ကနေဒါနိုင်ငံ၏အကြီးဆုံးမြို့တော် တိုရွန်တို၌ ပစ်ခတ်မှုဖြစ်ပွား၊ သုံးဦးသေဆုံး

တိုရွန်တို ဇွန် ၁၈ 
ကနေဒါနိုင်ငံ၏         အကြီးဆုံး မြို့တော်   တိုရွန်တိုတွင်  သေနတ် ပစ်ခတ်မှု          ဖြစ်ပွားပြီးနောက် ပစ်ခတ်သူအပါအဝင်   လူသုံးဦး ဇွန်   ၁၆   ရက်က   သေဆုံးခဲ့ သည်။
ရဲတပ်ဖွဲ့ဝင်များသည်  ဒေသ စံတော်ချိန် ညနေ ၃ နာရီ ၂၅ မိနစ် တွင်    သေနတ်ပစ်ခတ်မှုဖြစ်ပွား ကြောင်း       သတင်းပေးပို့ချက်ရရှိ ပြီးနောက်       ဒွန်မေးလ်ဧရိယာရှိ ရုံးအဆောက်အအုံသို့   ရောက်ရှိ လာခဲ့ကြောင်း ဒေသမီဒီယာများ က ဖော်ပြသည်။ 
အခင်းဖြစ်ပွားရာနေရာတွင် အမျိုးသားနှစ်ဦးနှင့်    အမျိုးသမီး တစ်ဦး  သေဆုံးလျက်ရှိသည်ကို တွေ့ရှိခဲ့ရပြီး   အမျိုးသားနှစ်ဦး အနက်  တစ်ဦးမှာ သေနတ်သမား ဖြစ်ကြောင်း   ရဲတပ်ဖွဲ့က   ခွဲခြား အတည်ပြုခဲ့သည်။      
ထို့ပြင် သေနတ်ပစ်ခတ်မှု      မဖြ  အငြင်းပွားမှု   ဖြစ်ပွားခဲ့ရ မည်ဟု ရဲတပ်ဖွဲ့က ယုံကြည်သည်။ 
ရဲတပ်ဖွဲ့က      ပစ်ခတ်မှုကို စုံစမ်းစစ်ဆေးနေချိန်တွင်   အခင်း ဖြစ်ပွားရာနေရာအနီးရှိ နေ့ကလေး ထိန်းကျောင်းနှင့်   မူလတန်း ကျောင်းကို  ပိတ်ထားခဲ့သည်။
ဒေသစံတော်ချိန်  ညနေ ၆ နာရီခွဲတွင်   ကလေးများအားလုံး  မိဘများထံ        ပြန်သွားကြသည်ဟု စီဘီစီသတင်းတွင်   ဖော်ပြထား သည်။ 
ဆင်ဟွာ