
တရုတ်နိုင်ငံဟူပေပြည်နယ် ဝူဟန်မြို့မှ စတင်ဖြစ်ပွားခဲ့သည့် ကိုရိုနာဗိုင်းရပ်စ် ( ကိုဗစ်-၁၉)သည် လက်ရှိတွင် ကမ္ဘာ့နိုင်ငံအများအပြားသို့ ကူးစက်ပျံ့နှံ့မှုများဖြစ်ပွားလျက်ရှိပြီး တရုတ်နိုင်ငံအပါအဝင် တောင်ကိုရီးယား၊ ဂျပန်၊ အီတလီနှင့်အီရန်နိုင်ငံတို့သည် ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုနှင့် သေဆုံးမှုအများဆုံးနိုင်ငံများဖြစ်ကြသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ဆေးတပ်ဖွဲ့ က ၂၀၀၃ ခုနှစ် ဆားစ်ရောဂါကုသရေးတွင် အောင်မြင်စွာ လုပ်ဆောင်ခဲ့သော အထူးကုဆရာ၀န်များအား ရောဂါ စတင် ဖြစ်ပွားသည့် ဝူဟန်မြို့သို့ စေလွှတ်တာ၀န်ထမ်းဆောင် စေခဲ့သည်။ အထက်ပါရောဂါကုသရေးအဖွဲ့တွင် တရုတ် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ဆေးတက္ကသိုလ် များမှ ဆရာဝန်များ၊ တရုတ်ကြည်းတပ် ရောဂါထိန်းချုပ် ရေးနှင့် ကာကွယ်ရေးစင်တာနှင့် တပ်မတော်ဆေး သုတေသနတက္ကသိုလ်မှ ဆေးပညာအထူးကုဆရာဝန်များ ပါဝင်သည်။ ၎င်းတို့သည် ဖေဖော်ဝါရီ ၃ ရက်မှ စတင်ပြီး ဟိုရင်းရင်း အထူးကုဆေးရုံတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်သော နမိုးနီးယားရောဂါကို စတင်ကုသလျက်ရှိသည်။ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် ဟူပေပြည်နယ် ဝူဟန်မြို့တွင် စတင်တွေ့ရှိခဲ့ရသည်။ တရုတ်နိုင်ငံ တစ်နိုင်ငံလုံး အတိုင်းအတာအရအတည် ပြုရောဂါကူးစက်ခံရသူ ၈၀၅၆၅ ဦး ရှိခဲ့ရာ ၃၀၁၅ ဦး သေဆုံးပြီး ၅၂၁၀၉ ဦး ရောဂါသက်သာ၍ ပြန်လည် ကျန်းမာလာခဲ့သည်။
အီတလီနိုင်ငံ
အီတလီနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ရောဂါဖြစ်ပွားမှု ကြောင့် သေဆုံးသူ ၁၀ ဦးရှိပြီဟု အတည်ပြုခဲ့ပြီး ကျောင်းများနှင့် တက္ကသိုလ်များကို မတ် ၁၅ ရက်အထိ ပိတ်ထားသည်။ လူထုအစည်းအဝေးများနှင့် အားကစား ပွဲများကိုလည်း ပိတ်ပင်ထားခဲ့သည်။ ဝန်ကြီးချုပ်ကွန်တီက မိမိတို့တိုင်းပြည်အနေဖြင့် ရောဂါထိန်းချုပ်မှုကို ကိုင်တွယ် ဆောင်ရွက်လျက်ရှိသည်ဟု ပြောကြားခဲ့သည်။
ဂျပန်နိုင်ငံ
