
နေပြည်တော် ဒီဇင်ဘာ ၂၄
ကွန်ဟိန်းမြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၆၉ ဘီလီယံကျော်တန်ဖိုး ရှိ အိုက်စ် (မက်သ်အဖက်တမင်း)များ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာ နိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ဒီဇင်ဘာ ၂၁ ရက် ညနေ ၅ နာရီတွင် ကွန်ဟိန်း မြို့နယ် ကွန်ဟိန်း-ခိုလမ်သွား ကားလမ်း ဆိုင်းမွန်ကျေးရွာအနီး တွင် ကွန်ဟိန်းမှ ခိုလမ်ဘက်သို့ စိုင်းဝန်းလူ မောင်းနှင်လာသည့် မော်တော်ယာဉ်ကို သတင်းအရ ရှာဖွေရာ ဒေသကာလ တန်ဖိုး ငွေကျပ် ၁ ဒသမ ၆၉ ဘီလီယံ ကျော် တန်ဖိုးရှိ အိုက်စ်(မက်သ် အဖက်တမင်း) ၁၂၁ ကီလို သိမ်း ဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ် ချက်အရ သိမ်းဆည်းရမိ အိုက်စ် (မက်သ်အဖက်တမင်း)များအား ကွန်ဟိန်းမြို့နယ် ဝမ်ပန်းကျေးရွာ မှ ခိုလမ်မြို့သို့ သယ်ဆောင်ခြင်း ဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေးဖော်ထုတ် လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်