
မြောက်အမေရိကတိုက်သည် ဆေးရွက်ကြီး၏ မူရင်းဒေသဖြစ်၍ ၁၆ ရာစုခန့်က ဥရောပတိုက်သို့ ရောက်ရှိကာ ဆေးငုံခြင်း၊ ဆေးဝါးပြုလုပ် အရသာ ခံခဲ့ကြရာမှတစ်ဆင့် အေဒီ ၁၈ဝဝ နောက်ပိုင်းမှ ဆေးတံသောက်ခြင်းနှင့် ဆေးပြင်းလိပ်သောက် ခြင်းတို့ ပေါ်ပေါက်လာခဲ့သည်။ စီးကရက်လုပ်ငန်းမှာ မူ အေဒီ ၁၉၀၉-၁၉၁၈ ကြားတွင် ပိုမိုကျယ်ပြန့်လာခဲ့ သည်။ ၂၀၁၀ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ဖော်ပြ ချက်အရ လူပေါင်း ၁ ဒသမ ၂ ဘီလီယံသည် ဆေးလိပ်ဆေးရွက်ကြီးနှင့် ဆေးလိပ်သောက်သုံး လျက်ရှိကြောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ တိုးတက် သုံးစွဲမှုအရ ၅ဝ ရာခိုင်နှုန်း တိုးတက်လာမည်ဖြစ် သည့်အတွက် ၂၀၂၀ ပြည့်နှစ်တွင် လူဦးရေ ၁ ဒသမ ၆ ဘီလီယံအထိ သောက်သုံးလာနိုင်ကြောင်း ဖော်ပြထားသည်။ ဆေးရွက်ကြီးစိုက်ပျိုးသည့် နိုင်ငံ ၁ဝဝ ကျော်ရှိပြီး တရုတ်နိုင်ငံသည် အများဆုံး စိုက်ပျိုးသည့်နိုင်ငံဖြစ်သည်။
မြန်မာနိုင်ငံတွင် အရွယ်ရောက်လူဦးရေ ထက်ဝက်ကျော်က ဆေးလိပ်နှင့်ဆေးရွက်ကြီးကို သုံးစွဲနေကြရာ အဓိကကျန်းမာရေးပြဿနာဟု ဆိုနိုင်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးတို့ကို ထိခိုက်စေသည့် အခြေ အနေသို့ ရောက်ရှိနေပြီဖြစ်သည့်အတွက် လူတိုင်း က အလေးအနက်ဆင်ခြင်ကြရန် လိုအပ်သည်။ မြန်မာနိုင်ငံတွင် ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်း တိုင်းဒေသကြီးတို့မှာ ယဉ်ကျေးမှုဓလေ့ထုံးတမ်း အစဉ်အလာအရ ဆေးလိပ်သောက်သုံးပြီး အန္တရာယ် ကို ဖိတ်ခေါ်နေသလို ဖြစ်နေသည်။ မြန်မာ့ရိုးရာ ဓလေ့အရ မြန်မာလူမျိုးများသည် စဉ်းခုတ်ထား သော ဆေးရွက်ကြီးများ ၊ ဆေးရိုးနှင့်အခြားရနံ့တို့ကို အသုံးပြုထားသော ဆေးပေါ့လိပ် သောက်သုံးမှု ပမာဏသည် အလွန်များပြားသည်။ ဆေးရွက်ကြီး ဝါးခြင်းအမျိုးအစားမှာပါဝင်သည့် ကွမ်းစားခြင်း သည် တိုးပွားလာလျက်ရှိသည်။
လူပေါင်းသုံးသန်း အသက်ဆုံးရှုံး
