KNPP အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက ခရီးသည်တင်လေယာဉ် လွိုင်ကော်လေဆိပ်သို့ ဆင်းသက်ရောက်ရှိစဉ် ရှော့တိုက်ဒုံးဖြင့် အချိန်ကိုက်ပစ်ခတ်

 

နေပြည်တော်  ဒီဇင်ဘာ  ၂၄


ရန်ကုန်မြို့မှ    လွိုင်ကော်မြို့သို့ ထွက်ခွာလာသည့်   မြန်မာ့အမျိုး သားလေကြောင်းလိုင်းမှ   ခရီး သည်တင်    လေယာဉ်တစ်စင်းလွိုင်ကော်လေဆိပ်သို့    ယနေ့ နံနက် ၈ နာရီ ၃၅ မိနစ်ခန့်တွင် ဆင်းသက်ရောက်ရှိစဉ်   KNPP အဖွဲ့နှင့် PDF အမည်ခံ အကြမ်း ဖက်သမားများ      ပါဝင်သော ပူးပေါင်းအဖွဲ့က လူနေရပ်ကွက် အတွင်း မော်တော်ယာဉ်များဖြင့် ရုတ်တရက်    ရောက်ရှိလာပြီး ပြည်သူလူထု အကာအကွယ်ဖြင့် ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် လာရောက်နှောင့်ယှက် ပစ်ခတ်ခဲ့ ကြောင်း သိရသည်။

 


ဖြစ်စဉ်မှာ ခရီးသည် ၆၄ ဦး တင်ဆောင်လာသော      မြန်မာ့ အမျိုးသား  လေကြောင်းလိုင်းမှ လေယာဉ်တစ်စင်းသည် ရန်ကုန် မြို့မှ လွိုင်ကော်မြို့သို့ ထွက်ခွာ လာခဲ့ပြီး နံနက် ၈ နာရီ ၃၅ မိနစ် ခန့်တွင်    လွိုင်ကော်လေဆိပ်သို့ ဆင်းသက်ရောက်ရှိစဉ် လွိုင်ကော် မြို့ အနောက်ဘက် ဒေါပေါ်ကလဲ ကျေးရွာအုပ်စု  ဘာဒိုကျေးရွာ၏ အနီးနှင့် သင်္ချိုင်းကုန်း နေရာတို့မှ KNPP  အဖွဲ့နှင့်  PDF အမည်ခံ အကြမ်းဖက်သမားများ   ပါဝင် သော ပူးပေါင်းအဖွဲ့က ၁၀၇ မမ ရှော့တိုက်ဒုံး   လေးလုံးဖြင့်  လာ ရောက်နှောင့်ယှက်    ပစ်ခတ်ခဲ့ ကြောင်း၊   ထိုသို့  ပစ်ခတ်ခဲ့ခြင်း ကြောင့် လေယာဉ်ကွင်း၏ အရှေ့ နှင့်   အရှေ့တောင်ဘက်မီတာ ၂၀၀၀ ခန့်အကွာ နေရာများသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး   လူ၊ အဆောက်အဦနှင့်  လေယာဉ်တို့ တစ်စုံတစ်ရာ       ထိခိုက်မှုမရှိ ကြောင်းနှင့် အဆိုပါလေယာဉ်မှာ ခရီးသွားပြည်သူ   ၃၈  ဦးအား ပြန်လည်တင်ဆောင်၍ လွိုင်ကော် မြို့မှ ရန်ကုန်မြို့သို့ နံနက် ၈ နာရီ ၅၅ မိနစ်ခန့်တွင် ပြန်လည်ထွက် ခွာသွားကြောင်း သိရသည်။

 


KNPP အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ   ပါဝင် သော ပူးပေါင်းအဖွဲ့များအနေဖြင့် စစ်ရေးနှင့်       မသက်ဆိုင်ဘဲ အေးချမ်းစွာ   ခရီးသွားလာလျက် ရှိသော အများပြည်သူများအား အစုလိုက်အပြုံလိုက် သေကျေစေ ခြင်းအလို့ငှာ ရည်ရွယ်ချက်ရှိရှိဖြင့် လာရောက်     ပစ်ခတ်ခဲ့ခြင်းဖြစ် ကြောင်းနှင့် အဆိုပါအကြမ်းဖက် သမားများအား  ဖမ်းဆီးရမိရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုက်လံ ရှာဖွေ     ချေမှုန်းလျက်ရှိကြောင်း သတင်းရရှိသည်။      

သတင်းစဉ်