ကမ္ဘာ့ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုမှ ရုန်းထွက်လွတ်မြောက်နိုင်ရန် နည်းလမ်းမှာ ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရေး လှုပ်ရှားမှုကြီးပင်ဖြစ်

 

ဂျီနီဗာ   ဒီဇင်ဘာ   ၁ 


ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာ ရက်စ်က    ကမ္ဘာ့  ကိုဗစ်-၁၉   ကူးစက်ဖြစ်ပွားမှုမှ ရုန်းထွက်   လွတ်မြောက်နိုင်ရန်နှင့်   မကောင်းမှုများ နှင့်     အကျင့်ပျက်နေသည့်    အခြေအနေများက လွတ်မြောက်နိုင်ရန် နည်းလမ်းမှာ ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရေး လှုပ်ရှားမှုကြီးပင် ဖြစ်ကြောင်း ပြောကြားလိုက်သည်။ 

 


၇၇   နိုင်ငံသော   ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ (ဂျီ-၇၇) အဖွဲ့ဝင်နိုင်ငံခြားရေးဝန်ကြီးများနှင့် တရုတ် နိုင်ငံတို့   နယူးယောက်မြို့  ကုလသမဂ္ဂဌာနချုပ်၌ ပြုလုပ်ခဲ့သော  အစည်းအဝေးတွင်   ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က  ထိုသို့ပြောကြားခဲ့ခြင်းဖြစ် သည်။ ထို့အပြင် ကိုဗစ်-၁၉ ကပ်ရောဂါသည် ဖွံ့ဖြိုး ပြီးနိုင်ငံများနှင့်    ဖွံ့ဖြိုးဆဲနိုင်ငံများကို   အကြီးအကျယ် ထိခိုက်ပျက်စီးစေကြောင်း     ၎င်းက    ဆက်လက် ပြောကြားခဲ့သည်။ 

 


ကုလသမဂ္ဂသည်  ယခုနှစ်ကုန် ကမ္ဘာ့နိုင်ငံများ အားလုံး၏ ၄၀ ရာခိုင်နှုန်းကို ကာကွယ်ဆေးထိုးပေးရန် နှင့်  ၂၀၂၂ ခုနှစ်   နှစ်လယ်တွင် ၇၀ ရာခိုင်နှုန်းကို ကာကွယ်ဆေးထိုးပေးရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး ၏    ရည်မှန်းချက်နှင့်အတူ    ထုတ်ပြန်လိုက်သော ကာကွယ်ဆေးထိုးရေး    မဟာဗျူဟာကို  ထောက်ခံ ရပ်တည်လျက်ရှိကြောင်း ၎င်းကပြောသည်။ 

 


လူတိုင်း၊ နေရာတိုင်း ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးရမည်၊   စစ်ဆေးမှုများ  လုပ်ဆောင်ရမည်ဖြစ် ကြောင်း   ကုလသမဂ္ဂထိပ်တန်းအရာရှိတစ်ဦးက ပြောသည်။    ထို့အပြင်    ကိုဗက်အစီအစဉ် ကာကွယ် ဆေး ဖြန့်ဝေရေးကို ထောက်ခံရန်လည်း ပြောကြား လိုက်သည်။                                          

ဆင်ဟွာ