
ထွန်းကျော်
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက် ရေးနေ့ကို နှစ်စဉ် ဇွန်လ ၂၆ ရက်နေ့မှာ ကျင်းပကြပါတယ်။ ၁၉၈၇ ခုနှစ် ဒီဇင်ဘာမှာ ကုလသမဂ္ဂအထွေထွေညီလာခံက ဇွန်လ ၂၆ ရက်နေ့ကို ကမ္ဘာ့မူးယစ်ဆေးဝါးတိုက်ဖျက် ရေးနေ့အဖြစ် သတ်မှတ်ခဲ့ချိန်မှစကာ ကမ္ဘာ့နိုင်ငံအသီးသီးက နှစ်စဉ်ကျင်းပလာခဲ့ ကြပါတယ်။
အမှတ်တရနဲ့ ကျင်းပ
တရုတ်ပြည်မကြီးမှာ ပထမဆုံး ဘိန်းစစ်ပွဲ မဖြစ်ခင် တရုတ်နိုင်ငံ ကွမ်တုံ ပြည်နယ် ဟူမင်းမှာ ဘိန်းကုန်သွယ်မှု ကို မဟာဗျူဟာမြောက် စနစ်တကျ ဖျက်သိမ်းခဲ့တဲ့ လင်ဆီဇူးရဲ့ ကြိုးစား အားထုတ်မှုကို အမှတ်တရနဲ့ ကျင်းပတဲ့နေ့ဆိုလည်း မှားမယ်မထင် ပါဘူး။
ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ပြည်သူများ ကြား အထူးသဖြင့် လူငယ်လူရွယ်များ ကြားနဲ့ ဆယ်ကျော်သက်များကြား တာဝန်ရှိတဲ့စိတ်ကို လှုံ့ဆော်တဲ့အနေနဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ကို ကျင်းပခဲ့တာဖြစ် ပါတယ်။
နှစ်စဉ်ကျင်းပ
မူးယစ်ဆေးဝါးအန္တရာယ်ကို သတိပြု မိစေရန် အပြည်ပြည်ဆိုင်ရာ မူးယစ် ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ကို ကမ္ဘာ တစ်ဝန်းမှာရှိတဲ့ ကျောင်းများ၊ ကောလိပ် များ၊ အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာ များမှာ နှစ်စဉ်ကျင်းပခဲ့ကြပါတယ်။
တရားဝင် ဆေးဝါးလုပ်ငန်းတွေရဲ့ ပုံရိပ်ကို ထိခိုက်စေမယ့် မူးယစ်စီးပွားရေး လုပ်ငန်းတွေ၊ မူးယစ်ဆေးဝါး တရားမဝင် ရောင်းဝယ်မှုတွေကို မပြုလုပ်ဘဲ ရှောင်ကြဉ်ကြဖို့ ကုလသမဂ္ဂဟာ သူ့ရဲ့ မူးယစ်ဆေးဝါး ဆန့်ကျင်တိုက်ဖျက်ရေး အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ မူးယစ်ဆေး ဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာ ကုလသမဂ္ဂရုံး အဖွဲ့ (ယူအင်န်အိုဒီစီ) ရဲ့ အကူအညီနဲ့ သက်ဆိုင်ရာ အစိုးရတွေကို အသိပညာ ပေးမှုတွေ လုပ်ဆောင်လျက်ရှိပါတယ်။
မူးယစ်ဆေးဝါးကင်းစင်ဖို့ အသိပညာ ဖြန့်ဝေစို့
