ကမ္ဘာ့မည်သည့်နေရာတွင်မျှ လက်ခံမှုမပြုသင့်သည့် အကြမ်းဖက်ဝါဒ

 

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) ၊ အမျိုး သား ညီညွတ်ရေးအစိုးရ(NUG) တို့ကို အကြမ်းဖက်အဖွဲ့အစည်း များအဖြစ် တရားဝင်ထုတ်ပြန်ကြေညာထားသည်။ ၎င်းအဖွဲ့များ မှာ မြန်မာနိုင်ငံအတွင်း ဒေသအနှံ့အပြားတွင် ဖြစ်ပေါ်နေသည့် လုပ်ကြံသတ်ဖြတ်မှုများ၊ ဗုံးခွဲမိုင်းခွဲတိုက်ခိုက်မှုများ၊ မီးရှို့မှုများ အပါအဝင် အကြမ်းဖက်လုပ်ရပ်များစွာတို့ကို အမိန့်ပေးခြင်း၊ နောက်ကွယ်မှ စေခိုင်းခြင်း၊ ငွေကြေးထောက်ပံ့ခြင်း၊ သင်တန်းပေးခြင်း စသည်တို့ ပြုလုပ်ခဲ့ကြသည်။ ယင်းအကြမ်းဖက်တိုက် ခိုက်မှုများမှာ လူနေရပ်ရွာများအတွင်း လက်နက်ကိုင်ဆောင် ထားခြင်းမရှိသည့် သာမန်အရပ်သူအရပ်သားများကို အမျိုးသမီးများ၊ ကလေးများအပါအဝင် မိသားစုလိုက် သတ်ဖြတ်ခြင်းများလည်း ပါဝင်သည်။


NUG ၊ CRPH အကြမ်းဖက်အဖွဲ့များ၊ ၎င်းအဖွဲ့များနှင့် ချိတ်ဆက်လှုပ်ရှားနေသည့် PDF အမည်ခံ အကြမ်းဖက်အုပ်စုများ၊ ဒေသများစွာတွင် နာမည်အမျိုးမျိုးခံထားကြပြီး အကြမ်းဖက်လုပ်ငန်းများ ပြုလုပ်နေကြသည့် အုပ်စုကွဲများ၊ ဗိုလ်နာမည်အမျိုးမျိုးခံယူထားကြသူများက ဦးဆောင်နေသည့် အကြမ်းဖက်ဂိုဏ်း ဂဏများက ကျူးလွန်နေသည့် လုပ်ရပ်များစွာတို့မှာ တပ်မတော် နှင့် ရဲတပ်ဖွဲ့တို့ကို ရင်ဆိုင်တိုက်ခိုက်ခြင်းထက် အလွယ်တကူလုပ်နိုင်သည့် လက်နက်မဲ့၊ အပြစ်မဲ့ပြည်သူများအပေါ် ကျူးလွန်မှုများက ပို၍များသည်။ တစ်နည်းအားဖြင့် တော်လှန်ရေးအမည်ခံထားပြီး ပြည်သူကိုရန်ပြုနေကြခြင်းသာဖြစ်သည်။ အကြမ်းဖက်သမားတို့ အားကောင်းသည့်နေရာများတွင်   ၎င်းတို့အား   ဆန့်ကျင်သူ၊ မထောက်ခံသူများကိုသာမက ကြားနေသူ၊ အေးချမ်းစွာ နေလိုသူများကိုပါ ရန်သူ၊ သူလျှို၊  ဒလန်အဖြစ် စွပ်စွဲသတ်မှတ်ကြပြီး မသန်စွမ်းသူနှင့်   သာသနာ့ဝန်ထမ်း    ရှင်ရဟန်းတို့ပါမကျန် သတ်ဖြတ်ခံကြရသည်။


ဒေသန္တရအုပ်ချုပ်ရေး ယန္တရားကို အောက်ခြေမှ ဖြိုချထားခြင်းအားဖြင့် ရပ်ရွာများတွင် တည်ငြိမ်မှု၊ လုံခြုံမှု၊ တရားဥပဒေ စိုးမိုးမှုတို့ ကင်းမဲ့အောင် ပြုလုပ်ထားကြပြီး ဒေသအလိုက် ရှိနေသည့် အကြမ်းဖက်အုပ်စုများ၊ ဂိုဏ်းများက သတင်းအမျိုးမျိုး ထုတ်ကြသည်။ ၎င်းသတင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် ဖြန့်ကြသလို   ကျင့်ဝတ်ကင်းမဲ့နေသော   မီဒီယာများနှင့်ပါ ချိတ်ဆက်ဝါဒဖြန့်ကြသည်။ ဤနည်းဖြင့် ထွက်ပေါ်လာသည့် သတင်းအချက်အလက်များမှာ မှားယွင်းနေသော၊ ပုံပျက်ပန်းပျက် ဖြစ်နေသော၊ ခိုင်မာမှုမရှိသော အကြောင်းအရာများက အများစု ဖြစ်နေမည်ဖြစ်သည်။ သို့ရာတွင် နိုင်ငံခြားသံတမန်အချို့၊ ကုလသမဂ္ဂလက်အောက်ခံရုံးများ၊ အထူးအေဂျင်စီများ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများမှ  ဝန်ထမ်းများ၊  ပြည်ပနိုင်ငံများမှ အစိုးရပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ လွှတ်တော်အမတ်များ စသည်တို့က  အထက်တွင်ဆိုခဲ့သည့်  မမှန်မကန်အချက်အလက်များ၊ သတင်းတု သတင်းယောင်များ၊ စွပ်စွဲချက်များကို အမှန်များဟု ယူဆကာ ယင်းတို့အပေါ် အခြေခံပြီး မြန်မာနိုင်ငံအပေါ် ဝေဖန်ခြင်း၊ ကြေညာချက်များထုတ်ပြန်ခြင်းများ ပြုလုပ်နေကြသည်။ ထို့အပြင် NUG ၊ CRPH အကြမ်းဖက်အဖွဲ့အစည်းများနှင့် ၎င်းတို့ ၏ လက်အောက်ခံအဖွဲ့များမှ  ကိုယ်စားလှယ်များနှင့် ထိတွေ့ ဆက်သွယ်ဆောင်ရွက်ခြင်း၊ ၎င်းတို့၏နိုင်ငံများ၌ ကိုယ်စားလှယ်ရုံးများဖွင့်ခွင့်ပြုခြင်းနှင့်   လွှတ်တော်များက ဆုံးဖြတ်ချက်များ ချမှတ်အတည်ပြုခြင်းများပြုလုပ်နေကြရာ အကြမ်းဖက်ဝါဒကို အားပေးအားမြှောက်ပြုလုပ်ခြင်းနှင့် အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းတို့ ပြုရာရောက်နေသည်ကို တွေ့ရသည်။


မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒသည် ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်ရေးမူကြီး  (၅) ချက်   အပေါ်တွင်အခြေခံသည့်အလျောက် အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို အလေးထားရန်၊ နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကိစ္စများတွင် ဝင်ရောက်စွက်ဖက်ခြင်းမပြုရန်တို့ကို အလေးအနက်ထားသည်။ အကြမ်းဖက်ဝါဒနှင့် အစွန်းရောက်ဝါဒဟူသည် မည်သည့်နိုင်ငံတွင်မှ လက်ခံခြင်းမပြု၊ အားပေးပံ့ပိုးမှုမပြုအပ်သည့်အလျောက်     မြန်မာနိုင်ငံအပေါ် အကြမ်းဖက်မှုကျူးလွန်နေသည့် အဖွဲ့အစည်းများအား ဥပဒေအရ အရေးယူမှုများတွင် ဝိုင်းဝန်းကူညီပေးခြင်းဖြင့် အကြမ်းဖက် ဝါဒကို တိုက်ဖျက်နိုင်ကြပါစေကြောင်း။       ။