
နေပြည်တော် ဇူလိုင် ၁၃
KNPP ၊ KNDF အဖွဲ့များနှင့် PDF အမည်ခံ အကြမ်းဖက်သမားများ အနေဖြင့် ကယားပြည်နယ် အတွင်း အစိုးရ၏အုပ်ချုပ်မှု ယန္တရားပျက်ပြားစေရန် ရည်ရွယ် ၍ ပြည်နယ်၏ မြို့တော်ဖြစ်သည့် ပြည်နယ် အစိုးရရုံးစိုက်ရာ လွိုင်ကော်မြို့နှင့် အနီးဝန်းကျင် တစ်ဝိုက်၌ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ မှစတင်ကာ လူနေအဆောက်အဦ များနှင့် ဘာသာရေး၊ ကျန်းမာရေး၊ ပညာရေးဆိုင်ရာ အဆောက်အဦ များကို အကာအကွယ်ရယူ၍ အဖျက်အမှောင့် လုပ်ရပ်မျိုးစုံကို လုပ်ဆောင်ခဲ့သည်။ ထို့ပြင် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၅ ရက်တွင် ကျရောက်သည့် (၇၁) နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်း အမှတ်မုခ်ဦး ဖွင့်ပွဲအခမ်းအနားကို ဒေသခံ တိုင်းရင်းသားပြည်သူများ ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပနေစဉ် အတွင်း၌လည်း အများပြည်သူများ အစုလိုက်၊ အပြုံလိုက် သေကျေဒဏ်ရာရရှိ စေလိုသော ယုတ်မာရက်စက် သည့် ရည်ရွယ်ချက်ဖြင့် လက်နက် ကြီးများဖြင့် အဝေးမှ ပစ်ခတ် တိုက်ခိုက်ခဲ့သောကြောင့် ဒေသခံ ပြည်သူအချို့ ထိခိုက်သေဆုံးခဲ့ရ သည်။
အလားတူ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့၌ KNPP ၊ KNDF အဖွဲ့များနှင့် PDF အမည်ခံ အကြမ်းဖက် သမားများသည် စစ်ရေးနှင့် သက်ဆိုင်သော ပစ်မှတ်မဟုတ်သည့် လွိုင်ကော် တက္ကသိုလ်အား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရည်ရွယ် ချက်ရှိရှိ လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး တက္ကသိုလ်တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ပညာရေးဆိုင်ရာ ဝန်ထမ်းအချို့ နှင့် ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား ကျောင်းသူအချို့တို့ အား အတင်းအဓမ္မဖမ်းဆီးခေါ် ဆောင်ခဲ့ကြသကဲ့သို့ ကယားပြည် နယ် လွိုင်ကော်ဒေသအတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေ ရန် ရည်ရွယ်၍ မိုးဗြဲ၊ ဖယ်ခုံ၊ လွိုင်ကော်၊ ဒီမော့ဆိုမြို့နယ် အတွင်းရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များ ၏ တပ်၊ စခန်းများအား ဇန်နဝါရီ ၂၆ ရက်တွင် အင်အားအလုံးအရင်း ဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး မြို့နှင့် အနီးပတ်ဝန်းကျင်အတွင်း ဒေသခံပြည်သူများအား ဖမ်းဆီး သတ်ဖြတ်ခြင်း၊ လူနေအိမ်များ၊ ဈေးများနှင့် အစိုးရအုပ်ချုပ်မှု ယန္တရားများ ရပ်တန့်စေရန် ဌာန ဆိုင်ရာ အဆောက်အဦများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင် ခြင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအား လူနေအိမ် အဆောက်အဦများ၊ ဌာနဆိုင်ရာ အဆောက်အဦများနှင့် ပညာရေး၊ ကျန်းမာရေးဆိုင်ရာ အဆောက်အဦများအား အကာ အကွယ်ရယူ၍ ပစ်ခတ်တိုက်ခိုက် ခြင်း စသည့်အကြမ်းဖက်လုပ်ရပ် များကို လုပ်ဆောင်ခဲ့ကြသည်။
အဆိုပါ အကြမ်းဖက်သမား များ ထိန်းချုပ်ထားသည့် ဒေသ များအား လုံခြုံရေးတပ်ဖွဲ့ဝင် များက အကြမ်းဖက်ချေမှုန်းရေး စစ်ဆင်ရေး (Counter – Terro-rism Operation) ကို ဇန်နဝါရီ ၂၉ ရက်မှစ၍ အဆင့်ဆင့်ခြေကုပ် ယူ၍ဆောင်ရွက်ခဲ့ရာ ဆီဆိုင်-လွိုင်ကော်လမ်းကြောင်း (၄၂)မိုင်အား မေ ၂၉ ရက်တွင် ပြန်လည် တိုက်ခိုက် ထိန်းချုပ်နိုင်ခဲ့ပြီး အကြမ်းဖက် သမားများနှင့် ထိတွေ့တိုက်ပွဲများ (၈၇) ကြိမ် ဖြစ်ပွားခဲ့သည်။ ၎င်းမှ လွိုင်ကော် မြို့ လုံခြုံရေးနှင့် လေယာဉ်ကွင်း အား အဓိကနှောင့်ယှက်မှုပြုလုပ် ခဲ့ရာ စက်မှုဇုန်နယ်မြေနှင့် နာနတ် တောရပ်ကွက်တို့အား ဇွန် ၁၄ ရက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ က လိုအပ်သည့်လုံခြုံရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်နိုင်ခဲ့ပြီး ထိုသို့ ဆောင်ရွက်ပြီးချိန်တွင် အကြမ်းဖက်သောင်းကျန်းသူများ ဖျက်ဆီးခဲ့မှုကြောင့် ပျက်စီးခဲ့ရ သည့် မြို့၊ ရွာများအတွင်း အပျက် အစီးများအား ပြန်လည်ထူထောင် ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း နှင့် ဒေသခံပြည်သူများ အန္တရာယ် ကင်းရှင်းစေရန်အတွက် မိုင်းရှင်း လင်းရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်းကို ဇွန် ၁၅ ရက်တွင် သတင်းထုတ်ပြန် ခဲ့ပြီးဖြစ်သည်။