ဆေးလိပ်ဆေးရွက်ကြီး အသုံးပြုမှုကြောင့် နှစ်စဉ် လူပေါင်းသုံးသန်း အသက်ဆုံးရှုံးနေပြီး ၂ဝ၂ဝ ပြည့်နှစ်မှာ လူပေါင်း ၁၀ သန်းခန့် အသက် ဆုံးရှုံးနိုင်သည့်အတွက် လူသားများ၏ ကျန်းမာရေး အတွက် ကြောက်စရာအကောင်းဆုံးဟု သတ်မှတ် ထားသည်။ ဆေးလိပ်၊ ဆေးရွက်ကြီး သောက်သုံး ခြင်းနှင့် နှီးနွှယ်သောရောဂါကြောင့် သေဆုံးရ သူများမှာ ကမ္ဘာတစ်ဝန်း ၄ ဒသမ ၉ သန်းကျော်ရှိ နေပြီး တစ်ဆင့်ခံဆေးလိပ်ငွေ့ ရှူရှိုက်ရမှုကြောင့် သေဆုံးနေသူမှာ ခြောက်သိန်းကျော်ရှိနေသည်။
ဓာတ်ပစ္စည်းများ အမျိုးပေါင်း ၄ဝဝဝ ကျော်
ဆေးရွက်ကြီးနှင့် ဆေးလိပ်မီးခိုးငွေ့များတွင် အဓိကအားဖြင့် အဆုတ်ကင်ဆာဖြစ်စေတတ်သော ဓာတုပစ္စည်းများနှင့် လူတို့အား အန္တရာယ်ဖြစ်စေ သည့် ကတ္တရာ၊ နီကိုတင်းနှင့် ကာဗွန်မိုနောက်ဆိုက်၊ ဘင်ဇင်း ၊ အမိုးနီးယား အစရှိသော ဓာတ်ပစ္စည်းများ အမျိုးပေါင်း ၄ဝဝဝ ကျော် ပါဝင်သည်။ ဆေးရွက်ကြီး ထွက်ပစ္စည်းကို အငွေ့ထွက်စေသော စီးကရက်များ၊ ဆေးပေါ့လိပ်များ၊ ဆေးပြင်းလိပ်၊ ပြောင်းဖက်လိပ်၊ ရေပြောင်း၊ ရှိရှား၊ ပွတ်ချွန်း၊ ဘီဒီ စသည်တို့ အသုံးပြု ရှူရှိုက်ရသည်။
အငွေ့မထွက်သော ဆေးရွက်ကြီးစားသုံးမှု အဖြစ် ကွမ်းယာ၊ မြန်မာဆေး၊ နှပ်ဆေး ၊ ဆေးပေါင်း၊ အိန္ဒိယနိုင်ငံထုတ် ပြုပြင်ထားသော ကွမ်းစားဆေး မျိုးစုံနှင့် အဆိုပါဆေးများကို မြန်မာပြည်တွင် အတုအပပြုလုပ်ကာ 92 ၊ ဘုရင်မ၊ စီကနက်၊ ဘာဘာ နှင့် မြေပုံဆေးမျိုးစုံကိုလည်း ကွမ်းစားသူများ အကြိုက် ရနံ့မျိုးစုံပေါင်းစပ်ကာ ထုတ်လုပ်ရောင်းချ နေပြီး အန္တရာယ်လည်း မသေးပါ။ ဆေးထည့်၍ စားခြင်း၊ ဆေးရွက်ကြီးငုံခြင်းဟူ၍ ဆေးရွက်ကြီးကို အသုံးပြုကြသည်။
ဆေးလိပ်သောက်သုံးသူ အမျိုးသား ၂၁ ရာခိုင် နှုန်း၊ အမျိုးသမီး နှစ်ရာခိုင်နှုန်းတွေ့ရှိရပြီး ဆေးရွက် ကြီးသုံးစွဲသူ အမျိုးသား ၁၁ ရာခိုင်နှုန်း၊ အမျိုးသမီး နှစ်ရာခိုင်နှုန်းကို တွေ့ရှိရသည်။ ကျောင်းသားလူငယ် သုံးဦးအနက် တစ်ဦးမှာ နေအိမ်တွင် တစ်ဆင့်ခံ ဆေးလိပ်ငွေ့ကို ရှူရှိုက်နေရပြီး အသက် ၁၃နှစ်နှင့် ၁၅နှစ်ကြား ကျောင်းသားလူငယ် ၁ဝ ဦးအနက် သုံးဦးမှာ အများပြည်သူနှင့်သက်ဆိုင်သောနေရာများ တွင် တစ်ဆင့်ခံဆေးလိပ်ငွေ့ကို ရှူရှိုက်နေရကြောင်း သိရသည်။ ဆေးလိပ်နှင့်ဆေးရွက်ကြီး သုံးစွဲမှုကြောင့် ကမ္ဘာပေါ်တွင် နှစ်စဉ်လူဦးရေ ရှစ်သန်းကျော် အသက် ဆုံးရှုံးနေရကာ ထိုတစ်သန်းကျော်သည် တစ်ဆင့်ခံ ဆေးလိပ်ငွေ့ကြောင့် အသက်ဆုံးရှုံးနေရပြီး အများစု မှာ အမျိုးသမီးနှင့် ကလေးငယ်များဖြစ်ကြကြောင်း သိရသည်။
