
ဘန်ကောက် နိုဝင်ဘာ ၁၆
ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့အပါအဝင် အရှေ့တောင်အာရှနိုင်ငံများ၏ စီးပွားရေးမှာ ဇူလိုင်လနှင့် စက်တင်ဘာလအကြား ကျဆင်းသွားသည်ဟု သိရသည်။ အဆိုပါကာလအတွင်း ကိုဗစ် - ၁၉ ကူးစက်မှု များမှာလည်း များပြားနေသည်။ အရှေ့တောင်အာရှနိုင်ငံများ၏ အဓိကစီးပွားရေးအချက်အလက်များအရ ဗီယက်နမ်နိုင်ငံ၏ စီးပွားရေးမှာ ယခင်နှစ်များနှင့် နှိုင်းယှဉ်လျှင် ၆ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းသွားသည်ဟု သိရသည်။
ဗီယက်နမ်နိုင်ငံတွင်လည်း ကိုဗစ် - ၁၉ ကူးစက်မှုများကြောင့် အစိုးရက စီးပွားရေးလှုပ်ရှားမှုများ အပေါ် ပိတ်ဆို့ကန့်သတ်မှုများ ပြုလုပ်ခဲ့ရာ စားသုံးသူဦးရေမှာ ထိုးဆင်းသွားသည်ဟု သိရသည်။ မလေးရှားနိုင်ငံနှင့် ထိုင်းနိုင်ငံတို့၏ စီးပွားရေးမှာ ၄ ဒသမ ၅ ရာခိုင်နှုန်းနှင့် ၀ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းသွားသည်ဟု သိရသည်။ အင်ဒိုနီးရှားနိုင်ငံ၏ စီးပွားရေးကြီးထွားမှုနှုန်းမှာလည်း ၃ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းသွားပြီး ယခင်သုံးလပတ်နှင့် နှိုင်းယှဉ်လျှင် သိသိသာသာ လျော့ကျသွားခြင်းပင်ဖြစ်သည်။
အင်န်အိတ်ချ်ကေ