တပ်မတော်စစ်ကြောင်းများ အနေဖြင့် လွိုင်ကော်မြို့အတွင်း လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက် ရန်ကျန်ရှိသည့် နေရာများအား ဇွန် ၁၆ ရက်မှစ၍ ဆက်လက် ဆောင်ရွက်ခဲ့ရာ နာနတ်တော ရပ်ကွက်၊ နောင်ယား (က) ရပ်ကွက်၊ တေးငှားလျား ရပ်ကွက်၊ နောင်ယား(ခ)ရပ်ကွက်၊ တောင်ကွဲ စေတီ၊ စိန့်မာတင်ဘုရားကျောင်း၊ ယဉ်ကျေးမှုပြတိုက်၊ စက်မှုလက်မှု သိပ္ပံကျောင်း၊ ပြည်နယ်အစိုးရ ရိပ်သာ၊ ပြည်နယ်အဆင့် ဝန်ကြီး ဌာနရုံးများနှင့် အရေးကြီး အဆောက်အဦများ၊ လွိုင်ကော် လေဆိပ် အပါအဝင် ဇူလိုင် ၁၁ ရက်တွင် လွိုင်ကော်တက္ကသိုလ်တစ်ခုလုံးကိုလည်း ရှင်းလင်းရေး ဆောင်ရွက်နိုင်ခဲ့ကာ လွိုင်ကော် မြို့အတွင်းရှိ စာသင်ကျောင်းများ အနက် အချို့သောကျောင်းများကို ပြန်လည် ဖွင့်လှစ်ပေးနိုင်ခဲ့ ကြောင်းနှင့် တက္ကသိုလ်များ၊ စာသင်ကျောင်းများ အားလုံး ပြန်လည် ဖွင့်လှစ်နိုင်ရေး ဆက်လက်ကြိုးပမ်းဆောင်ရွက် လျက်ရှိသည်။
နိုင်ငံတော် အစိုးရနှင့် တပ်မတော်အနေဖြင့် ဒေသ တည်ငြိမ် အေးချမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိ စဉ် မြို့ရွာများအား ထိခိုက်ပျက်စီး စေလိုသည့် အကြမ်းဖက်သမား များအနေဖြင့် ဇူလိုင် ၄ ရက်က လည်း လွိုင်ကော်မြို့အတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ လောဓမ္မရပ်ကွက်၊ နမ့်ဘော်ဝမ် (က) ရပ်ကွက်၊ ရွာတန်းရှည်ရပ်ကွက်၊ ကျောက် တောင် ရပ်ကွက်များအတွင်း သို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံ ပြည်သူတစ်ဦး သေဆုံးခဲ့ရကာ ကလေးငယ် ၄ ဦးအပါအဝင် စုစုပေါင်း ဒေသခံပြည်သူ ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ရပြီး ထိခိုက် ဒဏ်ရာရရှိသူများအား နယ်မြေခံ တပ်မတော်ဆေးရုံသို့ ပို့ဆောင်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့ရသည်။
တပ်မတော်စစ်ကြောင်းများ က လွိုင်ကော်မြို့နှင့် အနီး ပတ်ဝန်းကျင်အတွင်း နယ်မြေ လုံခြုံရေး ဆောင်ရွက်ပြီးသည့် အချိန်၌ ဒေသခံပြည်သူများ အပါအဝင် တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများက ပြန်လည်ထူထောင်ရေးလုပ်ငန်း များ ဆောင်ရွက်ခြင်း၊ စုပေါင်း သန့်ရှင်းရေးဆောင်ရွက်ပေးခြင်း တို့ကို အင်တိုက်အားတိုက် ဝိုင်းဝန်း ဆောင်ရွက်ပေးလျက် ရှိရာ ယနေ့နံနက်ပိုင်းတွင် ကယား ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်မင်းလတ်တို့ က တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှု အားပေးကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ယခုအခါ ကယားပြည်နယ် လွိုင်ကော်ဒေသသည် နိုင်ငံတော် အစိုးရနှင့် တပ်မတော်တို့၏ ကြိုးပမ်း ဆောင်ရွက်မှုများ ကြောင့် ပုံမှန်အခြေအနေအတိုင်း ပြန်လည် တည်ငြိမ်အေးချမ်းလာ ပြီဖြစ်သည့်အတွက် ဒေသခံ တိုင်းရင်းသား ပြည်သူများ အဆက်မပြတ် ပြန်လည် ဝင်ရောက် နေထိုင်လျက်ရှိပြီဖြစ် ကြောင်းနှင့် လိုအပ်သည့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို တာဝန်ရှိသူများက ပေါင်းစပ် ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေး လျက်ရှိကြောင်း သတင်းရရှိ သည်။
သတင်းစဉ်