မိမိကိုယ်တိုင် ဆေးလိပ်သောက်သုံးခြင်း၊ သူ တစ်ပါးဆေးလိပ်ငွေ့ကို ရှူရှိုက်ရခြင်းနှင့် တတိယ တစ်ဆင့်ခံ ဆေးလိပ်ငွေ့အဖြစ် ဆေးလိပ်သောက် တတ်သူများ နေထိုင်ကျက်စားရာ အဆောက်အအုံ၊ အခန်း၊ နေအိမ် စသည်တို့အတွင်း အဝတ်အထည်၊ အသုံးအဆောင်၊ ခန်းဆီးစသည်တို့အထိ ထိတွေ့ စွဲကျန်ရစ်သော ဆေးလိပ်နှင့်ဆက်နွှယ်သော ရောဂါ များဖြစ်ပွားနိုင်မှု အန္တရာယ်ရှိသည်။ အထက်ဖော်ပြပါ ဖြစ်ပွားနိုင်သောနည်းလမ်းများမှ မရှောင်ရှားနိုင်ဘဲ နှစ်ရှည်လများ ဆေးလိပ်ငွေ့ရှူရှိုက်နေရသူများတွင် ခံတွင်းကင်ဆာ၊ လည်ချောင်းကင်ဆာ၊ အဆုတ် ကင်ဆာနှင့် ကင်ဆာရောဂါအမျိုးမျိုး၊ နှလုံး သွေးကြောကျဉ်းခြင်း၊ သွေးကြောပိတ်ခြင်း၊ ဦးနှောက် သွေးကြောပိတ်ခြင်း၊ လေဖြတ်ခြင်း၊ အဆုတ်ပွ ရင်ကျပ်ရောဂါ၊ ပြင်းထန်သွေးတိုးရောဂါ ခြေပုပ်၊ လက်ပုပ်ရောဂါမှ အစပြုပြီး ပန်းသေ၊ ပန်းညှိုး ရောဂါများအထိ ဖြစ်ပွားနိုင်သည်။
ကမ္ဘာ့လူဦးရေ သန်းတစ်ထောင်ကျော်မှ ငါးသန်းနီးပါး
ကိုယ်ဝန်ဆောင်မိခင်များကိုယ်တိုင် ဆေးလိပ် သောက်သုံးခြင်း၊ တစ်ဆင့်ခံဆေးလိပ်ငွေ့ရှူရှိုက် ရခြင်းတို့ကြောင့် ကိုယ်ဝန်ပျက်ခြင်း၊ ကလေးအသေ မွေးခြင်း၊ ပေါင်ချိန်မပြည့်၊ လမစေ့ကလေးမွေးခြင်း၊ မွေးရာပါကိုယ်လက်အင်္ဂါချို့ယွင်းသည့် ကလေးမွေး ဖွားခြင်းနှင့် မွေးကင်းစကလေး ရုတ်တရက်သေဆုံး ခြင်းတို့အထိ ဖြစ်ပွားနိုင်သည်။ ဆေးလိပ်နှင့် ဆေးရွက်ကြီး သောက်သုံးခြင်း၊ တစ်ဆင့်ခံရှူရှိုက် ရခြင်း၏အန္တရာယ်နှင့် ကျန်းမာရေးချို့ယွင်းမှု ပြဿနာနောက်ဆက်တွဲများကြောင့် ကမ္ဘာ့လူဦးရေ သန်းတစ်ထောင်ကျော်မှ ငါးသန်းနီးပါးမှာ ဆက်စပ် ရောဂါများကြောင့် သေဆုံးနေရသဖြင့် ဆေးလိပ် သောက်ခြင်းအား ကမ္ဘာတစ်ဝန်းကျန်းမာရေး ဆိုးကျိုးဖြစ်နိုင်သည့်အပြုအမူအဖြစ် လျှော့ချနိုင်ရန် နည်းမျိုးစုံဖြင့် ကြိုးပမ်းလျက်ရှိသည်။
