ကမ္ဘောဒီးယားနိုင်ငံ၌ အိုမီခရွန် ဗိုင်းရပ်စ်သစ်ကူးစက်သူတစ်ဦးကို ပထမဆုံးတွေ့ရှိ

 

ဖနောင်ပင်  ဒီဇင်ဘာ ၁၅ 


ကမ္ဘောဒီးယားနိုင်ငံတွင်    အိုမီခရွန် ဗိုင်းရပ်စ်သစ် ကူးစက်သူတစ်ဦး ပထမဆုံး       စမ်းသပ်တွေ့ရှိခဲ့သည်။ ၎င်းသည် အာဖရိက အနောက်ပိုင်း ဂါနာမှ ခရီးသွားတစ်ဦးဖြစ် ကြောင်း     ကမ္ဘောဒီးယားကျန်းမာရေး ဝန်ကြီးဌာနက    ဒီဇင်ဘာ ၁၄ ရက် ည ထုတ်ပြန်ချက်တွင်    ဖော်ပြလိုက်သည်။ 

 


အသက် ၂၃ နှစ်ရှိ    ကမ္ဘောဒီးယား အမျိုးသမီးတစ်ဦးသည် အိုမီခရွန်ဗိုင်းရပ်စ် သစ်ကူးစက်ခံထားရကြောင်း   ဒီဇင်ဘာ ၁၄ ရက်တွင်         ပက်စတာအင်စတီကျု့က အတည်ပြုဖော်ပြခဲ့သည်။ 

 


ကိုယ်ဝန် ၁၅ ပတ်ရှိ      အဆိုပါ ကမ္ဘောဒီးယားအမျိုးသမီးသည်    ဂါနာ နိုင်ငံမှ  တနင်္ဂနွေနေ့က    ပြန်လည်ရောက်ရှိ ခဲ့သည်။ 
ဖနောင်ပင်လေဆိပ်သို့    ရောက်ရှိ လာသော  အဆိုပါ  အမျိုးသမီးကို ကိုဗစ်-၁၉  စမ်းသပ်စစ်ဆေးခဲ့ရာ   အိုမီခရွန် ကူးစက်ခံထားရကြောင်း         တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ 

 


ယင်းအမျိုးသမီးကို      ယခုအခါ   ဖနောင်ပင်ရှိ    ကိုဗစ်-၁၉   ကုသရေး စင်တာတွင်    ဆေးကုသမှု    ခံယူစေလျက် ရှိသည်။ 
တောင်အာဖရိကသည်  နိုဝင်ဘာ ၂၄ ရက်က အိုမီခရွန်ဗိုင်းရပ်စ်သစ်ပထမဆုံး တွေ့ရှိခဲ့ကြောင်း    ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးသို့   ပထမဆုံး   သတင်းပေးပို့ ဖော်ပြခဲ့သည်။ 


ဆင်ဟွာ