
ဆန်ဖရန်စစ္စကို အောက်တိုဘာ ၅
ကမ္ဘာလုံးဆိုင်ရာ လူမှုကွန်ရက်ဖြစ်သော Facebook ၏ လုပ်ငန်းဆောင်ရွက်မှုများ ကမ္ဘာတစ်ဝန်း ခြောက်နာရီကျော်ကြာမျှ ပြတ်တောက်ခဲ့ပြီးနောက် လုပ်ငန်းများ ပြန်လည်ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
အကြီးမားဆုံးပြဿနာ
ယခုကဲ့သို့သော နည်းပညာဆိုင်ရာအခက်အခဲမှာ မိမိတို့လုပ်ငန်းအတွက် ဆယ်စုနှစ်တစ်ခုကျော်အတွင်း အကြီးမားဆုံးပြဿနာဖြစ်ကြောင်း Facebook ကုမ္ပဏီက ပြောကြားသည်။ ယခုဖြစ်စဉ်အတွင်း Facebook အပါအဝင် အခြားသော လူမှုကွန်ရက်များဖြစ်သော Messenger၊ Instagram နှင့် WhatsApp တို့၏ လုပ်ငန်း ဆောင်ရွက်မှုများ၌လည်း နည်းပညာပိုင်းဆိုင်ရာ အခက်အခဲများ အလားတူဖြစ်ပွားခဲ့ ကြောင်း သိရသည်။ ကမ္ဘာတစ်ဝန်းရှိ မိမိတို့လူမှုကွန်ရက်အား သုံးစွဲလျက်ရှိသော စီးပွားရေးလုပ်ငန်းများနှင့် ပြည်သူများအား ယခုဖြစ်ရပ်ဖြစ်ခဲ့ရခြင်းအတွက် စိတ်မကောင်းဖြစ်ရကြောင်း Facebook ကုမ္ပဏီက တောင်းပန်စကား ပြောကြားခဲ့ သည်။
ကမ္ဘာလုံးဆိုင်ရာလူမှုကွန်ရက်ဖြစ်သော Facebookနှင့် အခြားသော လူမှု ကွန်ရက်များဖြစ်သော Messenger၊ Instagram နှင့် WhatsApp တို့၏ လုပ်ငန်း ဆောင်ရွက်မှုများမှာ ယမန်နေ့က ကမ္ဘာတစ်ဝန်းပြတ်တောက်မှုများ ခေတ္တဖြစ်ခဲ့ ကြောင်း သိရသည်။
နည်းပညာဆိုင်ရာ အခက်အခဲများ
၎င်းလူမှုကွန်ရက်များ၏ ဆာဗာများအား ထိန်းချုပ်မှုပြတ်တောက်ခြင်း အပါအဝင် နည်းပညာဆိုင်ရာအခက်အခဲများ ယမန်နေ့က ဖြစ်ခဲ့ကြောင်း သိရသည်။
အဆိုပါနည်းပညာဆိုင်ရာ ချို့ယွင်းမှုများမှာ Facebook ၏ ဆာဗာများချို့ယွင်းမှု ကြောင့် ဖြစ်ပေါ်လာရကြောင်း နည်းပညာဆိုင်ရာလုပ်ငန်းဖြစ်သည့် TechCrunch က ပြောကြားသည်။ အဆိုပါ လူမှုကွန်ရက်များ ပြတ်တောက်နေစဉ်အချိန်အတွင်း အဆိုပါ လူမှုကွန်ရက်သုံးစွဲသူများအနေဖြင့် ဓာတ်ပုံများပေးပို့ခြင်းနှင့် ၎င်းတို့ရေးသား ပေးပို့ရန်ရှိသည့် အချက်အလက်များကို ရေးသားပေးပို့ခြင်းတို့ မဆောင်ရွက်နိုင်ခဲ့ ကြောင်း သိရသည်။
ကိုးကား-အင်န်အိတ်ချ်ကေ၊ ဆင်ဟွာ
ဘာသာပြန်-စိုးသူရ