ဆေးလိပ်၊ ဆေးရွက်ကြီးသုံးစွဲမှုသည် ပြည်သူ့ ကျန်းမာရေးကို များစွာထိခိုက်စေပြီး ပြည်သူ လူထုအား ဆင်းရဲတွင်းပိုနက်စေရုံသာမက နိုင်ငံ၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက် ပန်းတိုင်များ ပြည့်မီရေးအတွက် ကြီးမားသော အဟန့်အတားတစ်ခုဖြစ်နေကြောင်း ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ် (UNDP) ၏ အစီရင်ခံ စာများတွင် အတိအလင်းဖော်ပြထားပြီးဖြစ်သည်။ မြန်မာနိုင်ငံတွင် အရွယ်ရောက်ပြီးသူများ၏ ၅၄ ဒသမ ၄ ရာခိုင်နှုန်းသည် ဆေးလိပ်၊ ဆေးရွက်ကြီး တစ်မျိုးမျိုးကို သုံးစွဲနေကြပြီး ၂၆ ဒသမ ၁ ရာခိုင်နှုန်းမှာ လတ်တလော ဆေးလိပ်သောက်သုံး နေသူများဖြစ်၍ ၄၃ ဒသမ ၂ ရာခိုင်နှုန်းမှာ ဆေးရွက်ကြီးနှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများကို ကွမ်းယာထဲတွင်ထည့်၍ စားသုံးနေကြောင်း စစ်တမ်းများအရ သိရသည်။
ဆေးလိပ်ဘူးများတွင် ကျန်းမာရေးဆိုးကျိုး အန္တရာယ်ရှိကြောင်း ဖော်ပြခြင်း၊ အရွယ်မရောက် သေးသူများအား ဆေးလိပ်ရောင်းချခွင့်မပြုရန်၊ ဆေးလိပ်မသောက်ရန်နေရာများ သတ်မှတ်ရန်၊ အချို့သော ကမ္ဘာ့နိုင်ငံကြီးများတွင် ကျောင်းသား အများစုဝေးသည့် တက္ကသိုလ်ပရဝဏ်အတွင်း ဆေးလိပ်သောက်သုံးခွင့်၊ ရောင်းချခွင့်မပြုရန် သတ်မှတ်ခြင်း၊ ဆေးလိပ်နှင့်ဆေးရွက်ကြီးထုတ်ကုန် များအား အခွန်တိုးမြှင့်ကောက်ခံရန် နည်းမျိုးစုံဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြသည်။
နှစ်စဉ်လူ ၆၄ဝဝဝ ခန့်ရောဂါဖြစ် သေဆုံး
မြန်မာတို့က ကွမ်းစားဆေးလိပ်သောက်သည့် အပြုအမူကို အလွယ်တကူ ပေါ့ပေါ့ပါးပါးအဖြစ် သဘောထားကြသည်။ မိမိအတွက်၊ နိုင်ငံအတွက် အကျိုးယုတ်လျော့ထိခိုက်စေသည်ဟု မယုံကြည် ကြသလို သုံးစွဲမိပါကလည်း ရှောင်ကြဉ်လိုခြင်း မရှိကြ။ မြို့ရွာရပ်ကွက် ကျေးလက်မကျန် နေရာ တိုင်းတွင် ဆေးလိပ်၊ ကွမ်းယာဆိုင်ကြီး၊ ဆိုင်ငယ် များစွာ မရေမတွက်နိုင်အောင် ရောင်းသူများ သလောက် စားသုံးအားလည်း ကောင်းကြသည်။ ရလဒ်အားဖြင့် နှစ်စဉ်လူ ၆၄ဝဝဝ ခန့်ရောဂါဖြစ် သေဆုံးနေကြရပြီး နိုင်ငံ့ဘဏ္ဍာလည်း ဘီလီယံ များစွာ ထိခိုက်ဆုံးရှုံးလျက်ရှိရာ ကိုယ့်ကျန်းမာရေး ကိုယ်တိုင်စောင့်ရှောက်ကြပြီး ကိုယ့်အသက်ကိုယ် မွေးမြူကြခြင်းဖြင့် ကိုယ်တိုင်လည်း သက်ရှည် ကျန်းမာ၊ နိုင်ငံ့ဝန်ထုပ်ဝန်ပိုးကိုလည်း လျော့ပါးနိုင် ကြပါစေကြောင်းနှင့် အသိသတိဖြင့် ရှောင်ကြဉ် သင့်သည်။
မြန်မာနိုင်ငံသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဆေးရွက် ကြီးထိန်းချုပ်မှု အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း (WHO Framework Convention on Tobacco Control- WHO FCTC)ကို ၂၀၀၃ ခုနှစ် အောက်တိုဘာလ တွင် လက်မှတ်ရေးထိုး၍ ၂၀၀၄ ခုနှစ် ဧပြီလတွင် ၁၁ နိုင်ငံမြောက်အဖွဲ့ဝင်နိုင်ငံ ဖြစ်လာခဲ့သည်။ ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်း သောက် သုံးမှုကြောင့် ကျန်းမာရေးထိခိုက်စေနိုင်ကြောင်း အများပြည်သူတို့ နားလည်သဘောပေါက်ပြီး ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ရှောင်ကြဉ်နိုင်စေရန်၊ ဆေးလိပ်ငွေ့ ကင်းစင်သည့် ပတ်ဝန်းကျင်ကို ဖန်တီးခြင်းဖြင့် အများပြည်သူတို့၏ ကျန်းမာရေးကို ထိခိုက်စေသည့် အန္တရာယ်မှ ကာကွယ်ရန်၊ ကလေးသူငယ်များ အပါအဝင် အများပြည်သူတို့ကို ဆေးလိပ်နှင့် ဆေးရွက်ကြီး ထွက်ပစ္စည်း သောက်သုံးခြင်းအလေ့အထမှ တားဆီးကာကွယ်ခြင်းဖြင့် ကျန်းမာသောနေထိုင် မှုဘဝရရှိစေရန်၊ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းပါ ပြဋ္ဌာန်းချက်များနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ဆေးရွက်ကြီးသောက်သုံးမှု ထိန်းချုပ်ရေးအတွက် အထိရောက်ဆုံးနည်းလမ်းများအဖြစ် အကြံပြု ထားသည့် MPOWER လုပ်ထုံးလုပ်နည်းများ အတိုင်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ သည်။
အရွယ်မတိုင်မီ သေဆုံးခြင်းနှင့် မသန်စွမ်းဖြစ်ခြင်း
မြန်မာနိုင်ငံတွင် ဆေးလိပ်နှင့်ဆေးရွက်ကြီးသောက်သုံးမှုကြောင့် နှစ်စဉ်လူဦးရေ ၆၄ဝဝဝ ခန့် ရောဂါများဖြစ်ပွား၍ အသက်ဆုံးရှုံးနေရကြောင်း၊ ဆေးလိပ်နှင့် ဆေးရွက်ကြီးသောက်သုံးမှုကြောင့် ဖြစ်ပွားသော ရောဂါများအတွက်ကြောင့် အရွယ် မတိုင်မီ သေဆုံးခြင်းနှင့် မသန်စွမ်းဖြစ်နေရသည်ကို သတိပြုရန် လိုအပ်သည်။