ဂျပန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုပေါင်း ၁၀၃၆ ဦးဖြစ်ပြီး ၎င်းတို့အနက် ယိုကိုဟားမားဆိပ်ကမ်းတွင်ရပ်နားထားသော သင်္ဘောမှခရီးသည် ၇၀၆ ဦးပါဝင်ပြီး နိုင်ငံ အတွင်းရှိ ခရိုင်ဆေးရုံများတွင်လူနာများကို ကုသပေးလျက် ရှိသည်။ ကိုရိုနာဗိုင်း ရပ်စ်ပြင်းထန်စွာဖြစ်ပွားသည့် ဟော့ ကိုင်းဒိုးခရိုင်သို့လည်း ကုသမှုများနှင့် အခြားဒေသများ မှ နှာခေါင်းစည်းများကို ရောဂါကာကွယ်ရေးအတွက် ပေးပို့ခဲ့ သည့် ကျန်းမာရေးဝန်ထမ်း ၁၀ ဦးမှာ ရောဂါကူးစက်ခံခဲ့ရသည်။
အီရန်နိုင်ငံ
နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုကြောင့် သေဆုံးသူ ၉၂ ဦးရှိပြီး စာသင်ကျောင်းများနှင့် ကပွဲများ၊ အားကစားပြိုင်ပွဲများကို ပိတ်ထားသည််။
အမေရိကန်နိုင်ငံ
အမေရိကန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွား သူများမှာ ၁၂၉ ခုရှိပြီး သေဆုံးသူ ၁၁ ဦးရှိသည်။ အမေရိကန် ရောဂါပိုးမွှားထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဌာနက မည်သူမဆို ကိုယ်အပူချိန်ရှိခြင်း၊ ချောင်းဆိုးခြင်းနှင့် အသက် ရှူရခက်ခဲသော ရောဂါလက္ခဏာများတွေ့ရှိပါက ကျန်းမာရေး အခမဲ့စစ်ဆေးနိုင်ကြောင်း ကြေညာထားသည်။ ကယ်လီ ဖိုးနီးယားမြို့တော်ဝန် ဂေဘင်နယူစန်က ဂိုးဒင်းစတိတ် တွင် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးမှုဖြစ်ပွားပြီးနောက် အရေးပေါ်အခြေအနေ ကြေညာခဲ့သည်။ ကယ်လီဖိုးနီးယား တွင် အစိုးရတာဝန်ရှိသူအဆင့်ဆင့်အား တာဝန်ချထားပြီး ရောဂါရှာဖွေဖော်ထုတ်ရေးနှင့် ပြန့်ပွားမှုနှေးကွေးသွားစေ ရန် ဆောင်ရွက်ထားကြောင်း နယူစန်က ပြောကြားသည်။ အရေးပေါ်အစီအစဉ်တွင် ကောင်းမွန်သော ကျန်းမာရေးစောင့်ရှောက်မှုစင်တာများရှိစေရန်၊ အခြားပြည်နယ်များမှ ကျန်းမာရေးဝန်ထမ်းများအား ကယ်လီဖိုးနီးယားရှိ ကျန်းမာရေးစောင့်ရှောက်မှုစင်တာ၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါကုသရေးတွင် ပါဝင်ဆောင်ရွက်နိုင်ရန် အကူအညီ ပေးခြင်း စသည်တို့ ပါဝင်သည်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပထမဆုံးသေဆုံးမှုမှာ ပလေဇာစီရင်စုရှိ သက်ကြီးရွယ်အိုတစ်ဦးသည် ဆန်ဖရန် စစ္စကိုမှ မက္ကဆီကိုသို့ သင်္ဘောဖြင့် ခရီးထွက်ခဲ့ပြီးနောက် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ကာ သေဆုံးခဲ့သည်။ လော့အိန် ဂျလိစ်တွင်လည်း ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှု ခြောက်ခုရှိခဲ့ သဖြင့် အရေးပေါ်အခြေအနေ ကြေညာခဲ့သည်။
ကိုးကား-အေအက်ဖ်ပီ၊ ဆင်ဟွာ၊ စီဂျီတီအင်န်
ဘာသာပြန် - စိုးသူရ