ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ မူလဇာစ်မြစ်ကို ခြေရာခံသင့်ကြောင်း လန်းဆက်ဆေးပညာဂျာနယ်တွင် ဖော်ပြ


 

ပေကျင်း  စက်တင်ဘာ   ၂၈ 


အနာဂတ်    ကပ်ရောဂါများကို ကာကွယ်နိုင်ရန် ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉   မူလဇာစ်မြစ်များကို ခြေရာခံသင့်ကြောင်း  လန်းဆက် ဆေးပညာဂျာနယ်တွင်   ဖော်ပြ ထားသော ဆောင်းပါးတစ်ပုဒ်တွင် ရေးသားထားသည်။
တရုတ်သိပ္ပံပညာရှင် အုပ်စု တစ်စုနှင့်   အတူတကွရေးထား သော     ဆောင်းပါးထဲတွင် စာရေးဆရာက      ကိုဗစ်-၁၉ ကပ်ရောဂါမတိုင်ခင်    မည်သည့် ဓာတ်ခွဲခန်းကမှ SARS-CoV-2 သို့မဟုတ် ၎င်းနှင့်နီးစပ်ပြီး ရှေးကျ သောဗိုင်းရပ်စ်မျိုးကို သိမ်းဆည်း ထားသည်ဆိုသည့်    အချက် အလက်များ   မတွေ့ရကြောင်း မှတ်ချက်ပြုဖော်ပြခဲ့သည်။ 
ကမ္ဘာတစ်ဝန်း   ယခုအချိန် အထိပြုလုပ်ထားသော  မြောက် မြားစွာသော   လေ့လာမှုများကို ရည်ညွှန်း၍ ဆောင်းပါးထဲတွင် SARS-CoV-2  နှင့် ဆက်စပ် နှီးနွှယ်သည့်  ဗိုင်းရပ်စ်များသည် လူသားများနှင့် တိရစ္ဆာန်များကြား ဖြတ်သန်း      သယ်ဆောင်သည့် မျိုးစိတ်များ   ဖြစ်နိုင်ကြောင်းကို ကမ္ဘာ့အစိတ်အပိုင်း   အတော်များ များတွင် ထပ်ကာထပ်ကာ ဖော်ပြ သည်ကို တွေ့ရှိရကြောင်း ဖော်ပြ ထားသည်။ 
အမှန်တကယ်တော့ တိရစ္ဆာန် မှ လူဆီသို့ ကူးစက်ပျံ့နှံ့မှုများသည် ထပ်ကာထပ်ကာ ဖြစ်ပွားသည်မှာ ကျိန်းသေသလောက်   နီးပါးဖြစ် ကြောင်း    ဆောင်းပါးထဲတွင် ဖော်ပြထားသည်။ 
ယနေ့အထိ    ရှာဖွေတွေ့ရှိ ချက်များကို   အခြေခံ၍  SARS-CoV-2    သည်     ဗီဇပေါင်း မျိုးစိတ်တစ်ခု    ဖြစ်ကြောင်းနှင့်    ၎င်း၏  မူလဇာစ်မြစ်ကို  စုံစမ်း ဖို့ဆိုသည်မှာ        ခက်ခဲသော    အလုပ်တစ်ခု          ဖြစ်ကြောင်း   ဆောင်းပါးထဲတွင်    ဖော်ပြထား သည်။ 
ဆင်ဟွာ