
နေပြည်တော် ဇွန် ၁
ကယားပြည်နယ် လွိုင်ကော်မြို့အဝင် စစ်ဆေးရေးဂိတ်၌ လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် တည်ငြိမ်အေးချမ်းမှုကို လိုလားသည့် ပြည်သူများ၏ သတင်းပေးပို့ချက်အရ မေ ၂၈ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် ဒီးမော့ဆိုမှ လွိုင်ကော်မြို့ဘက်သို့ မောင်းနှင်းလာသည့် Hijet အမျိုးအစား (အဖြူရောင်) မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် အမှတ်(၁၀)ရပ်ကွက်တွင် နေထိုင်သည့် အကြမ်းဖက်အဖွဲ့များနှင့် ဆက်သွယ်နေသူ တစ်ဦးဖြစ်သည့် ဖေမောင်စိမ်း(ဘ)ဦးဖေသိန်း အား ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိသူ ဖေမောင်စိမ်း အနေဖြင့် ယခင်က ရန်ကုန်မြို့တွင် နေထိုင်စဉ် ရန်ကင်းမြို့နယ်ရှိ Film School သင်တန်းကျောင်း သို့ တက်ရောက်အောင်မြင်ခဲ့ပြီး Video Clip ဖန်တီးခြင်း၊ မှတ်တမ်း တို ရုပ်ရှင်ရိုက်ကူးရေးနှင့် ဓာတ်ပုံ တည်းဖြတ် နည်းပညာရပ်များ တတ်မြောက်သဖြင့် KNDF အမည်ခံ အကြမ်းဖက်အဖွဲ့အနေ ဖြင့် အကြမ်းဖက်လုပ်ငန်းများ ဆက်လက်လုပ်ဆောင်နိုင်ရန်နှင့် ၎င်းတို့အဖွဲ့အတွက် ပြည်ပမှ အလှူငွေများရရှိရန် ၎င်းတို့၏ စစ်ရေးလှုပ်ရှားမှုများ အောင်မြင် နေသည့် ပုံသဏ္ဌာန် ဖော်ဆောင် ဝါဒဖြန့်ဆောင်ရွက်နိုင်ရေး ယခင် က သိကျွမ်းဖူးခဲ့သည့် KNDF အမည်ခံ အကြမ်းဖက်အဖွဲ့မှ တပ်ခွဲမှူးအဆင့်ရှိ တေဇာဝင်းထွဋ် က ဖေမောင်စိမ်း အား ဆက်သွယ် ကာ တစ်လလျှင် ငွေကျပ် ၅ သိန်း ဖြင့် ခေါ်ယူငှားရမ်းခဲ့သဖြင့် ဧပြီလ တွင် ဒီးမော့ဆိုမြို့နယ် ခူးပရာ ကျေးရွာသို့ ရောက်ရှိခဲ့ကြောင်း။
ဆက်လက်၍ စစ်ဆေး မေးမြန်းချက်များအရ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ကယား ပြည်နယ်အတွင်း နယ်မြေ တည်ငြိမ် အေးချမ်းရေးအတွက် မတ်လနှင့် ဧပြီလများအတွင်း အကြမ်းဖက်ချေမှုန်းရေး ဆောင် ရွက်မှု (Counter - terrorism Action) လုပ်ဆောင်ခဲ့ရာ ကယား ပြည်နယ်အတွင်းရှိ KNDF အကြမ်းဖက်အဖွဲ့များ အနေဖြင့် ၎င်းတို့အခြေပြုရာ နေရာများမှ အထိနာ၍ ကစဉ့်ကလျား ဆုတ်ခွာ ထွက်ပြေးခဲ့ရကာ လက်နက်၊ ခဲယမ်း အမြောက်အမြားဆုံးရှုံး၍ ထိခိုက်ကျဆုံးမှု အမြောက်အမြား ဖြစ်ပေါ်ခဲ့ပြီး ၎င်းတို့၏ အကြမ်း ဖက်မှု လုပ်ဆောင်ရန် အစီအမံ များ ပျက်ပြားနေခဲ့သည့်အတွက် ပြန်လည်ဖုံးကွယ်နိုင်ရန် ဖေမောင် စိမ်း အား KNDF အကြမ်းဖက်အဖွဲ့ များ၏ စစ်ရေးလှုပ်ရှားမှုများ အောင်မြင်နေသည့် ပုံသဏ္ဌာန် အတုများ၊ ၎င်းတို့၏ လူ/လက်နက်၊ ခဲယမ်းများ အင်အား တောင့်တင်းသည့် ပုံသဏ္ဌာန် အတုများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ က ကျေးရွာများအား မီးရှို့ဖျက်ဆီး ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများ ပြုလုပ်သည့် ပုံသဏ္ဌာန်အတုများကို ပြင်ဆင်၍ ရိုက်ကူးရေးများ ပြုလုပ်စေပြီး ဓာတ်ပုံနှင့် ဗီဒီယိုများကို United Kingdon (UK)တွင် နေထိုင်သည့် NUG အကြမ်းဖက်အဖွဲ့နှင့် အဆက်အသွယ်ရှိသော George (ခ)ဗညား ထံသို့ ပေးပို့၍ ၎င်းမှ တစ်ဆင့် ဝါဒဖြန့်ခြင်း၊ ခေတ်သစ် နှင့် ဧရာဝတီသတင်းဌာနများသို့ ပေးပို့ခြင်းများ ဆောင်ရွက်ခဲ့ ကြောင်း၊ ထိုသို့ ဆောင်ရွက်ခဲ့သော် လည်း KNDF အကြမ်းဖက်အဖွဲ့ အနေဖြင့် ဖေမောင်စိမ်း အား မူလ သဘောတူညီထားသည့် အခကြေးငွေအား မပေးဆောင် သည့်အပြင် စားသောက်နေထိုင် ရေး ခက်ခဲလာခြင်း၊ ပြေးလွှား ပုန်းအောင်းနေရခြင်း၊ ၎င်း၏ အသက်အတွက် လုံခြုံရေးအာမခံ ချက်ပါ မရရှိတော့ကြောင်း ရိပ်စား မိလာသည့်အတွက် ထွက်ပြေးရန် ကြိုးစားခဲ့ရာမှ လမ်းတွင် ယခု ကဲ့သို့ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း နှင့် ဖေမောင်စိမ်းအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး လှိုင် မြို့နယ်၊ ကမာရွတ် လှည်းတန်း နှင့် ရန်ကင်းမြို့နယ်တို့၌ ပြုလုပ် သည့် ဆူပူအကြမ်းဖက် ဆန္ဒပြပွဲ များတွင်လည်း ပါဝင်ခဲ့ကြောင်း သိရှိရသည်။
အထက်ပါ ဖမ်းဆီးရမိ တရားခံ ဖေမောင်စိမ်းကို လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နှင့် ဆက်စပ်တရားခံများအား ဆက်လက်ဖော်ထုတ် အရေးယူ နိုင်ရေး ဆောင်ရွက်လျက်ရှိ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်