ကင်ညာနိုင်ငံ၌ ရေယာဉ်တိမ်းမှောက်မှုကြောင့် သေဆုံးသူ ၃၂ ဦးအထိ ရှိလာ 

 

 

 နိုင်ရိုဘီ ဒီဇင်ဘာ ၇
ကင်ညာနိုင်ငံ၌  ဒီဇင်ဘာ ၄ ရက်က ရေယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ သေဆုံးသူဦးရေမှာ ဒီဇင်ဘာ ၆ ရက်တွင် ၃၂ ဦးအထိ ရှိလာသည်ဟု သိရသည်။ 
အဆိုပါရေယာဉ်သည် ခရီးသည်  ၅၀ ကို တင်ဆောင်လာခြင်းဖြစ်ပြီး   တိုင်းပြည်အရှေ့ပိုင်းရှိ အန်ဇူမြစ်အတွင်း တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။
ရေငုပ်သမားများ သည် လူ ၁၇ ဦးကို ကယ်တင်နိုင်ခဲ့သည်။ နောက်ထပ် အလောင်းများ ထပ်မံတွေ့ရှိခဲ့သည့်အတွက် သေဆုံးသူဦးရေမှာ ၃၂ ဦးအထိ ရှိလာခြင်းဖြစ်သည်။ သေဆုံးသွားသူ များအနက် ၁၅ ဦးမှာ မိသားစုတစ်စု တည်းမှဖြစ်ပြီး   မင်္ဂလာဆောင်သို့လာစဉ်    ရေယာဉ်တိမ်းမှောက်ခဲ့ခြင်း ဖြစ်သည်။                                      ဆင်ဟွာ