ကမ္ဘာ့တိုက်ကွမ်ဒိုပြိုင်ပွဲ မြန်မာကြေးတံဆိပ်ဆု ဆွတ်ခူး

 

ရန်ကုန်   ဧပြီ   ၂၀


အွန်လိုင်းက  ကျင်းပသည့်  ကမ္ဘာ့ တိုက်ကွမ်ဒိုပြိုင်ပွဲ       (World Taekwondo Online Poomsae open   Challenge)    ပြိုင်ပွဲတွင် မြန်မာကိုယ်စားပြု     အဖြစ် ဝင်ရောက်       ယှဉ်ပြိုင်သည့် မောင်ဆန်းရှိုင်း  ကြေးတံဆိပ်ဆု  ဆွတ်ခူးခဲ့ကြောင်း     သိရသည်။ ယင်းပြိုင်ပွဲတွင်   အသက်  ၃၀ အောက်    အမျိုးသားတစ်ဦးချင်း Recognized Poomase ပြိုင်ပွဲကို   ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ     ပထမ ဖိလစ်ပိုင်၊   ဒုတိယ    အင်ဒိုနီးရှား၊ တတိယမြန်မာ၊ စတုတ္ထ ကိုရီးယား  တို့ ရရှိကြသည်။

 


ထို့ပြင်  အသက်  ၄၀  အောက် အမျိုးသားတစ်ဦးချင်း   Recog-nized Poomase ပြိုင်ပွဲတွင်လည်း  မောင်ဆန်းရှိန်သက်    ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ    အကြိုအဆင့်နှင့် ဆီမီးဖိုင်နယ်များအား   အဆင့်ဆင့် ကျော်ဖြတ်ပြီး   ဖိုင်နယ်အဆင့်တွင်  အဆင့်   ၈   နေရာဖြင့်   ကျေနပ်ခဲ့ရ ကြောင်း သိရသည်။          

 


“ဒီပြိုင်ပွဲ     သက်ငယ်တန်း မှာ  ကလပ်အသင်းတိုင်း  ရွှေဆု ရကြပါတယ်။    သူတို့အတန်းမှာ နိုင်ငံပေါင်း  ၂၀  ရှိတယ်။  အတန်း အမျိုးအစားမှာ ပြည်ပနိုင်ငံမပါ မှသာ မြန်မာအချင်းချင်း ပြိုင်ကြရ တယ်။ ပြည်ပနိုင်ငံနဲ့ အများဆုံး ယှဉ်ပြိုင်ကြတယ်။

 

  ဒါ့ပြင်   ကမ္ဘာ့ ချန်ပီယံပြိုင်ပွဲမှာ  နိုင်ငံပေါင်း  ၆၂ နိုင်ငံပါတယ်။  ကစားသမားပေါင်း ၁၆၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင် ကြတယ်။ ဒါကြောင့်ဆန်းရှိန်သက် နဲ့   ဆန်းရှိုင်းတို့   ကြိုးစားကြ ပါတယ်”    ဟု     မြန်မာနိုင်ငံ   တိုက်ကွမ်ဒိုအဖွဲ့ချုပ်   (နည်းစနစ် ကော်မတီ)မှ ဦးကျော်သန်းဦးက ပြောသည်။   ကမ္ဘာ့တိုက်ကွမ်ဒို ခါးစည်းကာလာအဆင့်   အမြန် ကန်ချက်ပြိုင်ပွဲများကို ဧပြီ ၂၃ ရက်အထိ YouTube မှ ဆက်လက်  ပြသသွားမည်ဖြစ်ကြောင်း သိရ သည်။ 


အာကာစိုး