၂၀၂၁ ခုနှစ်ရဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနဲ့ တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ရဲ့ ဆောင်ပုဒ်ကတော့ ‘‘မူးယစ်ဆေးဝါး ကင်းစင်ဖို့ အသိပညာဖြန့်ဝေစို့’’ ဖြစ်ပါ တယ်။ ဒီနှစ်ရဲ့ ဆောင်ပုဒ်ကတော့ သတင်းတုသတင်းမှားတွေကို တိုက်ဖျက် ပြီး မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ မှန်ကန်တဲ့ သတင်းအချက်အလက်တွေ ကို ဝေမျှဖို့ပဲ ဖြစ်ပါတယ်။ အသက် အန္တရာယ်ရှိမှုမှသည် ကမ္ဘာ့မူးယစ် ဆေးဝါးပြဿနာတွေ ဖြေရှင်းနိုင်ရေးကို ဦးတည်ပြီး ဖြစ်ရပ်မှန် အခြေခံကာကွယ်မှု တွေ၊ ကုသမှုတွေ၊ ဂရုစိုက်မှုတွေအထိ ဖြေရှင်းနိုင်ရေးလည်း ပါဝင်ပါတယ်။
ဒီဆောင်ပုဒ်ဟာဆိုရင် ယူအင်န်အို ဒီစီရဲ့ နှစ်စဉ်ကမ္ဘာ့မူးယစ်ဆေးဝါးတိုက် ဖျက်ရေးနေ့မှာ တင်ပြခဲ့တဲ့ အရေးကြီးတဲ့ စာရင်းပိုင်းဆိုင်ရာတွေ၊ အချက်အလက် တွေကို ကွက်ကွက်ကွင်းကွင်း မြင်သာ စေပါတယ်။ အဓိက ရည်ရွယ်ချက်က တော့ လူ့ဘောင်အဖွဲ့အစည်းမှာ မူးယစ် ဆေးဝါးကို ဗဟိုပြုပြီးဖြစ်လာတဲ့ ပြဿနာတွေ ဘယ်လောက်တောင် ကြီးကျယ်များပြားခဲ့သလဲ ဆိုတာကို သတိပြုစေချင်တဲ့ သဘောပဲဖြစ်ပါတယ်။
မူးယစ်ဆေးဝါးကြောင့်
ဒုက္ခရောက်သူ ပိုများ
၂၀၁၇ ခုနှစ် ကမ္ဘာ့မူးယစ်ဆေးဝါး အစီရင်ခံစာအရ မူးယစ်ဆေးဝါး သုံးစွဲမှု ကြောင့် အရွယ်မတိုင်ခင် သေဆုံးသူ ပေါင်း ၁၉၀၀၀၀ ကျော်ရှိပြီး မူးယစ်ဆေး ဝါးနဲ့ ဆက်နွှယ်တဲ့ အိတ်ချ်အိုင်ဗွီရောဂါ၊ အသည်းရောင်အသားဝါရောဂါ၊ တီဘီ ရောဂါ ကူးစက်မှုတွေ မြင့်တက်လာတာ ကို တွေ့ရှိခဲ့ပါတယ်။
ယူအင်န်အိုဒီစီရဲ့ ၂၀၂၀ ပြည့်နှစ် ကမ္ဘာ့မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ အစီရင်ခံစာမှာတော့ တစ်ကမ္ဘာလုံးအနေ နဲ့ ၂၀၁၈ ခုနှစ်မှာ လူပေါင်း ၂၆၉ သန်း မူးယစ်ဆေးဝါးအသုံးပြုခဲ့တာကို ဖော်ပြ ထားပါတယ်။ ဒီပမာဏဟာဆိုရင် ၂၀၀၉ ခုနှစ်ကထက် ၃၀ ရာခိုင်နှုန်း ပိုမိုများပြား လာခဲ့ပါတယ်။ မူးယစ်ဆေးဝါးကြောင့် စိတ်ကစဉ့်ကလျားဖြစ်သူ ၃၅ သန်း လောက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။
စိတ်ချရတဲ့ ကျန်းမာရေးစောင့်ရှောက်မှု တွေကို ဆောင်ကြဉ်းနိုင်
ကိုဗစ်-၁၉ ဟာ ကျန်းမာရေးကဏ္ဍမှာ မကြုံစဖူးသော ပြည်သူတွေရဲ့ သတိထား မှုကို ဖြစ်စေခဲ့ပါတယ်။ ထို့အတူ ကျန်းကျန်းမာမာနေထိုင်ဖို့ ခုခံကာကွယ် ရေးဆောင်ရွယ်ချက်တွေကိုလည်း ပိုလုပ် စေခဲ့ပါတယ်။ ဒီနေရာမှာ အချင်းချင်း ကာကွယ်မှုကတော့ အရေးကြီးဆုံးဖြစ် ပါတယ်။ ကမ္ဘာလုံးဆိုင်ရာ အယူအဆ ကြီးထွားလာတာနဲ့အမျှ စည်းလုံး ညီညွတ်မှုတွေ ဖြစ်ပေါ်လာတဲ့အချိန်မှာ အားလုံးအတွက် စိတ်ချရတဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေကိုလည်း ဆောင် ကြဉ်းလာနိုင်မှာ ဖြစ်ပါတယ်။
