
အော့တဝါ နိုဝင်ဘာ ၁၆
ကနေဒါနိုင်ငံတွင် နိုဝင်ဘာ ၁၅ ရက်က ကိုဗစ် - ၁၉ ကူးစက်ခံရသူ ၁၄၅၇ ဦး ထပ်မံတွေ့ရှိခဲ့ရာ စုစုပေါင်း ကူးစက်ခံရသူ ၁၇၅၀၀၈၂ ဦးရှိလာပြီး သေဆုံးသူ အရေအတွက်မှာ ၂၉၃၄၉ ဦးရှိသည်ဟု စီတီဗွီတွင် ဖော်ပြထားသည်။
လူဦးရေထူထပ်သည့် အွန်တေးရီယို ပြည်နယ် တွင် နိုဝင်ဘာ ၁၅ ရက်က ကိုဗစ် - ၁၉ ကူးစက်ခံရသူ ၅၅၂ ဦးရှိပြီး သေဆုံးသူသုံးဦး ရှိခဲ့သည်။ အွန်တေးရီယို ပြည်နယ်တွင် ကိုဗစ် - ၁၉ ကာကွယ်ဆေးနှစ်ကြိမ် ထိုးပြီးသူ ၁၁၁၅၂၁၂၂ ဦး ရှိသည်။
နောက်ထပ် လူဦးရေထူထပ်သော မြို့ဖြစ်သည့် ကွီဘက်မြို့တွင်လည်း နောက်ထပ်ကူးစက်ခံရသူ ၅၀၉ ဦးတွေ့ရှိခဲ့ပြီး ပြည်နယ်အတွင်း ကူးစက်ခံရသူ စုစုပေါင်းမှာ ၄၃၄၈၄၉ ဦးရှိသည်။
ဆင်ဟွာ