
ကင်ရှာဆာ ဩဂုတ် ၂၀
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ (ဒီအာကွန်ဂို) ၌ ယခုနှစ်အစပိုင်းမှ စတင်ကာ လက်ရှိအချိန်အထိ သေဆုံးသူ ၅၇၀ အပါအဝင် မျောက်ကျောက်ရောဂါကူးစက်ခံ ရသူ သို့မဟုတ် သံသယရှိသူ ၁၆၇၀၀ ရှိကြောင်း ကျန်းမာရေး ဝန်ကြီး ရော်ဂျာကမ်ဘာက ပြော သည်။
ယင်းမှာ ပြီးခဲ့သည့် သီတင်း ပတ်ကထက် တိုးလာခြင်းဖြစ် သည်။ ကွန်ဂိုနိုင်ငံ၌ ပြီးခဲ့သည့် သီတင်းပတ်တွင် မျောက်ကျောက် ရောဂါ သံသယရှိသူ ၁၅၆၆၄ ဦး နှင့် သေဆုံးသူ ၅၄၈ ဦးရှိကြောင်း ၎င်းက ဆက်ပြောသည်။ ကွန်ဂို နိုင်ငံသည် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ တွင် မျောက်ကျောက်ရောဂါ ကူးစက်ဖြစ်ပွားကြောင်း ကြေညာ ခဲ့သည်။
မျောက်ကျောက် ရောဂါ ကူးစက်ဖြစ်ပွားမှုသည် အာဖရိက ရှိ နိုင်ငံ ၁၇ နိုင်ငံအပြင် အာဖရိက ပြင်ပ အခြားသော နိုင်ငံများတွင် လည်း ကူးစက်ပျံ့နှံ့ ဖြစ်ပွားလျက် ရှိပြီး လူငယ်လူရွယ်များတွင်အဖြစ် များပြီး အထူးသဖြင့် အသက် ၁၅ နှစ်အောက် ကလေးငယ်များတွင် အဖြစ်များကြောင်း ကမ်ဘာက ပြောသည်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့တွင် မျောက်ကျောက်ရောဂါကို နိုင်ငံ တကာ ပြည်သူ့ကျန်းမာရေး အရေးပေါ် အခြေအနေအဖြစ် ထုတ်ပြန်ကြေညာခဲ့သည်။
ယခုနှစ်တွင် အစီရင်ခံ ဖော်ပြ ထားသော မျောက်ကျောက်ရောဂါ ထပ်မံကူးစက်ဖြစ်ပွားမှု အရေ အတွက်သည် ယမန်နှစ်အလားတူ ကာလနှင့် နှိုင်းယှဉ်လျှင် ၁၆၀ ရာခိုင်နှုန်း မြင့်တက်လာကြောင်း အာဖရိကသမဂ္ဂ ကျန်းမာရေး အေဂျင်စီက ပြောသည်။
ဆင်ဟွာ