရေးများဆိုင်ရာ ကုလ သမဂ္ဂစာချုပ်၏ နောက်ဆက်တွဲ စာချုပ်တစ်ခုဖြစ်သည့် လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များ ပါဝင်ပတ်သက်မှုဆိုင်ရာ နောက်ဆက် တွဲ အခြေပြစာချုပ် (CRC-OPAC) တွင်လည်း ပါဝင်လက်မှတ်ရေးထိုး ခဲ့ပါကြောင်း၊ ကလေးသူငယ်ဥပဒေကို CRC ပါ ပြဋ္ဌာန်းချက်များနှင့် ပိုမို ကိုက်ညီမှုရှိစေရန်၊ ခေတ်ကာလ အခြေအနေနှင့် လိုက်လျောညီထွေမှု ရှိစေရန်အတွက် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေအသစ် ကို ၂၀၁၉ ခုနှစ် ဇူလိုင် ၂၃ ရက်တွင် အတည်ပြု ပြဋ္ဌာန်းခဲ့ပါကြောင်း။
မူဝါဒတစ်ရပ်ရေးဆွဲ
ဥပဒေပြဋ္ဌာန်းခဲ့ပြီး ဖြစ်သော ကြောင့် ကလေးသူငယ်အခွင့်အရေး များဆိုင်ရာနည်းဥပဒေ ပေါ်ထွက် လာနိုင်ရေးအတွက် ဆက်လက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကလေး သူငယ်အခွင့်အရေးများနှင့်အညီ စနစ် ကျသော မူဝါဒတစ်ရပ်ရေးဆွဲနိုင်ရန် ကလေးသူငယ်ကာကွယ်စောင့်ရှောက် ရေးဆိုင်ရာမူဝါဒရေးဆွဲရေး လုပ်ငန်း ကော်မတီကိုလည်း ဖွဲ့စည်းထားရှိပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကလေး သူငယ် ကာကွယ်စောင့်ရှောက်ရေး ဆိုင်ရာ မူဝါဒရေးဆွဲရေးအတွက် Unicef Myanmar၊ Child Frontier အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိပါကြောင်း၊ မူဝါဒကို နိုင်ငံ တကာစံနှုန်းများနှင့်အညီ လက်တွေ့ ကျပြီး တိုင်းပြည်၏ လက်ရှိအခြေ အနေနှင့် ကိုက်ညီသော အမျိုးသား အဆင့် ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ မူဝါဒတစ်ရပ် ဖြစ်စေရေး ရည်ရွယ်ထားပါကြောင်း၊ မူဝါဒချမှတ်ပေးသည့် နေရာတွင် တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ခြုံငုံ မိအောင်ဆောင်ရွက်နိုင်ရန်၊ အရပ် ဘက် အဖွဲ့အစည်းများပူးပေါင်း၍ ပါဝင်ရန် လိုအပ်ပါကြောင်း၊ ကလေး သူငယ်များကို မြေပြင်၌ အမှန်တကယ် ထိခိုက်စေသော အကြောင်းတရား များဖြစ်သည့် အကြမ်းဖက်ခြင်း၊ လွဲမှားစွာပြုမူခြင်း၊ လျစ်လျူရှုခြင်း၊ ခေါင်းပုံဖြတ်ခြင်းတို့ကို ကာကွယ်ပေး ရန် လိုအပ်ပါကြောင်း၊ ကလေးတိုင်း ကာကွယ်စောင့်ရှောက်ခံပိုင်ခွင့် အပါ အဝင် ကျန်အခွင့်အရေးများကို တန်းတူညီတူရရှိနိုင်ရေး အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရန်နှင့် ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ ဥပဒေကို ပိုမိုအကောင်အထည် ဖော် ဆောင်ရွက်နိုင်ရန်တို့အတွက် ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ နည်းဥပဒေနှင့် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ မူဝါဒများကို စနစ်တကျ အကောင် အထည်ဖော်ဆောင်ရွက်ရမည် ဖြစ်ပါ ကြောင်း။
ပိုမိုထိရောက်စွာ ကာကွယ်စောင့်ရှောက်
ကလေးသူငယ်များ၏ အခွင့် အရေးများကို အားလုံးသိရှိရန်နှင့် ကလေးတိုင်း လက်လှမ်းမီတန်းတူ ညီတူရရှိနိုင်ရန်အတွက် အစွမ်းကုန် ဆောင်ရွက်လျက်ရှိသလို ကလေး သူငယ်များအား ပိုမိုထိရောက်စွာ ကာကွယ်စောင့်ရှောက်မှုပေးနိုင်ရန် အတွက် အရေးကြီးပါကြောင်း၊ ထို့ကြောင့် ကလေးသူငယ်အခွင့် အရေးများဆိုင်ရာ နည်းဥပဒေနှင့် ကလေးသူငယ်ကာကွယ် စောင့်ရှောက် ရေးဆိုင်ရာမူဝါဒများ ရေးဆွဲခြင်း လုပ်ငန်းရပ်များတွင် အားသာချက်/ အားနည်းချက်များကို ဝိုင်းဝန်း ပူးပေါင်း၍ ဆွေးနွေးလုပ်ဆောင်ပေး ကြပါရန်နှင့် သက်ဆိုင်ရာ ကဏ္ဍ အလိုက် တက်တက်ကြွကြွ ပါဝင် ဆွေးနွေးပေးကြစေလိုကြောင်း ပြော ကြားသည်။
ထို့နောက် ကလေးသူငယ်အခွင့် အရေးများဆိုင်ရာ နည်းဥပဒေရေးဆွဲ ရေးလုပ်ငန်းအဖွဲ့နှင့် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ မူဝါဒရေးဆွဲရေး နည်းပညာဆိုင်ရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က နည်းဥပဒေရေးဆွဲခြင်း လုပ်ငန်းစဉ် များ၊ မူဝါဒရေးဆွဲရေးလုပ်ငန်းစဉ်များနှင့် ကော်မတီဖွဲ့စည်းထားရှိမှု အခြေ အနေများကို ရှင်းလင်းပြောကြား သည်။
ယင်းနောက် ဘာသာရပ်ဆိုင်ရာညွှန်ကြားရေးမှူးများက ကလေး သူငယ်အခွင့်အရေးများနှင့် ပတ်သက် ပြီး အကောင်အထည်ဖော်ဆောင်ရွက် မှုနှင့် စပ်လျဉ်း၍ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ နည်းဥပဒေ (မူကြမ်း)နှင့် ကလေးသူငယ် ကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ မူဝါဒရေးဆွဲ ခြင်းတို့နှင့်ပတ်သက်၍ ရှင်းလင်း တင်ပြခဲ့ကြသည်။
အကြံပြုဆွေးနွေး
ဆက်လက်၍ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ နည်းဥပဒေ ရေးဆွဲရေး လုပ်ငန်းအဖွဲ့ဝင်များ၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက် ရေးဆိုင်ရာ မူဝါဒရေးဆွဲရေး နည်း ပညာဆိုင်ရာ လုပ်ငန်းကော်မတီ ဝင်များ၊ National Consultant များက သက်ဆိုင်ရာကဏ္ဍအလိုက် အကြံပြုဆွေးနွေးကြကြောင်း သိရ သည်။ သတင်းစဉ်