ဆေးဝါးတွေရဲ့ စျေးတွေ မြင့်တက်လာ
ယူအင်န်အိုဒီစီရဲ့ အစီရင်ခံစာအရ အကျိုးသက်ရောက်မှုကိုတော့ အတိအကျ မသိရသေးပါ။ သို့သော်လည်း ကမ္ဘာ တစ်ဝန်းမှာရှိတဲ့ နိုင်ငံတွေ ချမှတ်ထားတဲ့ တခြားကန့်သတ်ချက်တွေနဲ့ နယ်စပ် ကန့်သတ်ချက်တွေ၊ ဆေးဝါးပြတ်လပ်မှု တွေကို သတိပြုမိစေမှာ ဖြစ်ပါတယ်။ ဆိုလိုတာကတော့ ဆေးဝါးတွေရဲ့ စျေး တွေဟာ မြင့်တက်လာပြီး သန့်စင် မှန်ကန်မှုအပေါ်တော့ အကျိုးသက် ရောက်မှု ရှိလာမှာလားဆိုတာပဲ ဖြစ် ပါတယ်။
မူးယစ်မှောင်ခိုမှုတွေကို ပိုပြီးကျူးလွန်စေ
လွန်ခဲ့တဲ့နှစ်က ထုတ်ပြန်ခဲ့တဲ့ ယူအင်န်အိုဒီစီရဲ့ အစီရင်ခံစာမှာတော့ ကိုဗစ်-၁၉ ကြောင့် စီးပွားရေးကျဆင်း လာတဲ့ အခြေအနေဟာ မူးယစ်ဆေးဝါး ပြဿနာတွေနဲ့ သူနဲ့ဆက်စပ်အန္တရာယ် တွေပါ ပေါင်းထည့်လိုက်တော့ ပိုပြီးဆိုး စေပါတယ်။
ကိုဗစ်-၁၉ ကြောင့် အလုပ်လက်မဲ့ နှုန်းတွေ မြင့်တက်လာခြင်းနဲ့ အခွင့် အလမ်းတွေ ဆုံးရှုံးလာခြင်းက ကမ္ဘာ့ အဆင်းရဲဆုံးတွေကို ပိုပြီးဆိုးကျိုးဖြစ် စေပါတယ်။ ဒီအခြေအနေမှာ ဆင်းရဲသား တွေဟာ မူးယစ်ဆေးဝါးမှောင်ခိုမှုတွေနဲ့ ဘိန်း စိုက်ပျိုးမှုတွေကို ပိုပြီးကျူးလွန်မိစေ ပါတယ်။ ဘိန်းက တခြားသီးနှံထက် အကျိုးအမြတ်များတဲ့အတွက် စိုက် စရိတ်လည်း ဆုံးရှုံးစရာမရှိတော့တဲ့ အတွက် ဒီနည်းကိုပဲ အများအပြား ရွေးချယ်ခဲ့ကြပါတယ်။
မူးယစ်ကိုပစ် ပန်းတိုင်သစ်
ပြီးတော့လည်း မူးယစ်ကုန်သွယ်မှု တွေကို နည်းလမ်းသစ်တွေနဲ့ ပုံမှန် မဟုတ်တဲ့ လမ်းကြောင်းတွေကနေ လုပ်ဆောင်လာကြပါတယ်။
ယူအင်န်အိုဒီစီရဲ့ အဆိုအရ ကြား ဖြတ်စစ်ဆေးမှုတွေ၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတွေ အားနည်းလာ တဲ့အတွက်ကြောင့် မူးယစ်မှောင်ခိုတွေ အတွက် မူးယစ်မှောင်ခိုမှုတွေကို လွယ် လွင့်တကူ လုပ်ကိုင်နိုင်စေပါတယ်။
မူးယစ်ဆေးဝါးဟာ ကမ္ဘာလောက ကြီးအတွက် ကောင်းကျိုးမပေးတဲ့ အတွက် မူးယစ်ကိုပစ် ပန်းတိုင်သစ်ဆီသို့ လှမ်းချီရမှာဖြစ်ပါကြောင်း။ ။
ကိုးကား - ယူအင်န်အိုဒီစီ