
ဖနောင်ပင် အောက်တိုဘာ ၃၁
ကမ္ဘောဒီးယားနိုင်ငံတွင် နိုဝင်ဘာ ၁ ရက်မှစတင်ကာ တရုတ်နိုင်ငံ ထုတ် ဆီနိုဗက်ကာကွယ်ဆေး ကို အသက် ငါးနှစ် အရွယ်ကလေး များအား စတင်ထိုးပေးမည် ဟု ကျန်းမာရေးဝန်ကြီးဌာနက အောက်တိုဘာ ၃၀ ရက်တွင် သတင်းထုတ်ပြန်သည်။ ပြည်နယ် နှင့် မြို့ပေါင်း ၂၅ခုမှ အသက်ငါးနှစ် အရွယ် ကလေးများကို နိုဝင်ဘာ ၁ရက်မှစတင်ကာ ကာကွယ်ဆေး ထိုးပေးမည်ဖြစ်ပြီး ဆေးနှစ်ကြိမ် ထိုးပေးမည်ဖြစ်သည်။
ပထမတစ်ကြိမ် ကာကွယ် ဆေးထိုးပြီး ၂၈ ရက်အကြာတွင် ဒုတိယအကြိမ် ကာကွယ်ဆေးထိုး ပေးမည်ဖြစ်သည်ဟု ကျန်းမာရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အော်ဗန်ဒိုင်းက ပြောသည်။
ကလေးများကို ကာကွယ် ဆေးထိုးပေးရန် ခေါ်ဆောင်လာ စဉ် အုပ်ထိန်းသူမိဘများသည် မွေးစာရင်း၊ မိသားစုမှတ်တမ်း စာအုပ်ကို ယူဆောင်လာရမည် ဖြစ်သည်။ နိုင်ငံအတွင်း အသက် ခြောက်နှစ်နှင့်အထက် လူဦးရေ ၁၃ ဒသမ ၇ သန်းကို အနည်းဆုံး တစ်ကြိမ် ကာကွယ်ဆေးထိုးပေး ပြီးဖြစ်သည်။
ဆင်ဟွာ