ကမ္ဘောဒီးယားနိုင်ငံတွင် ကပ်ရောဂါထိန်းချုပ်ပြီးနောက် အထက်တန်းစာမေးပွဲများ ကျင်းပ 


 

 

ဖနောင်ပင် ဒီဇင်ဘာ ၂၇
အထက်တန်းပညာရေးပြီးဆုံးသည့်စာမေးပွဲကို  ကမ္ဘောဒီးယား နိုင်ငံတွင် ကျင်းပရာ ကျောင်းသား ကျောင်းသူပေါင်း  ၁၁၄၁၈၃ ဦး ပါဝင်ဖြေဆိုခဲ့ခြင်းဖြစ်ကြောင်း၊  ကိုဗစ် - ၁၉   ကူးစက်မှုများ ကို    ထိန်းချုပ်မှုအောက်ထားရှိပြီးနောက်  ဒီဇင်ဘာ ၂၆ ရက် တွင် စတင်ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 
စာမေးပွဲဖြေဆိုသူများနှင့်   စာမေးပွဲစစ်ဆေးသူများသည်  တင်းကျပ်သည့်ကိုဗစ် -၁၉ စည်းကမ်းချက်များကို    လိုက်နာ ရမည်ဖြစ်ပြီး ပါးစပ်၊ နှာခေါင်းစည်းတပ်ခြင်း၊ လက်ဆေးခြင်းနှင့် အပူချိန်တိုင်းတာမှုများကိုလည်း လုပ်ဆောင်မည်ဖြစ်သည်။
ကိုဗစ် -၁၉  ကူးစက်ပျံ့နှံ့မှုကို ကာကွယ်သည့်အနေဖြင့် လူအချင်းချင်း  ခပ်ခွာခွာနေသည့် စည်းကမ်းများကိုလည်း လိုက်နာရမည်ဖြစ်သည်။ ကာဇတ်စတန်မှ တိုင်းပြည်အတွင်းသို့    ပြန်လာသည့်   ကျောင်းသားနှစ်ဦးတွင်လည်း  ကိုဗစ် - ၁၉ ကူးစက်ခံရကြောင်း  စစ်ဆေးတွေ့ရှိခဲ့သည်။
ပြီးခဲ့သည့်   နှစ်အတွင်းကလည်း  ကပ်ရောဂါကြောင့်  အစိုးရသည် ဂရိတ်  ၁၂  ကျောင်းသားများကို စာမေးပွဲဖြေဆို ခြင်းမရှိဘဲ  အောင်မြင်ခွင့်ပေးခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံတွင်  ယခုအချိန်ထိ   ကိုဗစ် -၁၉ ကာကွယ်ဆေး   ပထမအကြိမ် ထိုးပြီးသူ  ၁၄ ဒသမ ၂၄ သန်းရှိပြီး နှစ်ကြိမ် ကာကွယ်ဆေး ထိုးပြီးသူ ၁၃ ဒသမ ၆၂ သန်းရှိသည်ဟု ကျန်းမာရေးဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။                     ဆင်ဟွာ