
ဖနောင်ပင် အောက်တိုဘာ ၁
နိုင်ငံ့လူဦးရေ၏ ၈၃ ရာခိုင်နှုန်းမှာ ကိုဗစ်-၁၉ ကာကွယ်ဆေး အနည်းဆုံး တစ်ကြိမ်ထိုးနှံပြီးပြီ ဖြစ်သောကြောင့် ကမ္ဘောဒီးယား နိုင်ငံတွင် အောက်တိုဘာ ၁ ရက် က ကိုဗစ်-၁၉ ထပ်မံကူးစက် ဖြစ်ပွားသူ အံ့သြစရာကောင်း အောင် ကျဆင်းခဲ့ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန် ကြေညာလိုက် သည်။
ကမ္ဘောဒီးယား နိုင်ငံတွင် ကိုဗစ်-၁၉ ထပ်မံကူးစက် ဖြစ်ပွား သူ ၂၃၂ ဦးရှိခဲ့သည့်အနက် ၄၅ ဦးမှာ ပြည်ပကူးစက်ဖြစ်ပွားသူ များဖြစ်ပြီး ဧပြီလလယ်မှစကာ နေ့စဉ် ကိုဗစ်-၁၉ ကူးစက်ဖြစ် ပွားမှု အနိမ့်ဆုံးဖြစ်ခဲ့ကြောင်း ထုတ်ပြန် ကြေညာချက်တွင် ဆက်လက်ဖော်ပြထားသည်။
နိုင်ငံအတွင်း ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားသူပေါင်းမှာ ၁၁၂၈၈၃ ဦးအထိ ရောက်ရှိလာခဲ့ သည်။ ကိုဗစ်-၁၉ ကြောင့် ထပ်မံ သေဆုံးသူ ၁၇ ဦးရှိလာပြီးနောက် စုစုပေါင်း ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၂၃၃၆ ဦးအထိ ရောက်ရှိလာခဲ့ပြီး ကိုဗစ်-၁၉ မှ ပြန်လည် ကောင်းမွန်လာသူ ၁၀၃၃၈၃ ဦး ရှိလာပြီဖြစ် သည်။
စက်တင်ဘာ ၃၀ ရက်အထိ လူဦးရေ ၁၆ သန်းရှိသည့်အနက် လူဦးရေ ၁၃ ဒသမ ၃၇ သန်း သို့မဟုတ် ၈၃ ဒသမ ၅၇ ရာခိုင်နှုန်းကို အနည်းဆုံး ကိုဗစ်-၁၉ ကာကွယ်ဆေး တစ်ကြိမ် ထိုးနှံပေးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန အကြီး အကဲနှင့် ပြောရေးဆိုခွင့်ရှိသူ အော်ဗန်ဒင်းက ပြောသည်။
၎င်းတို့အနက် လူဦးရေ၏ ၁၁ ဒသမ ၀၆ သန်း သို့မဟုတ် ၆၉ ဒသမ ၁၂ ရာခိုင်နှုန်းကို ကိုဗစ်-၁၉ ကာကွယ်ဆေး အပြည့် အဝ ထိုးနှံပေးခဲ့ပြီး ၈၉၄၃၅၁ ဦး သို့မဟုတ် ၅ ဒသမ ၅၈ ရာခိုင်နှုန်း ကို ကိုဗစ်-၁၉ ကာကွယ်ဆေး အပိုဆောင်း ထိုးနှံခဲ့ပြီးဖြစ် ကြောင်း သိရသည်။
ဆင်ဟွာ