
နေပြည်တော် ဩဂုတ် ၁၅
၂၀၂၄ ခုနှစ် ကမ္ဘာ့မိခင်နို့ တိုက်ကျွေးရေးရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် များ အထိမ်းအမှတ်အခမ်းအနား ကို ယနေ့ နံနက် ၉ နာရီက ကျန်းမာရေးဝန်ကြီးဌာန ရုံး အမှတ် (၄) Meeting Hall ၌ ကျင်းပသည်။
ဦးစွာ ကျန်းမာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း က ယခုနှစ် ‘ကမ္ဘာ့မိခင်နို့ စနစ် တကျတိုက်ကျွေးရေး ရက်သတ္တ ပတ်’ ၏ဆောင်ပုဒ်မှာ “Closing the Gap; Breastfeeding Support for All” ဖြစ်ပြီး ‘မိခင် နို့ချိုတိုက်ကျွေးဖို့ အားလုံးကူညီ ပံ့ပိုးစို့’ ဟု မြန်မာလို ဘာသာပြန်ဆို ထားပါကြောင်း၊ အာဟာရဖွံ့ဖြိုး ရေး ရက်သတ္တပတ်လှုပ်ရှားမှုများ ကို ဗဟို၊ တိုင်းဒေသကြီး/ပြည်နယ် နှင့် မြို့နယ်များတွင် အထိမ်း အမှတ်အခမ်းအနားများ၊ လှုပ်ရှား မှုများအဖြစ် ဆောင်ရွက်ခြင်းဖြင့် ပြည်သူလူထုအတွင်း အာဟာရ ပြည့်ဝကျန်းမာအောင် စီမံစားသုံး တတ်စေသည့် အသိပညာ၊ အမူ အကျင့်ကောင်းများ ပိုမိုကျယ်ပြန့် စွာ သိရှိလာစေမည်ဖြစ်ကြောင်း၊ ကလေးငယ်များနှင့် အမျိုးသမီး များ၏ ကျန်းမာရေးနှင့် အာဟာရ အခြေအနေ ပိုမိုကောင်းမွန်မြင့်မား လာစေရေးအတွက် အားလုံး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက် ကြရန် လိုအပ်ကြောင်းကို ပိုမို သိရှိလာနိုင်မည်ဖြစ်ပါကြောင်း။
နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီမှ ချမှတ်ထားသည့်လူမှု ရေး ဦးတည်ချက်များနှင့်အညီ တစ်မျိုးသားလုံး သက်ရှည် ကျန်းမာကြံ့ခိုင်ရေး၊ တစ်နိုင်ငံလုံး အသိပညာ၊ အတတ်ပညာ မြင့်မား တိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှု အထောက်အကူပြု ပညာရှင်များ ထွန်းကားလာစေရေးနှင့် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ် များ၌လူငယ်များအနေဖြင့် အဓိက စွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များဖြစ်စေရေး စသည့် လူ့စွမ်းအားအရင်းအမြစ်များ မွေး ထုတ်နိုင်ရန်၊ ဉာဏ်ရည်ဖွံ့ဖြိုး တိုးတက်သော အနာဂတ်လူချွန် လူကောင်းများ ပေါ်ထွက်လာစေ ရန် အခြေခံကျပြီး အရေးပါသည့် အာဟာရဖွံ့ဖြိုးရေး လုပ်ငန်းများ ကို ပိုမိုခိုင်မာအောင် အရှိန်အဟုန် မြှင့်တင် ပူးပေါင်းဆောင်ရွက်ပေး ကြရန် အလေးအနက်တိုက်တွန်း လိုကြောင်း ပြောကြားသည်။
ယင်းနောက် (၂၀၂၄) ခုနှစ် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက် သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ လှုပ်ရှားမှု ဗီဒီယိုပြသခြင်း၊ အခြေခံပညာ အထက်တန်းအဆင့်နှင့် အလယ် တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ တွင် ဆုရရှိခဲ့သည့် ကျောင်းသား ကျောင်းသူများအား ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နှင့် ဒုတိယဝန်ကြီးတို့က ဆုချီးမြှင့် ခြင်း၊ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ခြင်းများ ဆောင်ရွက် ကြပြီး တက်ရောက်လာသူများနှင့် အတူ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုး ရေး ရက်သတ္တပတ်များ အထိမ်း အမှတ်ပြခန်းငယ်ကို လှည့်လှည် ကြည့်ရှုခြင်း၊ မူကြိုကလေးငယ် များအား အင်အားပြည့်ဗီတာမင် အေဆေးများ တိုက်ကျွေး ခြင်း(အပေါ်ဝဲပုံ)၊ ကိုယ်ဝန်ဆောင် မိခင်များအား သံဓာတ်အားဆေး၊ ဗီတာမင်ဘီဝမ်း အားဆေးများ ပေးအပ်ခြင်းနှင့် အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ် ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
အခမ်းအနားသို့ ကျန်းမာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ကျန်းမာရေး ဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာနများ မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန် ရှိသူများ၊ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ပညာရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန တို့မှ တာဝန်ရှိသူများ၊ မြန်မာ နိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်၊ ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော နိုင်ငံတကာ အဖွဲ့အစည်းများမှ ကိုယ်စား လှယ်များ၊ နေပြည်တော် ပြည်ထောင်စု နယ်မြေအတွင်းရှိ ဆေးရုံများမှ ဆေးရုံအုပ်ကြီး များနှင့် အခြေခံကျန်းမာရေး ဝန်ထမ်းများ တက်ရောက်ခဲ့ ကြောင်း သိရသည်။
သတင်းစဉ်