
ဝါရှင်တန် ဒီဇင်ဘာ ၂၃
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ၎င်းသာ ကျန်းမာရေးကောင်းခဲ့ မည်ဆိုပါက ၂၀၂၄ ခုနှစ် သမ္မတ ရွေးကောက်ပွဲအတွက် ထပ်မံ ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း ပြောကြားလိုက်သည်။
ဒီဇင်ဘာ ၂၂ ရက် အေဘီစီ ကမ္ဘာ့သတင်းအစီအစဉ် တွေ့ဆုံ မေးမြန်းခန်းတွင် အစီအစဉ် တင်ဆက်သူ ဒေးဗစ်မီအာ၏ မေးမြန်းချက်ကို ဂျိုးဘိုင်ဒင်က ထိုသို့ ဖြေကြားလိုက်ခြင်းဖြစ် သည်။ ကံတရားကို ကြံ့ကြံ့ခံနိုင် သည့် လူတစ်ယောက်ဖြစ်သည်နှင့် အညီ ကံတရားက မိမိဘဝတွင် အကြိမ် ပေါင်းများစွာ နှောင့်ယှက် ဟန့်တားခဲ့သော်လည်း မှုမည် မဟုတ်ဘဲ ထိုအချိန်တွင်ကျန်းမာ ရေး ကောင်းခဲ့မည်ဆိုပါက အမေ ရိကန်သမ္မတအဖြစ် ထပ်မံအရွေး ခံသွားမည်ဖြစ်ကြောင်း ဘိုင်ဒင် က ပြောကြားခဲ့သည်။
ဒေးဗစ်မီအာက ဘိုင်ဒင်အား အကယ်၍ မိမိပြိုင်ဘက်သည် သမ္မတဟောင်း ဒေါ်နယ်ထရမ့်သာ ဖြစ်ခဲ့မည်ဆိုလျှင်ရော ဝင်ရောက် ယှဉ်ပြိုင်ဦးမည်လားဟု မေးမြန်း ခဲ့ရာ ဘိုင်ဒင်က မိမိကိုထပ်မံ ယှဉ်ပြိုင်ရန် လှုံ့ဆော်ပေးနေ သည်ဟု ရယ်မောကာ ဖြေကြား ခဲ့သည်။ ယှဉ်ပြိုင်ရမှာပေါ့။ ဒေါ်နယ် ထရမ့်ကို ဘာလို့ မယှဉ်ပြိုင်ရမှာ လဲဟု ဘိုင်ဒင်က ပြောခဲ့သည်။
ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု ပြန်လည်မြင့်တက်လာချိန် စီးပွား ရေးအစီအစဉ်နှင့် ပတ်သက်ပြီး လုပ်သင့်လုပ်ထိုက်သည်များကို အင်နှင့်အားနှင့် မပြုလုပ်ခြင်းတို့ ကြောင့် ဘိုင်ဒင်၏ ထောက်ခံနှုန်း မှာ လွန်ခဲ့သည့် နွေရာသီ ကတည်းက အကျဘက်သို့ ဦးတည်လာခဲ့သည်။ သမ္မတ၏ လူကြိုက်များခြင်း၊ မများခြင်း သည် နောင်လာမည့် ၂၀၂၄ ခုနှစ် သမ္မတ လေးနှစ်သက်တမ်း အတွက် လှုံ့ဆော်မှုဖြစ်သည်။ သမ္မတ ရွေးကောက်ပွဲကျင်းပမည့် ၂၀၂၄ ခုနှစ်တွင် ၎င်း၏အသက် သည် ၈၂ နှစ်ရှိမည်ဖြစ်သည်။
ဆင်ဟွာ