ကမ္ဘောဒီးယားနိုင်ငံ မြို့တော်တွင် မင်္ဂလာဆောင်များနှင့်  ဘာသာရေးဆိုင်ရာလုပ်ငန်းဆောင်တာများကို ခွင့်ပြုပေး

 

 

ဖနောင်ပင် နိုဝင်ဘာ ၉


ကမ္ဘောဒီးယားနိုင်ငံမြို့တော် ဖနောင်ပင် တွင်    ကိုဗစ်- ၁၉ ကပ်ရောဂါကြားမှ  မင်္ဂလာဆောင်များနှင့်     ဘာသာရေး အခမ်းအနားများကို   ပြုလုပ်ခွင့်ပေး လိုက်ပြီဖြစ်သည်။       သို့သော်လည်း ဧည့်သည်အရေအတွက်ကိုမူ အများဆုံး ၂၀၀ အထိသာ ခွင့်ပြုပေးထားသည်ဟု ဖနောင်ပင် အုပ်ချုပ်ရေးမှူး ခွန်စရင်း က နိုဝင်ဘာ ၈ ရက်  နှောင်းပိုင်းတွင် ပြောသည်။ 
မင်္ဂလာဆောင် သို့မဟုတ်  ပွဲတော် ကျင်းပရေးစီစဉ်သူများသည်   ဒေသခံ အာဏာပိုင်များထံ ခွင့်ပြုချက်တောင်းခံရမည်ဖြစ်ပြီး စံချိန်စံညွှန်းလုပ်ငန်းစဉ် များကြီးကြပ်ရေးအဖွဲ့(SOP ) မှ ချမှတ် ထားသော    ကိုဗစ်-  ၁၉  စည်းကမ်း သတ်မှတ်ချက်များကို   လိုက်နာပါမည် ဟူသော  စာချုပ်တွင် လက်မှတ်ရေးထိုး ရမည်ဖြစ်သည်။ အကယ်၍ (SOP ) ၏ စည်းကမ်းချက်များနှင့်   အခြားသော ကျန်းမာရေးဆိုင်ရာ   အချက်များကို လိုက်နာရန်ပျက်ကွက်သည့်  မည်သည့် အဖွဲ့အစည်းကိုမဆို      ပွဲကျင်းပမှုကို ရပ်တန့်ရန်  အာဏာပိုင်များက ချက်ချင်း လုပ်ဆောင်နိုင်သည်ဟုလည်း သိရသည်။ 
ကိုဗစ်- ၁၉ နေ့စဉ်ကူးစက်မှုများ ကျဆင်းလာပြီး    လူအများစု ကာကွယ် ဆေးထိုးပြီးနောက် ယခုလိုခွင့်ပြုချက် ပေးခဲ့ခြင်းဖြစ်သည်။    ယခုအချိန်အထိ ကမ္ဘောဒီးယားနိုင်ငံတွင်    ကိုဗစ်- ၁၉ ကာကွယ်ဆေးတစ်ကြိမ် ထိုးပြီးသူ ၁၃ ဒသမ ၉၈ သန်းရှိပြီး နှစ်ကြိမ်ကာကွယ် ဆေးထိုးပြီးသူ  အရေအတွက်မှာ    ၁၃ ဒသမ ၁၅ သန်း  ရှိသည်ဟု သိရသည်။
ဆင်ဟွာ