ကနေဒါနိုင်ငံက ဖွံ့ဖြိုးဆဲနိုင်ငံများသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအလုံးရေ သန်း ၂၀၀ ကျော် ထပ်မံလှူဒါန်းမည်

အော့တဝါ  အောက်တိုဘာ  ၃၁


ကနေဒါနိုင်ငံသည်      ဖွံ့ဖြိုးဆဲနိုင်ငံများသို့ ကိုဗစ်-၁၉ ရောဂါ         ကာကွယ်ဆေး အလုံးရေ   သန်း ၂၀၀ ကျော်  ထပ်မံ လှူဒါန်းရန်      ဂျီ-၂၀ ထိပ်သီးညီလာခံတွင် ယမန်နေ့က   ကတိကဝတ်    ပြုလိုက် သည်။ 


ကနေဒါနိုင်ငံသည်လာမည့် ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ဦးဆောင်သော COVAX အစီအစဉ် သို့   ကိုဗစ်-၁၉ ရောဂါ   ကာကွယ်ဆေး အလုံးရေသန်း ၂၀၀ ထက်မနည်း လှူဒါန်း မည်ဖြစ်ကြောင်း   ကနေဒါဝန်ကြီးချုပ် ဂျက်စတင်ထရူးဒေါက     ကြေညာချက် တစ်ရပ်တွင် ပြောကြားထားသည်။
လှူဒါန်းရမည့်   အဆိုပါ   ကာကွယ် ဆေးအနက် Moderna ကုမ္ပဏီထုတ် ကိုဗစ် -၁၉   ရောဂါ       ကာကွယ်ဆေး အလုံးရေ ၁၀ သန်းကို  ဖွံ့ဖြိုးဆဲနိုင်ငံများ သို့      ချက်ချင်းပို့ဆောင်ပေးသွားမည် ဖြစ်ကြောင်း  ၎င်းက  ထပ်မံပြောကြား သည်။


ထို့အပြင်     ကနေဒါနိုင်ငံသည် တောင်အာဖရိက၌     ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထုတ်လုပ်မှု အရှိန်တိုးမြှင့် ရေးအတွက်     အမေရိကန်ဒေါ်လာ ၁၅ သန်း  လှူဒါန်းရန်လည်း  ကတိကဝတ် ပြုကြောင်း   ကနေဒါနိုင်ငံ၏    ဒုတိယ ဝန်ကြီးချုပ်နှင့်       ဘဏ္ဍာရေးဝန်ကြီး ခရစ္စတီးယားဖရီလန်းက ပြောကြားသည်။ 
အမေရိကန် ဆေးဝါးကုမ္ပဏီတစ်ခု ဖြစ်သည့်    Moderna   ကုမ္ပဏီသည် ပြီးခဲ့သည့်သြဂုတ်လက ကနေဒါနိုင်ငံ၌ ပထမဆုံးပြည်ပအခြေစိုက် ကိုဗစ်-၁၉ ရောဂါ      ကာကွယ်ဆေးထုတ်လုပ်ရေး စက်ရုံတစ်ခု   တည်ဆောက်လိုကြောင်း ကြေညာခဲ့သည်။


ကနေဒါနိုင်ငံသည်     လှူဒါန်းရန် ကတိကဝတ်ပြုထားသည့်   ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအလုံးရေ သန်း ၄၀ အနက်   သုံးသန်းနီးပါးကို    COVAX အစီအစဉ်က   ယမန်နေ့တွင်   လက်ခံရရှိ ခဲ့ပြီးဖြစ်၍ နောက်ထပ်တင်ပို့မှု အစီအစဉ် လည်း         လာမည့်ရက်များအတွင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကနေဒါ အစိုးရ၏ ပြောဆိုချက်အရ သိရသည်။


ကိုးကား - အေအက်ဖ်ပီ             
ဘာသာပြန် - ဂျေတီ