ကန့်ဘလူမြို့နယ် ချပ်ကြီးကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းခွဲအား PDF အမည်ခံ အကြမ်းဖက်အဖွဲ့များက မိုင်းထောင်ဖောက်ခွဲဖျက်ဆီး

 

နေပြည်တော်  နိုဝင်ဘာ  ၂၅


အကြမ်းဖက်  အဖွဲ့အစည်းများ ဖြစ်သည့် CRPH ၊ NUG နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ သည်     ဗုဒ္ဓဘာသာဝင်တို့၏ ကိုးကွယ်ဆည်းကပ်ရာ  ရဟန်း သံဃာတော်များ၊ အနန္တဂိုဏ်းဝင် ဆရာ ဆရာမများ၊ နိုင်ငံ့ဝန်ထမ်း ကောင်းများ၊ အေးချမ်းစွာနေထိုင် သော  ပြည်သူများကို   ရက်စက် ယုတ်မာစွာ    အကြမ်းဖက်သတ် ဖြတ်ခြင်းများ ဆောင်ရွက်လျက် ရှိသည့်အပြင်    တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးအတွက်  အဓိက ကျသော အခြေခံအဆောက်အအုံ များဖြစ်သည့် စာသင်ကျောင်းများ၊ ဆေးရုံများ၊    အစိုးရရုံးဌာနများ၊ အများပြည်သူနှင့် သက်ဆိုင်သော စီးပွားရေး   အဆောက်အအုံများ၊ နေအိမ်အဆောက်အအုံများ၊ လမ်း၊ တံတားများကို       မိုင်းထောင် ဖောက်ခွဲခြင်းနှင့်   မီးရှို့ဖျက်ဆီး ခြင်းများကို ဆင်ခြင်တုံတရားမဲ့စွာ လုပ်ဆောင်လျက်ရှိသည်။

 


ထိုသို့ လုပ်ဆောင်လျက်ရှိရာ နိုဝင်ဘာ ၂၃ ရက် ည ၉ နာရီခွဲခန့် တွင်   စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်        ချပ်ကြီး ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းခွဲအတွင်းရှိ   တိုးချဲ့ စာသင်ဆောင်၏    ရှေ့မျက်နှာစာ လမ်းပေါ်၌ PDF အမည်ခံ အကြမ်း ဖက်အဖွဲ့များက         လက်လုပ် မိုင်းထောင်ကာ ဖောက်ခွဲခဲ့သဖြင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ပေါက်ကွဲ မှုကြောင့်     အဆိုပါလမ်းပေါ်၌ အကျယ် ၄ လက်မ၊ အနက် ၅ စင်တီမီတာခန့်    ပေါက်ပြဲကာ ကျောင်းဆောင်အမိုးသွပ် ၁၂ ချပ် တွင် ယမ်းစများထိမှန် ပျက်စီးခဲ့ပြီး ကျောင်းဆောင်   နံရံများတွင် “NUG”   စာသားပါ   ဆန့်ကျင် စာသားများ      ရေးသားထားခဲ့ ကြောင်း သိရသည်။

 


အထက်ပါ    အကြမ်းဖက်မှု လုပ်ရပ်များကို    ကျူးလွန်သူများ အား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး       လုံခြုံရေး တပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ် လျက်ရှိကြောင်း    သတင်းရရှိ သည်။                     

ရဲပြန်ကြား