ကမ္ဘာ့ကျန်းမာရေးစောင့်ကြည့်ရေးအဖွဲ့ကြီး က လျှပ်စစ်စီးကရက် (Electronic Cigarettes) ခေါ် အီးစီးကရက်များ (toxicant) ခေါ် အဆိပ် အတောက်ဖြစ်စေသောအငွေ့များ ပါဝင်နေနိုင် ကြောင်း သတိပေးချက် ထွက်ပေါ်လာပြီးနောက် လျှပ်စစ်ပစ္စည်းဖြစ်သော အီးစီးကရက်များအပေါ် လုံခြုံမှု ရှိ၊ မရှိ စိုးရိမ်ပူပန်မှုများ ထွက်ပေါ်လာပြီး အီးစီးကရက်များ အသုံးပြုခြင်းအား ထိန်းချုပ်ရန် လိုအပ်ကြောင်း၊ အိမ်တွင်းအသုံးပြုမှုပိတ်ပင်ရန် နှင့် အရွယ်မရောက်သေးသူ လူငယ်များအား ရောင်းချခွင့်ပိတ်ပင်ရန်အထိ UN agencyမှ တင်ပြ ခဲ့သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHOမှလည်း အီးစီးကရက်များ အိမ်တွင်းအသုံးပြုခြင်း ပိတ်ပင် ရန်၊ လုံခြုံမှု ရှိ၊ မရှိ ဆန်းစစ်ရန် WHO က ညွှန်ကြားခဲ့ သည်။ အီးစီးကရက်များအား ဆေးလိပ်ဖြတ်လိုသူများ အတွက် အထောက်အကူဖြစ်စေမည့် ပစ္စည်းအဖြစ် ညွှန်ကြားခြင်းမပြုရန်နှင့် အီးစီးကရက်များအား လူငယ်များကို သောက်သုံးရန် တွန်းအားပေးမည့် သစ်သီးနံ့၊ အချိုအအီအနံ့နှင့် အယ်လကာဟောလစ် အရည်သဏ္ဌာန်အနံ့များ ထည့်သွင်းထုတ်လုပ်ခြင်း များအတွက် ဥပဒေများ ထုတ်ပြန်ပေးရန် WHOက နှိုးဆော်ထားသည်။
ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းများသုံးစွဲခြင်း၊ အရက်အလွန်အကျွံသောက်ခြင်း၊ သန့်ရှင်းပြီးစိတ်ချရသော ကျန်းမာရေးနှင့်ညီညွတ် သော အစားအသောက်များ စားသုံးနိုင်မှုမရှိခြင်း၊ ကိုယ်လက်လှုပ်ရှားမှု နည်းပါးခြင်းတို့ကြောင့် ကင်ဆာ၊ သွေးတိုး၊ ဆီးချို၊ နှလုံးအပါအဝင် မကူးစက်နိုင်သောရောဂါများ ဖြစ်ပွားကြရခြင်း ဖြစ်သည်။ မြန်မာနိုင်ငံတွင်လည်း ကျန်းမာရေး ဝန်ကြီးဌာနမှ ဆေးလိပ်၊ ဆေးရွက်ကြီး သောက်သုံး ခြင်းကြောင့်ဖြစ်ပေါ်နိုင်သော ရောဂါအန္တရာယ် သတိပေးနှိုးဆော်ချက်များကို သတိပြုလိုက်နာ ကြပါရန် တိုက်တွန်းရေးသားလိုက်ရပါသည်။ ။
- Log in to post comments