
ကမ္ဘောဇဘဏ်နှင့် အလှူရှင်များက
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများ ပေးအပ်လှူဒါန်း
==========================================================
ရန်ကုန် စက်တင်ဘာ ၅
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ကမ္ဘောဇဘဏ်မှ ငွေကျပ် သိန်း ၁၂၀၀ ခန့်တန်ဖိုးရှိ ရွေ့လျားကိုယ်အပူချိန်တိုင်းစက် ခြောက်လုံးအပါအဝင် အလှူရှင် ၁၆ ဦးက ငွေကျပ် ၂၃၀၄၇၂၀၀၀ တန်ဖိုးရှိ လိုအပ်သောပစ္စည်းများကို ယမန်နေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ လာရောက်ပေးအပ်လှူဒါန်းရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက လက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ကမ္ဘောဇဘဏ်သည် ကိုဗစ်-၁၉ ရောဂါ မဖြစ်ပွားခင် ဖေဖော်ဝါရီ ၂၆ ရက်မှစတင်ကာ ယနေ့အချိန်အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ငွေကျပ် ၆၁၆၄၂ သိန်း လှူဒါန်းခဲ့ကြောင်း၊ နိုင်ငံတော်အတွက် ကဏ္ဍအသီးသီး တွင်လည်း စုစုပေါင်း အလှူငွေကျပ် ၁၆၆ ဘီလီယံကျော် လှူဒါန်းခဲ့သည့်အပြင် လိုအပ်သည့်အချိန်၊ လိုအပ်သည့် နေရာများတွင် အချိန်နှင့်တစ်ပြေးညီ စဉ်ဆက်မပြတ် လှူဒါန်းသွားရန် စီစဉ်ထားရှိကြောင်း သိရသည်။
သတင်းစဉ်