
နေပြည်တော် မေ ၂၇
ကရင်ပြည်နယ် ဘားအံမြို့နယ် တွင် ငွေကျပ် ၅ ဒသမ ၁၆ ဘီလီယံတန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) များ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာ နိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့ သည် မေ ၁၅ ရက် ညနေ ၅ နာရီခွဲတွင် ဘားအံမြို့နယ် ရန်ကုန်-မြဝတီသွားကားလမ်း၊ တရုတ်လှ ကျေးရွာအနီး တွင် သထုံမှ မြဝတီဘက်သို့ ကျော်ဇေယျာ မောင်းနှင်ပြီး ဆန်းဝင်းကျော် လိုက်ပါလာ သည့် Alphard မော်တော်ယာဉ် ကို သတင်းအရရှာဖွေရာ ဒေသကာလတန်ဖိုး ငွေကျပ် ၅ ဒသမ ၁၆ ဘီလီယံတန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) ၂၀၅ ကီလိုနှင့် ကတ်တမင်း ၁ ကီလို သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ မေ ၁၉ ရက် မွန်းတည့် ၁၂ နာရီတွင် မန္တလေးတိုင်းဒေသကြီး မဟာ အောင်မြေမြို့နယ် ၇၈ လမ်းရှိ ဟိုတယ်တွင် မူးယစ်ဆေးဝါး များ တာဝန်ခံသယ်ဆောင်သူ ထွန်းလင်းအောင်ကို ဆက်လက် ဖမ်းဆီးရမိခဲ့ပြီး သိမ်းဆည်းရမိမူးယစ်ဆေးဝါးများကို ရှမ်းပြည် နယ်(တောင်ပိုင်း)မှ ကရင် ပြည်နယ်သို့ သယ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသဖြင့် ၎င်းတို့ အား ဥပဒေအရ အရေးယူထား ရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန် သူများကို ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်