
ဖနောင်ပင် ဇွန် ၂၈
ကမ္ဘောဒီးယားနိုင်ငံက တရုတ်နိုင်ငံဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီ ဆီနိုဗက်ဘိုင်အိုတက်ခ်မှ ဝယ်ယူခဲ့သော ကိုဗစ်-၁၉ ကာကွယ်ဆေးများသည် ကမ္ဘောဒီးယားမြို့တော် ဖနောင်ပင်သို့ ဇွန် ၂၈ ရက်က ရောက်ရှိလာ ကြောင်း နိုင်ငံပိုင် ကမ္ဘောဒီးယားအမျိုးသားရုပ်သံက သတင်းဖော်ပြခဲ့သည်။
ကမ္ဘောဒီးယားနိုင်ငံ၏ ဆီနိုဗက်ကိုဗစ်-၁၉ ကာကွယ်ဆေးကိုရရှိခြင်းသည် ကမ္ဘောဒီးယား နိုင်ငံနှင့် တရုတ်နိုင်ငံအကြား နီးကပ်သော ဆက်သွယ် မှုရှိခြင်းနှင့် ပူးပေါင်းဆောင်ရွက်မှုရှိခြင်း သက်သေ တစ်ခုပင်ဖြစ်သည်။
ကာကွယ်ဆေးများသည် အဓိကအရေးပါသော မဟာဗျူဟာမြောက် အဖြေတစ်ခုပင်ဖြစ်ကြောင်းနှင့် ပြည်သူများ၏အသက်ကို ကာကွယ်နိုင်ပြီး စီးပွား ရေးနှင့် လူမှုရေးဆောင်ရွက်ချက်များကို အလုံးစုံ ပြန်လည်ကောင်းမွန်စေနိုင်ကြောင်း တိုက်ရိုက် တင်ဆက်မှုအစီအစဉ်တွင် ကမ္ဘောဒီးယား အမျိုးသား ရုပ်သံက သတင်းဖော်ပြခဲ့သည်။
တရုတ်-ကမ္ဘောဒီးယား ကိုဗစ်-၁၉ ပူးတွဲ တိုက်ဖျက်မှုသည် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု၏ စံနမူနာပုံစံတစ်ခုဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံရှိ တရုတ်သံရုံးက အတည်ပြု ပြောကြားခဲ့သည်။
အသစ်ထပ်မံရောက်ရှိလာသော ကိုဗစ်-၁၉ ကာကွယ်ဆေးများသည် ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ကျန်းမာရေးကောင်းစေရမည်ဆိုသည့် တရုတ်နိုင်ငံ ၏ ကတိကဝတ်တစ်ခုပင်ဖြစ်ကြောင်းနှင့် တရုတ် နိုင်ငံ၏ ကိုဗစ်-၁၉ ကာကွယ်ဆေးသည် ကမ္ဘော ဒီးယားနိုင်ငံပြည်သူများအား ခုခံအားကောင်းစေရန် အကူအညီပေးလိမ့်မည်ဟု ခိုင်မာစွာယုံကြည် ကြောင်း တရုတ်သံရုံးက ဆက်လက်ပြောကြားသည်။
အရှေ့တောင်အာရှ နိုင်ငံတစ်နိုင်ငံဖြစ်သော ကမ္ဘောဒီးယားနိုင်ငံတွင် ယခုနှစ်မကုန်မီ လူဦးရေ ၁၆ သန်းရှိသည့်အနက် အနည်းဆုံး ၁ဝ သန်းကို ကာကွယ်ဆေးထိုးပေးရန် စီစဉ်လျက်ရှိသည်။
ကမ္ဘောဒီးယားနိုင်ငံတွင် ဖေဖော်ဝါရီ ၁ဝ ရက်က ကိုဗစ်-၁၉ ကာကွယ်ဆေး စတင်ထိုးနှံပေးခဲ့သည်။ ဇွန် ၂၇ ရက်မတိုင်မီ လူဦးရေ ၆ ဒသမ ၈၃ သန်းကို ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးခဲ့သည့်အနက် လူဦးရေ ၃ ဒသမ ၉၅ သန်းပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးမှုခံယူခဲ့ကာ လူဦးရေ ၂ ဒသမ ၈၈ သန်း ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး အပြည့်အဝ ထိုးနှံမှုခံယူခဲ့ကြောင်း သိရသည်။
ဆင်ဟွာ