
ပရီမီယာလိဂ်ကလပ် လက်စတာအသင်းမှ ကွင်းလယ်ကစား သမားတစ်ဦးဖြစ်သူ တိုင်လီမန်းစ်သည် ချန်ပီယံလိဂ် ပြိုင်ပွဲတွင် ကစားရန် စိတ်အားထက်သန်နေသည့်အတွက် နွေရာသီတွင် အသင်းမှ ထွက်ခွာဖွယ်ရှိနေသည်။ တိုင်လီ မန်းစ်နှင့် လက်စတာအသင်းတို့ ချုပ်ဆိုထားသော စာချုပ် သက်တမ်းမှာ တစ်နှစ်ကျန်ရှိနေသေးသည်။ သို့သော်လည်း အဆိုပါ ကစားသမားနှင့် လက်စတာအသင်းတို့ကြား စာချုပ် သစ်ချုပ်ဆိုရန် သဘောတူညီမှု မရရှိသေးပေ။
တိုင်လီမန်းစ်သည် ရာသီကုန်တွင် ကင်းပါဝါမှ ထွက်ခွာ ရန် ရည်ရွယ်နေပြီး ထိပ်တန်းကလပ်အသင်းတစ်သင်းသို့ ပြောင်းရွှေ့ရန် ဆန္ဒရှိနေသူ ဖြစ်သည်။ လက်စတာအသင်းသည် တိုင်လီမန်းစ်ကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာမှုကို ရှောင်ရှားနိုင်ရန်အတွက် ရာသီကုန်တွင် ပေါင် ၃၅ သန်းဖြင့် ရောင်းချသွားဖွယ်ရှိနေသည်။ အဆိုပါ ကွင်းလယ်ကစား သမားကို မန်ယူနှင့် အာဆင်နယ်အသင်းတို့က ခေါ်ယူရန် ချိတ်ဆက်လုပ်ဆောင်လျက်ရှိသည်။
လက်ရှိတွင် တိုင်လီမန်းစ်သည် နိုင်ငံတကာပွဲစဉ်များ ယှဉ်ပြိုင်ကစားရန် ဘယ်လ်ဂျီယံအသင်းနှင့် ပူးပေါင်း လျက်ရှိနေသည်။ ၎င်းသည် ယခုနှစ်ရာသီတွင် လက်စတာ အသင်းအတွက် လိဂ် ၂၂ ပွဲတွင် ခြောက်ဂိုးသွင်းကာ နှစ်ကြိမ် ဂိုးဖန်တီးမှု ပြုလုပ်ထားသည်။
အောင်ဇော်